ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို အပြီးခေါ်ယူလိုက်ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ဘရာဇီးကစားသမား သီယာဂိုဆေးလ်ဗားကို အလွတ်ပြောင်းရွှေ့ကြေး တစ်နှစ်စာချုပ် နဲ့ ခေါ်ယူပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့မှာ ဆက်တိုက် ကစားသမားအသစ်တွေ အင်အားဖြည့်တင်းမှု လုပ်နေတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ကစားသမားကို လမ်းပတ်ရဲ့ အသင်းမှာ နောက်ထပ် (၁) နှစ်စာချုပ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားပါတယ်။ သီယာဂိုဆေးလ်ဗားဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ဒီနွေရာသီ (၅) ယောက်မြောက် ကစားသမား ခေါ်ယူမှု ဖြစ်ပါတယ်။

အသင်းဟာ တီမိုဝါနာကို ပေါင် (၅၃) သန်း ၊ ဇီယက် ကို ပေါင် (၃၈) သန်း ၊ ဘင်ချီဝဲလ်ကို ပေါင်သန်း (၅၀) နဲ့ မာလန်းဆား ကို အလွတ်ဖြင့် ခေါ်ယူထားပြီးဖြစ်ပြီး ယခုဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ခေါ်ယူလိုက်ပါတယ်။ သီယာဂိုဆေးလ်ဗားဟာ ကြာသပတေးနေ့က မီလန်မှာ ဆေးစစ်မှု ခံယူပြီး မနှစ်က အမှားများခဲ့တဲ့ လမ်းပတ်ရဲ့ လူငယ်နောက်တန်းကို အကူအညီပေးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားက “ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းနိုင်လို့ ကျွန်တော် အရမ်းပျော်မိပါတယ်။ နောက်ရာသီ လမ်းပတ်ရဲ့ လူစာရင်းမှာ ပါဝင်နိုင်မှာနဲ့ ပတ်သက်ပြီး အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော်ဒီကို စိန်ခေါ်မှုတွေအတွက် ရောက်လာတာပါ။ မကြာခင်မှာ ချဲလ်ဆီးပရိသတ်တွေနဲ့ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်” လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

လမ်းပတ်ဟာ အတွေ့အကြုံရင့် သီယာဂိုဆေးလ်ဗားကို အသင်းခေါင်းဆောင် တာဝန် ပေးအပ်ချင်နေတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းက ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပါတယ်။ ချဲလ်ဆီး နဲ့ လေဗာကူဆင်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုဟာ ကြာနေပြီဖြစ်ပြီး ပေါင်သန်း ၉၀ နဲ့ သဘောတူညီမှု ရထားပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းဘက်ကို ကနဦး ပေါင် ၇၁.၈ သန်း ပေးရမှာဖြစ်ပြီး ကျန်တာကိုတော့ စွမ်းဆောင်ရည်ပေါ်ကြည့်ပြီး ထပ်မံပေးသွားရမှာဖြစ်ပါတယ်။

၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကို အျပီးေခၚယူလိုက္ျပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ဘရာဇီးကစားသမား သီယာဂိုေဆးလ္ဗားကို အလြတ္ေျပာင္းေရႊ႕ေၾကး တစ္ႏွစ္စာခ်ဳပ္ နဲ႔ ေခၚယူျပီးေနာက္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဆက္တိုက္ ကစားသမားအသစ္ေတြ အင္အားျဖည့္တင္းမႈ လုပ္ေနတာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ကစားသမားကို လမ္းပတ္ရဲ႕ အသင္းမွာ ေနာက္ထပ္ (၁) ႏွစ္စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကိုပါ ထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ သီယာဂိုေဆးလ္ဗားဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ျပီးေနာက္ ခ်ဲလ္ဆီးအသင္းရဲ႕ ဒီေႏြရာသီ (၅) ေယာက္ေျမာက္ ကစားသမား ေခၚယူမႈ ျဖစ္ပါတယ္။

အသင္းဟာ တီမို၀ါနာကို ေပါင္ (၅၃) သန္း ၊ ဇီယက္ ကို ေပါင္ (၃၈) သန္း ၊ ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း (၅၀) နဲ႔ မာလန္းဆား ကို အလြတ္ျဖင့္ ေခၚယူထားျပီးျဖစ္ျပီး ယခု၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကို ေခၚယူလိုက္ပါတယ္။ သီယာဂိုေဆးလ္ဗားဟာ ၾကာသပေတးေန႔က မီလန္မွာ ေဆးစစ္မႈ ခံယူျပီး မႏွစ္က အမွားမ်ားခဲ့တ့ဲ လမ္းပတ္ရဲ႕ လူငယ္ေနာက္တန္းကို အကူအညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားက “ခ်ဲလ္ဆီးအသင္းနဲ႔ ပူးေပါင္းႏိုင္လို႔ ကၽြန္ေတာ္ အရမ္းေပ်ာ္မိပါတယ္။ ေနာက္ရာသီ လမ္းပတ္ရဲ႕ လူစာရင္းမွာ ပါ၀င္ႏိုင္မွာနဲ႔ ပတ္သက္ျပီး အရမ္း၀မ္းသာမိပါတယ္။ ကၽြန္ေတာ္ဒီကို စိန္ေခၚမႈေတြအတြက္ ေရာက္လာတာပါ။ မၾကာခင္မွာ ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ အသင္းရဲ႕ တရား၀င္ ၀က္ဘ္ဆုိဒ္ကို ေျပာသြားခဲ့ပါတယ္။

လမ္းပတ္ဟာ အေတြ႕အၾကံဳရင့္ သီယာဂိုေဆးလ္ဗားကို အသင္းေခါင္းေဆာင္ တာ၀န္ ေပးအပ္ခ်င္ေနတယ္လို႔လည္း သတင္းထြက္ေပၚခဲ့ပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းဟာ ေလဗာကူဆင္အသင္းက ကိုင္ဟာဗက္ဇ္ကို ေခၚယူရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ ခ်ဲလ္ဆီး နဲ႔ ေလဗာကူဆင္အသင္းၾကား ေဆြးေႏြးညိွႏိႈင္းမႈဟာ ၾကာေနျပီျဖစ္ျပီး ေပါင္သန္း ၉၀ နဲ႔ သေဘာတူညီမႈ ရထားျပီလို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေလဗာကူဆင္အသင္းဘက္ကို ကနဦး ေပါင္ ၇၁.၈ သန္း ေပးရမွာျဖစ္ျပီး က်န္တာကိုေတာ့ စြမ္းေဆာင္ရည္ေပၚၾကည့္ျပီး ထပ္မံေပးသြားရမွာျဖစ္ပါတယ္။