ဟယ်ရီကိန်းအတွက် အရန်အဖြစ် အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူဖွယ်ရှိနေတဲ့ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းမှာ အတူတူ လက်တွဲခဲ့တဲ့ တပည့်ဟောင်း ဒီယေဂိုကော်စတာကို ပြန်လည်ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမတိုင်မီ အသင်းရဲ့ လူစာရင်းကို အင်အားတောင့်တင်းရန် ပြုလုပ်နေပြီး ကွင်းလယ်လူ ဟော့ဂျ်ဘတ် နဲ့ ဂိုးသမား ဂျိုးဟတ်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဝုလ်ဗ်နောက်ခံလူ ဒိုဟာတီကိုလည်း ခေါ်ယူရန် နီးစပ်နေပြီး ယခုအခါ အက်သလက်တီကိုမက်ဒရစ်အသင်းက တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်မလားလို့ ကမ်းလှမ်းခဲ့တယ်လို့ ဒေးလီးစတားက အဆိုအရ သိရပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်ဟာ ဟယ်ရီကိန်းတစ်ယောက်တည်းအပေါ်ကို အားထားနေရတာ ဖြစ်ပြီး အရန်အင်အားဖြည့်တင်းရန် လိုအပ်နေတာဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ ဒီယေဂိုကော်စတာတို့ဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာလည်း အတူတူ လက်တွဲခဲ့ဖူးပြီး ၂၀၁၅ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ကြပါတယ်။စပိန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ပွဲ (၃၀) ကစားခဲ့ရာ (၅) ဂိုးပဲ သွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ စပါးအသင်းက ဒီယေဂိုကော်စတာဟာ အသက် ၃၁ နှစ်အရွယ်ရှိလာပြီဖြစ်လို့ စိုးရိမ်နေပါတယ်။

သူ့ရဲ့ စာချုပ်သက်တမ်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်ရှိနေတော့လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့်အစား ရနိုင်မယ့် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးဖွယ်ရှိနေတာဖြစ်ပါတယ်။စပါးအသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံးပွဲအဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိမ်ကွင်း၌ အဲဗာတန်အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ဟယ္ရီကိန္းအတြက္ အရန္အျဖစ္ အက္သလက္တီကိုမက္ဒရစ္တုိက္စစ္မွဴး ဒီေယဂိုေကာ္စတာကို ေခၚယူဖြယ္ရွိေနတဲ့ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးအသင္းမွာ အတူတူ လက္တြဲခဲ့တဲ့ တပည့္ေဟာင္း ဒီေယဂိုေကာ္စတာကို ျပန္လည္ေခၚယူရန္ ရည္ရြယ္ထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ေပၚတူဂီလူမ်ိဳးနည္းျပဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမတုိင္မီ အသင္းရဲ႕ လူစာရင္းကို အင္အားေတာင့္တင္းရန္ ျပဳလုပ္ေနျပီး ကြင္းလယ္လူ ေဟာ့ဂ်္ဘတ္ နဲ႔ ဂိုးသမား ဂ်ိဳးဟတ္တို႔ကို ေခၚယူထားျပီး ျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ၀ုလ္ဗ္ေနာက္ခံလူ ဒိုဟာတီကိုလည္း ေခၚယူရန္ နီးစပ္ေနျပီး ယခုအခါ အက္သလက္တီကိုမက္ဒရစ္အသင္းက တုိက္စစ္မွဴး ဒီေယဂိုေကာ္စတာကို ေခၚမလားလို႔ ကမ္းလွမ္းခဲ့တယ္လို႔ ေဒးလီးစတားက အဆုိအရ သိရပါတယ္။ စပါးအသင္းရဲ႕ တုိက္စစ္ဟာ ဟယ္ရီကိန္းတစ္ေယာက္တည္းအေပၚကို အားထားေနရတာ ျဖစ္ျပီး အရန္အင္အားျဖည့္တင္းရန္ လိုအပ္ေနတာျဖစ္ပါတယ္။

ေမာ္ရင္ဟိုန႔ဲ ဒီေယဂိုေကာ္စတာတို႔ဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာလည္း အတူတူ လက္တြဲခဲ့ဖူးျပီး ၂၀၁၅ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးခဲ့ၾကပါတယ္။စပိန္လက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ရုန္းကန္ခဲ့ရျပီး ပြဲ (၃၀) ကစားခဲ့ရာ (၅) ဂိုးပဲ သြင္းႏိုင္ခဲ့သူ ျဖစ္ပါတယ္။ စပါးအသင္းက ဒီေယဂိုေကာ္စတာဟာ အသက္ ၃၁ ႏွစ္အရြယ္ရွိလာျပီျဖစ္လို႔ စိုးရိမ္ေနပါတယ္။

သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းမွာ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ရွိေနေတာ့လို႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဆံုးရႈံးရမယ့္အစား ရႏိုင္မယ့္ ေျပာင္းေရႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ေပးဖြယ္ရွိေနတာျဖစ္ပါတယ္။စပါးအသင္းဟာ ပရီးမီးယားလိဂ္ပထမဆံုးပြဲအျဖစ္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ အိမ္ကြင္း၌ အဲဗာတန္အသင္းကို ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။