အသင်းကြီးတွေနဲ့ အသင်းငယ်တွေ တိုက်နေတဲ့ ပရီးမီးယားလိဂ် စစ်အေးတိုက်ပွဲ

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (IFAB) က လာမယ့်ဘောလုံးရာသီမှာ ကလပ်အသင်းတွေအနေနဲ့ ကစားသမား ၅ ယောက်အထိလူစားလဲမှုကို ဆက်လက်ခွင့်ပြုဖို့ရှိတယ်လို့ ပြောထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အသင်းကြီး တွေနဲ့ အသင်းငယ်တွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။လာမယ့်ရာသီအတွက် ပရီးမီးယား လိဂ်အသင်းတွေဖြစ်တဲ့ အသင်း ၂၀ ကို စစ်တမ်းကောက်ယူရာမှာတော့ ၁၃-၇ နဲ့ လူစားလဲမှု ၅ယောက်ခွင့်ပြုတာကို ကန့် ကွက်တဲ့အသင်းက ပိုများနေခဲ့တယ်လို့ သိရပါတယ်။


လူစားလဲမှု ၅ ယောက်ခွင့်ပြုတာဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းကြီးတွေကို နိုင်ပွဲရဖို့ ပိုပြီးအခွင့်အ ရေးပေးနေသလို ဖြစ်နေတာကြောင့် မျှတမှုမရှိဘူးဆိုပြီး အများစုက ယုံကြည်နေကြတာဖြစ်ပါတယ်။ ကစားသမား ၅ ယောက် လူစားလဲမှုကို ကိုဗစ်အလွန်ပြန်ကစားတဲ့ပွဲစဉ်တွေမှာမှ စတင်အသုံးပြုခဲ့တာဖြစ်ပေမယ့် ပရီးမီးယားလိဂ် ကလပ် အသင်းတွေအများစုက ကြိုက်နှစ်သက်ခြင်းမရှိဘူးလို့ သိရပါတယ်။


ပရီးမီးယားလိဂ် ပွဲစဉ်တွေမစတင်ခင်မှာ အခြားသဘောတူညီမှုအချက်အလက်တွေကိုလည်း ဗီဒီယိုကနေ ညှိနှိုင်းဆွေးနွေး ခဲ့ကြပေမယ့် အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေနဲ့ အသင်းငယ်တွေကြား သဘောတူညီမှု မရခဲ့ဘူးလို့လည်း သိရပါ တယ်။ ၅ ယောက်လူစားလဲမှု အပြင် VAR ကို ပြန်လည်စစ်ဆေးကြည့်ရှုခြင်း၊ ဒိုင်လူကြီးတွေအနေနဲ့ ပင်နယ်တီပြစ်ဒဏ်ကို ဂိုးသမားကာကွယ်နိုင်ပြီးမှ ဒုတိယအကြိမ်ပြန်ကန်စေခြင်းတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေကိုတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး အဖွင့်ပွဲစဉ်-၁ မှာတော့ အနားယူရက် ၃၀ မပြည့်သေးတဲ့ မန်ချက်စတာနှစ်သင်းရဲ့ပွဲစဉ်တွေကို မကစားဘဲ ပွဲစဉ် ၈ ပွဲပဲ ကစားမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးကတော့ အဖွင့်ပွဲစဉ်မှာ ချန်ပီယံရှစ်ချန်ပီယံ လိဒ်ယူနိုက်တက်နဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

အသင္းႀကီးေတြနဲ႔ အသင္းငယ္ေတြ တိုက္ေနတဲ့ ပရီးမီးယားလိဂ္ စစ္ေအးတိုက္ပြဲ
ႏိုင္ငံတကာေဘာလံုးအဖြဲ႔ခ်ဳပ္ဘုတ္အဖြဲ႔ (IFAB) က လာမယ့္ေဘာလံုးရာသီမွာ ကလပ္အသင္းေတြအေနနဲ႔ ကစားသမား ၅ ေယာက္အထိလူစားလဲမႈကို ဆက္လက္ခြင့္ျပဳဖို႔ရွိတယ္လို႔ ေျပာထားတာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ အသင္းႀကီး ေတြနဲ႔ အသင္းငယ္ေတြၾကား သေဘာထားကြဲလြဲမႈေတြ ျဖစ္ေနတယ္လို႔ သိရပါတယ္။လာမယ့္ရာသီအတြက္ ပရီးမီးယား လိဂ္အသင္းေတြျဖစ္တဲ့ အသင္း ၂၀ ကို စစ္တမ္းေကာက္ယူရာမွာေတာ့ ၁၃-၇ နဲ႔ လူစားလဲမႈ ၅ေယာက္ခြင့္ျပဳတာကို ကန္႔ ကြက္တဲ့အသင္းက ပိုမ်ားေနခဲ့တယ္လို႔ သိရပါတယ္။
လူစားလဲမႈ ၅ ေယာက္ခြင့္ျပဳတာဟာ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ အသင္းႀကီးေတြကို ႏိုင္ပြဲရဖို႔ ပိုၿပီးအခြင့္အ ေရးေပးေနသလို ျဖစ္ေနတာေၾကာင့္ မွ်တမႈမရွိဘူးဆိုၿပီး အမ်ားစုက ယံုၾကည္ေနၾကတာျဖစ္ပါတယ္။ ကစားသမား ၅ ေယာက္ လူစားလဲမႈကို ကိုဗစ္အလြန္ျပန္ကစားတဲ့ပြဲစဥ္ေတြမွာမွ စတင္အသံုးျပဳခဲ့တာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ ကလပ္ အသင္းေတြအမ်ားစုက ႀကိဳက္ႏွစ္သက္ျခင္းမရွိဘူးလို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမစတင္ခင္မွာ အျခားသေဘာတူညီမႈအခ်က္အလက္ေတြကိုလည္း ဗီဒီယိုကေန ညွိႏိႈင္းေဆြးေႏြး ခဲ့ၾကေပမယ့္ အမွတ္ေပးဇယားထိပ္ပိုင္းက အသင္းေတြနဲ႔ အသင္းငယ္ေတြၾကား သေဘာတူညီမႈ မရခဲ့ဘူးလို႔လည္း သိရပါ တယ္။ ၅ ေယာက္လူစားလဲမႈ အျပင္ VAR ကို ျပန္လည္စစ္ေဆးၾကည့္ရႈျခင္း၊ ဒိုင္လူႀကီးေတြအေနနဲ႔ ပင္နယ္တီျပစ္ဒဏ္ကို ဂိုးသမားကာကြယ္ႏိုင္ၿပီးမွ ဒုတိယအႀကိမ္ျပန္ကန္ေစျခင္းတို႔အတြက္ ညွိႏႈိင္းေဆြးေႏြးခဲ့ၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။
၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ေတြကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္မွာ ျဖစ္ၿပီး အဖြင့္ပြဲစဥ္-၁ မွာေတာ့ အနားယူရက္ ၃၀ မျပည့္ေသးတဲ့ မန္ခ်က္စတာႏွစ္သင္းရဲ႕ပြဲစဥ္ေတြကို မကစားဘဲ ပြဲစဥ္ ၈ ပြဲပဲ ကစားမွာျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးကေတာ့ အဖြင့္ပြဲစဥ္မွာ ခ်န္ပီယံရွစ္ခ်န္ပီယံ လိဒ္ယူႏိုက္တက္နဲ႔ ကစားရမွာပဲ ျဖစ္ပါတယ္။