ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချဖွယ်ရှိနေတဲ့ လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို လိုချင်နေတဲ့ သတင်းများအရ သိခဲ့ရပါတယ်။ ရော်နယ်ကိုးမန်းဟာ လက်ရွေးစင်အသင်းမှာ အတူတူ လက်တွဲခဲ့ဖူးတဲ့ အသက် ၂၉ နှစ်အရွယ်ကစားသမားကို ခေါ်ယူလိုနေပေမယ့် စပိန်လာလီဂါ ကလပ်အသင်းဘက်ကတော့ တရားဝင်ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။

သတင်းများအရ ရော်နယ်ကိုးမန်းဟာ ဝိုင်နယ်လ်ဒမ်းကို သူတည်ဆောက်မယ့် ဘာစီလိုနာအသင်း မှာ ပါဝင်စေချင်နေတာဖြစ်ပေမယ့် လီဗာပူးလ်ကစားသမားကတော့ ထွက်ခွာလိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်လာပေမယ့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးခြင်းမရှိသေးဘူး ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဘက်ကတော့ ဟော်လန်ကွင်းလယ်လူကို ဒီနွေရာသီမှာ ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးများများသုံးရန် လိုအပ်နေပါတယ်။ကွင်းလယ်ကစားသမားရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ရော်နယ်ကိုးမန်းက ယုံကြည်မှုရှိထားပြီး သူဟာ ဟော်လန်လက်ရွေးစင်အသင်းအတွက် (၉) ပွဲကစားပြီး (၈) ဂိုးသွင်းထားသူဖြစ်ပါတယ်။ ဝိုင် နယ်လ်ဒမ်းဟာ ၂၀၁၆ ခုနှစ်က နယူးကာဆယ်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာပြီး အသင်းအတွက် (၁၈၆) ပွဲကစားကာ (၁၉) ဂိုးသွင်းပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဘက်ကလည်း ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ဆက်သွယ်မှုတွေ လုပ်နေပေမယ့် သဘောတူညီမှု မရသေးဘူးဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ စနေနေ့မှာ အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဒိုင်းဖလားပွဲ ကစားရမှာဖြစ်ပြီး ဝိုင်နယ်လ်ဒမ်း ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းရဲ႕ ကမ္းလွမ္းခ်က္ကို ပယ္ခ်ဖြယ္ရွိေနတဲ့ လီဗာပူးလ္ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္း

ဘာစီလုိနာနည္းျပ ေရာ္နယ္ကိုးမန္းဟာ လီဗာပူးလ္ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္းကို လိုခ်င္ေနတဲ့ သတင္းမ်ားအရ သိခဲ့ရပါတယ္။ ေရာ္နယ္ကိုးမန္းဟာ လက္ေရြးစင္အသင္းမွာ အတူတူ လက္တြဲခဲ့ဖူးတဲ့ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားကို ေခၚယူလိုေနေပမယ့္ စပိန္လာလီဂါ ကလပ္အသင္းဘက္ကေတာ့ တရား၀င္ကမ္းလွမ္းတာမ်ိဳး မရွိေသးပါဘူး။

သတင္းမ်ားအရ ေရာ္နယ္ကိုးမန္းဟာ ၀ုိင္နယ္လ္ဒမ္းကို သူတည္ေဆာက္မယ့္ ဘာစီလိုနာအသင္း မွာ ပါ၀င္ေစခ်င္ေနတာျဖစ္ေပမယ့္ လီဗာပူးလ္ကစားသမားကေတာ့ ထြက္ခြာလိုျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ ကြင္းလယ္ကစားသမားဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ၀င္ေရာက္လာေပမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေဆြးေႏြးျခင္းမရွိေသးဘူး ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဘက္ကေတာ့ ေဟာ္လန္ကြင္းလယ္လူကို ဒီေႏြရာသီမွာ ေခၚယူလိုပါက ေျပာင္းေရႊ႕ေၾကးမ်ားမ်ားသံုးရန္ လိုအပ္ေနပါတယ္။ကြင္းလယ္ကစားသမားရဲ႕ အရည္အေသြးနဲ႔ ပတ္သက္ျပီး ေရာ္နယ္ကိုးမန္းက ယံုၾကည္မႈရွိထားျပီး သူဟာ ေဟာ္လန္လက္ေရြးစင္အသင္းအတြက္ (၉) ပြဲကစားျပီး (၈) ဂိုးသြင္းထားသူျဖစ္ပါတယ္။ ၀ိုင္ နယ္လ္ဒမ္းဟာ ၂၀၁၆ ခုႏွစ္က နယူးကာဆယ္အသင္းကေန လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕လာျပီး အသင္းအတြက္ (၁၈၆) ပြဲကစားကာ (၁၉) ဂိုးသြင္းေပးခဲ့ပါတယ္။

လီဗာပူးလ္အသင္းဘက္ကလည္း ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂိုကို ဆက္သြယ္မႈေတြ လုပ္ေနေပမယ့္ သေဘာတူညီမႈ မရေသးဘူးျဖစ္ပါတယ္။လီဗာပူးလ္အသင္းဟာ စေနေန႔မွာ အာဆင္နယ္အသင္းနဲ႔ ကြန္ျမဴနတီဒိုင္းဖလားပြဲ ကစားရမွာျဖစ္ျပီး ၀ိုင္နယ္လ္ဒမ္း ပါ၀င္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။