မန်စီးတီးကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနူချီ

ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနူချီဟာ မန်စီးတီးအသင်းကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး တူရင်မှာပဲ ဆက်နေရန် စိတ်အားထက်သန်နေတယ်လို့ အီတလီက သတင်းများအရ သိရပါတယ်။ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ်ကစားသမားကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘုန်းမောက်အသင်းက ဗဟိုနောက်ခံလူ နသန်အကီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားပြီဖြစ်သော်လည်း နောက်ထပ် ရွေးချယ်စရာ ခံစစ်ကစားသမားတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အီတလီက သတင်းစာများရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ အီတလီလက်ရွေးစင်ကစားသမားကို စုံစမ်းခဲ့ပေမယ့် နောက်ခံလူဟာ စီးရီးအေ ချန်ပီယံအသင်းမှာပဲ ဆက်နေလိုနေပြီး ထွက်ခွာရန် ရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။

ဘိုနူချီရဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ သူဟာ အိုးလေဒီအသင်းအတွက် ပွဲပေါင်း (၄၀၇) ပွဲကစားထားပြီး စီးရီးအေ အမှတ်ပေးဖလား (၈) ကြိမ် နဲ့ ကိုပါအီတလီယာဖလား (၃) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မန္စီးတီးကို ေျပာင္းမယ္ဆိုတဲ့ သတင္းေတြကို ပယ္ခ်လိုက္တဲ့ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ဘိုႏူခ်ီ

ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ဘိုႏူခ်ီဟာ မန္စီးတီးအသင္းကို ေျပာင္းမယ္ဆိုတဲ့ သတင္းေတြကို ပယ္ခ်လိုက္ျပီး တူရင္မွာပဲ ဆက္ေနရန္ စိတ္အားထက္သန္ေနတယ္လို႔ အီတလီက သတင္းမ်ားအရ သိရပါတယ္။ ဥေရာပရဲ႕ အေကာင္းဆံုး ေနာက္ခံလူေတြထဲက တစ္ေယာက္ျဖစ္တဲ့ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို မန္စီးတီးနည္းျပ ဂြါဒီယိုလာ က ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဘုန္းေမာက္အသင္းက ဗဟိုေနာက္ခံလူ နသန္အကီကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူထားျပီျဖစ္ေသာ္လည္း ေနာက္ထပ္ ေရြးခ်ယ္စရာ ခံစစ္ကစားသမားေတြကို ရွာေဖြေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ အီတလီက သတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီးအသင္းဟာ အီတလီလက္ေရြးစင္ကစားသမားကို စံုစမ္းခဲ့ေပမယ့္ ေနာက္ခံလူဟာ စီးရီးေအ ခ်န္ပီယံအသင္းမွာပဲ ဆက္ေနလိုေနျပီး ထြက္ခြာရန္ ရည္ရြယ္ခ်က္မရွိဘူးလို႔ သိရပါတယ္။

ဘိုႏူခ်ီရဲ႕ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္အထိ က်န္ရွိေနေသးတာျဖစ္ပါတယ္။ သူဟာ အိုးေလဒီအသင္းအတြက္ ပြဲေပါင္း (၄၀၇) ပြဲကစားထားျပီး စီးရီးေအ အမွတ္ေပးဖလား (၈) ၾကိမ္ နဲ႔ ကိုပါအီတလီယာဖလား (၃) ၾကိမ္တို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။