ကန်တေ နဲ့ မာတီနက်ဇ်ကို အလဲအထပ် လုပ်ချင်နေတဲ့ အင်တာမီလန်အသင်း
အင်တာမီလန်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တေ ကို ခေါ်ယူရန် အသင်းရဲ့ တိုက်စစ်မှူး လော်တရိုမာတီနက်ဇ်ကို ကို အသုံးပြုချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ချဲလ်ဆီးနည်းပြဟောင်း ကွန်တီဟာ တပည့်ဟောင်း ကန်တေ နဲ့ ပြန်လည်လက်တွဲလိုနေတာဖြစ်ပြီး ဒီနွေရာသီမှာ သူ့ရဲ့ နံပါတ် (၁) ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ နောက်ရာသီမှာ ဂျူဗင်တပ်စ်အသင်းကြီးပဲ ဗိုလ်စွဲနေတဲ့ စီးရီးအေ အမှတ်ပေးဖလားကို ရယူရန် ရည်ရွယ်ထားပါတယ်။
ချဲလ်ဆီးအသင်းဘက်ကတော့ ပြင်သစ်လက်ရွေးစင်ကစားသမားကို ရောင်းချလိုစိတ်မရှိပေမယ့် နွေရာသီမှာ ကစားသမားခေါ်ယူမှုတွေ များထားလို့ အသင်းက ကစားသမားအချို့ကို ရောင်းချရန် စဉ်းစားရှိနေတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဘက်ကတော့ ချဲလ်ဆီးအသင်းက တောင်းဆိုတဲ့ ဈေးနှုန်းကို မပေးနိုင်ပေမယ့် ကစားသမားအလိုက်ပေးပြီး ပြောင်းရွှေ့ကြေးကို လျှော့ချမယ်လို့ သိရပါတယ်။
လော်တရိုမာတီနက်ဇ်ကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် အင်တာမီလန်အသင်းဆီကို ကြိမ်ဖန်များစွာ ဆက်သွယ်ထားနေလို့ အင်တာမီလန်အသင်းဟာ စခရီနီယာ နဲ့ ဘရိုဇိုဗစ်တို့ကို နောက်ထပ် ရွေးချယ်စရာအဖြစ် အလိုက်ပေးရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကန်တေ ကို ချဲလ်ဆီးအသင်းထံ ကွန်တီ နည်းပြတုန်းက ၂၀၁၆ ခုနှစ်မှာ စတန်းဖိုဒ့်ဘရစ်ချ်ထံ ခေါ်ယူခဲ့တာဖြစ်ပါတယ်။