အသင်းဟောင်းနည်းပြ ဂွါဒီယိုလာကို ကျေးဇူးတင်ကြောင်း ပြောခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဆာနေး

မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ဆာနေးက အသင်းဟောင်းနည်းပြဖြစ်တဲ့ ဂွါဒီယိုလာအနေနဲ့ သူကို ကစားသမားဘဝ နောက်ထပ်အဆင့်တစ်ခုထိရောက်အောင်လုပ်ဆောင်ပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်းပြော ခဲ့ပါတယ်။ဆာနေးဟာ မန်စီးတီးမှာ လေးနှစ်တာကစားခဲ့ပြီးနောက်မှာတော့ ဘိုင်ယန်မြူးနစ်ကို ယူရို ၄၉ သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီး အောင်မြင်မှုအလိုက်ထပ်ပေးရဖို့ရှိနေတာကြောင့် သူရဲ့ပြောင်းရွှေ့ကြေးက ယူရိုသန်း ၆၀ အထိရှိခဲ့တာဖြစ်ပါ တယ်။


ဂွါဒီယိုလာရဲ့ နည်းစနစ်တွေကြောင့် ဆာနေးအနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ခေါ်ယူခြင်းခံခဲ့ရတယ်လို့ သတင်းတွေကဖော်ပြကြပါတယ်။ ဂျာမန်ကလပ်တွေဖြစ်တဲ့ ရှော်ကေးနဲ့လေဗာကူဆင်တို့မှာ ကစားခဲ့ဖူးတဲ့ ဆာနေးဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ခဲ့ပြီးမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဆာနေးက “ ဂွါဒီယိုလာအနေနဲ့ ကျွန်တော်ကို ခြေစွမ်းပြနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ သူရဲ့ နည်းစနစ်တွေအရ ကျွန်တော်အနေနဲ့ လွတ်လွတ်လပ်လပ်ကစားနိုင်ပြီး အသင်းရဲ့ခံစစ်ကိုရော တိုက်စစ်ကိုပါ အကောင်း ဆုံး အထောက်အပံဖြစ်စေပါတယ်။ ဂွါဒီယိုလာက ကျွန်တော်ကို နည်းစနစ်က အရာရာထက်ပိုပြီး အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်”ဆိုပြီး Kicker ကတဆင့် ရှင်းပြခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်မှာ ဆာနေးအနေနဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ကစားမှာဖြစ်တယ်လို့ သိရပြီး ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်လီဂါအဖွင့်ပွဲစဉ်မှာ ရှော်ကေးနဲ့ကစားရမှာဖြစ်တာကြောင့် ဆာနေးအနေနဲ့ အသင်းဟောင်းကိုပြန်လည် ရင်ဆိုင်ရ မှာပဲ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါပွဲစဉ်တွေကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အ နေနဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ဆီဗီလာနဲ့ ဥရောပစူပါဖလားကစားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

zawgyi version

အသင္းေဟာင္းနည္းျပ ဂြါဒီယိုလာကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ဆာေနး
မန္စီးတီးကေန ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕သြားတဲ့ ဆာေနးက အသင္းေဟာင္းနည္းျပျဖစ္တဲ့ ဂြါဒီယိုလာအေနနဲ႔ သူကို ကစားသမားဘဝ ေနာက္ထပ္အဆင့္တစ္ခုထိေရာက္ေအာင္လုပ္ေဆာင္ေပးခဲ့တာေၾကာင့္ ေက်းဇူးတင္ေၾကာင္းေျပာ ခဲ့ပါတယ္။ဆာေနးဟာ မန္စီးတီးမွာ ေလးႏွစ္တာကစားခဲ့ၿပီးေနာက္မွာေတာ့ ဘိုင္ယန္ျမဴးနစ္ကို ယူ႐ို ၄၉ သန္းနဲ႔ ေျပာင္းေရႊ႕ သြားခဲ့ၿပီး ေအာင္ျမင္မႈအလိုက္ထပ္ေပးရဖို႔ရွိေနတာေၾကာင့္ သူရဲ႕ေျပာင္းေရႊ႕ေၾကးက ယူ႐ိုသန္း ၆၀ အထိရွိခဲ့တာျဖစ္ပါ တယ္။
ဂြါဒီယိုလာရဲ႕ နည္းစနစ္ေတြေၾကာင့္ ဆာေနးအေနနဲ႔ ကမ႓ာ့အဆင့္ကစားသမားတစ္ေယာက္ျဖစ္လာခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ ေခၚယူျခင္းခံခဲ့ရတယ္လို႔ သတင္းေတြကေဖာ္ျပၾကပါတယ္။ ဂ်ာမန္ကလပ္ေတြျဖစ္တဲ့ ေရွာ္ေကးနဲ႔ေလဗာကူဆင္တို႔မွာ ကစားခဲ့ဖူးတဲ့ ဆာေနးဟာ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရယူႏိုင္ခဲ့ၿပီးမွာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမႈရခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဆာေနးက “ ဂြါဒီယိုလာအေနနဲ႔ ကြ်န္ေတာ္ကို ေျခစြမ္းျပႏိုင္ေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ သူရဲ႕ နည္းစနစ္ေတြအရ ကြ်န္ေတာ္အေနနဲ႔ လြတ္လြတ္လပ္လပ္ကစားႏိုင္ၿပီး အသင္းရဲ႕ခံစစ္ကိုေရာ တိုက္စစ္ကိုပါ အေကာင္း ဆံုး အေထာက္အပံျဖစ္ေစပါတယ္။ ဂြါဒီယိုလာက ကြ်န္ေတာ္ကို နည္းစနစ္က အရာရာထက္ပိုၿပီး အေရးႀကီးတယ္လို႔ ေျပာခဲ့ပါတယ္”ဆိုၿပီး Kicker ကတဆင့္ ရွင္းျပခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္မွာ ဆာေနးအေနနဲ႔ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ဝတ္ဆင္ကစားမွာျဖစ္တယ္လို႔ သိရၿပီး ဘိုင္ယန္ျမဴးနစ္ဟာ ဘြန္ဒက္လီဂါအဖြင့္ပြဲစဥ္မွာ ေရွာ္ေကးနဲ႔ကစားရမွာျဖစ္တာေၾကာင့္ ဆာေနးအေနနဲ႔ အသင္းေဟာင္းကိုျပန္လည္ ရင္ဆိုင္ရ မွာပဲ ျဖစ္ပါတယ္။ ဘြန္ဒက္လီဂါပြဲစဥ္ေတြကို စက္တင္ဘာလ ၁၈ ရက္ေန႔မွာ ျပန္လည္စတင္မွာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အ ေနနဲ႔ စက္တင္ဘာလ ၂၄ ရက္ေန႔မွာေတာ့ ဆီဗီလာနဲ႔ ဥေရာပစူပါဖလားကစားဖို႔ ရွိေနတာလည္း ျဖစ္ပါတယ္။