လီဗာပူးနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် အာဆင်နယ်မှာ ကွာရန်တင်းဝင်ရမယ့်ကစားသမား ၄ယောက် ပါဝင်မှာ မဟုတ်ဟု သိရ

လာမယ့်စနေနေ့မှာ ကစားရမယ့်ကွန်မြူနတီဒိုင်းပွဲစဉ် ဖြစ်တဲ့ လီဗာပူးနဲ့ကစားရမယ့်ပွဲမှာ အာဆင်နယ်တွင် ကွာရန်တင်းဝင် ရမယ့် ကစားသမား ၄ယောက်အထိ ရှိနေတာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီကစားသမား ၄ ယောက်ဟာ အသင်းနဲ့ပူးပေါင်းရမယ့် သတ်မှတ်ရက်ထက် နောက်ကျနေခဲ့တာကြောင့် သီးခြား ၁၄ ရက်စီ နေထိုင်ရမှာဖြစ် တာကြောင့် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အာဆင်နယ်ဘက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။


ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ်အတွက် မပါဝင်နိုင်တဲ့သူ ၄ ဦးက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လက်စွမ်းပြသွားတဲ့ မာတီနက်ဇ်၊ အသစ်ခေါ်ယူထားတဲ့ ဂါဘရီရယ်နဲ့ အမည်မဖော်ပြထားတဲ့ ကစားသမားနှစ်ယောက်တို့ ဖြစ်တယ်လို့ သိရပါ တယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဂိုးသမား မာတီနက်ဇ်အနေနဲ့ သြဂုတ်လ ၁ ရက်နေ့မှ ပေါ်တူဂီက အနား ယူပြီး ပြန်လာတာကြောင့် သီးခြားနေထိုင်ရမှာဖြစ်ပါတယ်။


မာတီနက်ဇ်အနေနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်ဖို့ သေချာနေတာကြောင့် အာဆင်နယ်ရဲ့အဓိကဂိုးသမားဖြစ်တဲ့ လီနိုက လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ခွင့်ရဖို့ သေချာနေတယ်လို့ သတင်းတွေကဖော်ပြကြပါတယ်။ မာတီနက်ဇ်အနေနဲ့ ပြီးခဲ့ရာသီက လီနို ဒဏ်ရာရသွားပြီးနောက်မှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ဒီရာသီမှာ လီနိုနဲ့ ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူထားတဲ့ နောက်ခံလူ ဂါဘရီရယ်အနေနဲ့ လည်း အပြီးသတ်ပြောင်းရွှေ့မှု မဖြစ်သေးတာကြောင့် လန်ဒန်မြို့ကို ရောက်ရှိနေပေမယ့် သီးခြား ၁၄ ရက်နေထိုင်ရဦးမယ် လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ် ကွန်မြုနတီဒိုင်းပွဲစဉ်ကိုတော့ လာမယ့်စနေနေ့ ၊ မြန်မာစံတော်ချိန် ည ၁၀ နာရီမှာ ဝင်ဘလေ ကွင်းတွင် တံခါးပိတ်ကျင်းပမှာ ဖြစ်ပါတယ်။

zawgyi version

လီဗာပူးနဲ႔ ကစားမယ့္ ကြန္ျမဴနတီဒိုင္းပြဲစဥ္တြင္ အာဆင္နယ္မွာ ကြာရန္တင္းဝင္ရမယ့္ကစားသမား ၄ေယာက္ ပါဝင္မွာ မဟုတ္ဟု သိရ
လာမယ့္စေနေန႔မွာ ကစားရမယ့္ကြန္ျမဴနတီဒိုင္းပြဲစဥ္ ျဖစ္တဲ့ လီဗာပူးနဲ႔ကစားရမယ့္ပြဲမွာ အာဆင္နယ္တြင္ ကြာရန္တင္းဝင္ ရမယ့္ ကစားသမား ၄ေယာက္အထိ ရွိေနတာေၾကာင့္ ပါဝင္ကစားႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒီကစားသမား ၄ ေယာက္ဟာ အသင္းနဲ႔ပူးေပါင္းရမယ့္ သတ္မွတ္ရက္ထက္ ေနာက္က်ေနခဲ့တာေၾကာင့္ သီးျခား ၁၄ ရက္စီ ေနထိုင္ရမွာျဖစ္ တာေၾကာင့္ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ အာဆင္နယ္ဘက္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။
ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ အာဆင္နယ္အတြက္ မပါဝင္ႏိုင္တဲ့သူ ၄ ဦးက အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ လက္စြမ္းျပသြားတဲ့ မာတီနက္ဇ္၊ အသစ္ေခၚယူထားတဲ့ ဂါဘရီရယ္နဲ႔ အမည္မေဖာ္ျပထားတဲ့ ကစားသမားႏွစ္ေယာက္တို႔ ျဖစ္တယ္လို႔ သိရပါ တယ္။ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဂိုးသမား မာတီနက္ဇ္အေနနဲ႔ ၾသဂုတ္လ ၁ ရက္ေန႔မွ ေပၚတူဂီက အနား ယူၿပီး ျပန္လာတာေၾကာင့္ သီးျခားေနထိုင္ရမွာျဖစ္ပါတယ္။
မာတီနက္ဇ္အေနနဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ ပါဝင္ဖို႔ ေသခ်ာေနတာေၾကာင့္ အာဆင္နယ္ရဲ႕အဓိကဂိုးသမားျဖစ္တဲ့ လီႏိုက လီဗာပူးနဲ႔ပြဲမွာ ပြဲထြက္ခြင့္ရဖို႔ ေသခ်ာေနတယ္လို႔ သတင္းေတြကေဖာ္ျပၾကပါတယ္။ မာတီနက္ဇ္အေနနဲ႔ ၿပီးခဲ့ရာသီက လီႏို ဒဏ္ရာရသြားၿပီးေနာက္မွာ လက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဒီရာသီမွာ လီႏိုနဲ႔ ပြဲထြက္ခြင့္ေနရာအတြက္ ၿပိဳင္ဆိုင္သြားမယ္လို႔ ေျပာခဲ့ဖူးပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ လိုင္လီကေန ေပါင္ ၂၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူထားတဲ့ ေနာက္ခံလူ ဂါဘရီရယ္အေနနဲ႔ လည္း အၿပီးသတ္ေျပာင္းေရႊ႕မႈ မျဖစ္ေသးတာေၾကာင့္ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိေနေပမယ့္ သီးျခား ၁၄ ရက္ေနထိုင္ရဦးမယ္ လို႔ သိရပါတယ္။ ၂၀၂၀ ခုႏွစ္ ကြန္ျမဳနတီဒိုင္းပြဲစဥ္ကိုေတာ့ လာမယ့္စေနေန႔ ၊ ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီမွာ ဝင္ဘေလ ကြင္းတြင္ တံခါးပိတ္က်င္းပမွာ ျဖစ္ပါတယ္။