မက်ဆီ အတွက် အသင်းက အဓိက ကစားသမားတွေကို ပေးသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်အောင် အသင်းက အဓိက ကစားသမားတွေကို အလိုက်ပေးကမ်းလှမ်းသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဂါဘရီရယ်ဂျေးဆု ၊ ဘာနာဒိုဆေးလ်ဗား နဲ့ မာရက်ဇ်တို့ (၃) ယောက်ဟာ ဘာစီလိုနာအသင်းနဲ့ ညှိနှိုင်းဆွေးနွေးမှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Sportmail သတင်းဌာနက အဆိုအရ မန်စီးတီးအသင်းဟာ လာမယ့်ရာသီတွေမှာလည်း အဆိုပါ (၃) ယောက်ကို အသင်းမှာ ဆက်ရှိလိုနေပြီး နူးကမ့်မှ မဟုတ်ပဲ ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီအစောပိုင်းတုန်းကလည်း ပေါ်တူဂီလက်ရွေးစင် ဘာနာဒိုဆေးလ်ဗားကို စိတ်ဝင်စားပြီး ဆက်သွယ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ကာတာလန်ဘီလူးအသင်းဟာ မန်စီးတီးကနေ လိုက်ပ်ဇစ်မှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ပေါင် ၂၅ သန်းတန် ဘယ်နောက်ခံလူကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားတဲ့ ဆယ်ကျော်သက်နောက်ခံလူ အဲရစ်ဂါစီယာကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အပြောင်းအရွှေ့တံခါးဟာ နောက် (၅) ပတ်လောက်အထိ ဖွင့်မှာဖြစ်ပြီး အောက်တိုဘလ (၅) ရက်နေ့မှ ပိတ်မှာဖြစ်လို့ မက်ဆီရဲ့ အခြေအနေဟာ အချိန်ပေးပြီး ဖြေရှင်းသွားဖွယ်ရှိနေပါတယ်။

မက္ဆီ အတြက္ အသင္းက အဓိက ကစားသမားေတြကို ေပးသြားမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ မန္စီးတီး

မန္စီးတီးအသင္းဟာ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေလွ်ာ့ခ်ႏိုင္ေအာင္ အသင္းက အဓိက ကစားသမားေတြကို အလုိက္ေပးကမ္းလွမ္းသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဂါဘရီရယ္ေဂ်းဆု ၊ ဘာနာဒိုေဆးလ္ဗား နဲ႔ မာရက္ဇ္တို႔ (၃) ေယာက္ဟာ ဘာစီလိုနာအသင္းနဲ႔ ညိွႏိႈင္းေဆြးေႏြးမႈမွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါ၀င္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

Sportmail သတင္းဌာနက အဆိုအရ မန္စီးတီးအသင္းဟာ လာမယ့္ရာသီေတြမွာလည္း အဆိုပါ (၃) ေယာက္ကို အသင္းမွာ ဆက္ရွိလိုေနျပီး ႏူးကမ့္မွ မဟုတ္ပဲ ဘယ္အသင္းကိုမွ ေျပာင္းေရႊ႕ခြင့္ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ဘာစီလုိနာအသင္းဟာ ဒီေႏြရာသီအေစာပိုင္းတုန္းကလည္း ေပၚတူဂီလက္ေရြးစင္ ဘာနာဒိုေဆးလ္ဗားကို စိတ္၀င္စားျပီး ဆက္သြယ္မႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။ ကာတာလန္ဘီလူးအသင္းဟာ မန္စီးတီးကေန လိုက္ပ္ဇစ္မွာ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ေပါင္ ၂၅ သန္းတန္ ဘယ္ေနာက္ခံလူကိုလည္း ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ျငင္းဆန္ထားတဲ့ ဆယ္ေက်ာ္သက္ေနာက္ခံလူ အဲရစ္ဂါစီယာကိုလည္း ေခၚယူရန္ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ အေျပာင္းအေရႊ႕တံခါးဟာ ေနာက္ (၅) ပတ္ေလာက္အထိ ဖြင့္မွာျဖစ္ျပီး ေအာက္တိုဘလ (၅) ရက္ေန႔မွ ပိတ္မွာျဖစ္လို႔ မက္ဆီရဲ႕ အေျခအေနဟာ အခ်ိန္ေပးျပီး ေျဖရွင္းသြားဖြယ္ရွိေနပါတယ္။