ခရစ္စတယ်ပဲလေ့စ်ကနေ ထွက်ခွာရန် ဆုံးဖြတ်ထားတဲ့ ဇာဟာ

ပီအက်စ်ဂျီ၊ ဒေါ့မွန် နဲ့ မိုနာကိုအသင်းတို့က စိတ်ဝင်စားနေတဲ့ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာ ဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာရန် ဆုံးဖြတ်ထားပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ထိပ်တန်းအဆင့် ကလပ်အသင်းတစ်သင်းမှာ ကစားရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ခရစ္စတယ်ပဲလေ့စ်ဟာ အဲဗာတန် နဲ့ အာဆင်နယ်အသင်းက (၂) ကြိမ် ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့လို့ အာဆင်နယ်အသင်းဟာ ဇာဟာအစား လိုင်လီက နီကိုးလပ်စ်ပီပီကို ခေါ်ယူခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ဇာဟာ ရဲ့ အနာဂတ်မသေချာမှုကြောင့် သူ့ရဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီ စွမ်းဆောင်ရည်အပေါ် ထိခိုက်မှု ရှိတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ဇာဟာဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ (၄) ဂိုးသာ သွင်းပြီး (၃) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။The Guardian က အဆိုအရ ဇာဟာ ဟာ ဒီနွေရာသီမှာတော့ အသင်းကနေ ထွက်ခွာလို့ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အပြောင်းအရွှေ့ရာသီဟာ အောက်တိုဘာလမှ ပိတ်သိမ်းမှာဖြစ်လို့ အိုင်ဗရီကိုစ့် လက်ရွေးစင်ကစားသမားအနေနဲ့ နောက်ဆုံးမတိုင်ခင်အထိ စိတ်အေးလက်အေး နေလို့ရနိုင်ပါသေးတယ်။လက်ရှိအချိန်အထိတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဆီကို ပုံမှန်ကမ်းလှမ်းမှု လုံး၀ မရှိသေးသော်လည်း ပီအက်စ်ဂျီ ၊ ဒေါ့မွန် နဲ့ မိုနာကိုအသင်းတို့က တောင်ပံကစားသမားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကလည်း ဇာဟာ မရှိတော့ရင် သူ့အသင်းရဲ့ တိုက်စစ်ပိုင်းကို ဖြေရှင်းရန်အတွက် ကျူပီအာတောင်ပံကစားသမား Eberechi Eze ကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရွိုင်ယန်ဖရေဆာ ကိုလည်း ဆက်သွယ်မှုတွေ လုပ်ထားပြီး မိန်ဇ့်က တိုက်စစ်မှူး မာတီတာ ကိုလည်း ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်းခံလိုက်ရတာဖြစ်ပါတယ်။

ခရစၥတယ္ပဲေလ့စ္ကေန ထြက္ခြာရန္ ဆံုးျဖတ္ထားတဲ့ ဇာဟာ

ပီအက္စ္ဂ်ီ၊ ေဒါ့မြန္ နဲ႔ မိုနာကိုအသင္းတို႔က စိတ္၀င္စားေနတဲ့ ခရစၥတယ္ပဲေလ့စ္ၾကယ္ပြင့္ ဇာဟာ ဟာ ဒီေႏြရာသီမွာ ပရီးမီးယားလိဂ္ ကေန ထြက္ခြာရန္ ဆံုးျဖတ္ထားပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ထိပ္တန္းအဆင့္ ကလပ္အသင္းတစ္သင္းမွာ ကစားရန္ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေႏြရာသီက ခရစၥတယ္ပဲေလ့စ္ဟာ အဲဗာတန္ နဲ႔ အာဆင္နယ္အသင္းက (၂) ၾကိမ္ ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခဲ့လို႔ အာဆင္နယ္အသင္းဟာ ဇာဟာအစား လိုင္လီက နီကိုးလပ္စ္ပီပီကို ေခၚယူခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဒ္ဆန္က ဇာဟာ ရဲ႕ အနာဂတ္မေသခ်ာမႈေၾကာင့္ သူ႔ရဲ႕ ၂၀၁၉-၂၀ ေဘာလံုးရာသီ စြမ္းေဆာင္ရည္အေပၚ ထိခိုက္မႈ ရွိတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ ဇာဟာဟာ ျပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ (၄) ဂိုးသာ သြင္းျပီး (၃) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။The Guardian က အဆိုအရ ဇာဟာ ဟာ ဒီေႏြရာသီမွာေတာ့ အသင္းကေန ထြက္ခြာလို႔ရႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အေျပာင္းအေရႊ႕ရာသီဟာ ေအာက္တိုဘာလမွ ပိတ္သိမ္းမွာျဖစ္လို႔ အိုင္ဗရီကိုစ့္ လက္ေရြးစင္ကစားသမားအေနနဲ႔ ေနာက္ဆံုးမတိုင္ခင္အထိ စိတ္ေအးလက္ေအး ေနလို႔ရႏိုင္ပါေသးတယ္။လက္ရွိအခ်ိန္အထိေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းဆီကို ပံုမွန္ကမ္းလွမ္းမႈ လုံး၀ မရိွေသးေသာ္လည္း ပီအက္စ္ဂ်ီ ၊ ေဒါ့မြန္ နဲ႔ မိုနာကိုအသင္းတို႔က ေတာင္ပံကစားသမားကို စိတ္၀င္စားေနတာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဒ္ဆန္ကလည္း ဇာဟာ မရွိေတာ့ရင္ သူ႔အသင္းရဲ႕ တိုက္စစ္ပိုင္းကို ေျဖရွင္းရန္အတြက္ က်ဴပီအာေတာင္ပံကစားသမား Eberechi Eze ကို ေခၚယူရန္ သေဘာတူညီမႈ ရရွိထားပါတယ္။ ခရစၥတယ္ပဲေလ့စ္အသင္းဟာ ရြိဳင္ယန္ဖေရဆာ ကိုလည္း ဆက္သြယ္မႈေတြ လုပ္ထားျပီး မိန္ဇ့္က တိုက္စစ္မွဴး မာတီတာ ကိုလည္း ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ျခင္းခံလိုက္ရတာျဖစ္ပါတယ္။