မက်ဆီနေရာမှာ အစားထိုးရန် မာနေးကို ရည်ရွယ်ထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အသင်းက ထွက်ခွာဖွယ်ရှိနိုင်တဲ့ မက်ဆီနေရာမှာ အစားထိုးရန် လီဗာပူးလ်ကြယ်ပွင့် မာနေးကို ရည်ရွယ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယခုတစ်ပတ်အစောပိုင်းမှာ အာဂျင်တီးနား ကြယ်ပွင့် မက်ဆီဟာ ဘာစီလိုနာအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ မန်စီးတီး၊ ပီအက်စ်ဂျီ နဲ့ အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေတဲ့ အသက် ၃၃ နှစ်အရွယ်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက မထွက်ခွာရန် ရှေ့နေတွေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၇၃၁) ပွဲကစားခဲ့ပြီး (၆၃၄) ဂိုးသွင်းထားလို့ လာလီဂါ နဲ့ ဘာစီလိုနာအသင်းပေါ်ကို ထိခိုက်နစ်နာမှု ရှိမှာ ဖြစ်ပါတယ်။

သတင်းများအရ ဘာစီလိုနာအသင်းဟာ မက်ဆီနေရာမှာ လီဗာပူးလ် တိုက်စစ်မှူး မာနေးကို အစားထိုးရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ပြိုင်ပွဲစုံ (၄၇) ပွဲကစားပြီး (၂၂) ဂိုးသွင်းကာ နှစ် (၃၀) ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလား ကို ရယူပေးတဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပစ်မှတ်ထားခဲ့ပေမယ့် လီဗာပူးလ်အသင်းက အသင်းမှာ ဆက်ပြီး ထားရန် ဆုံးဖြတ်ထားလို့ ခေါ်ယူလို့ မရနိုင်ခဲ့ပါဘူး။ စပိန်သတင်းစာများရဲ့ ဖော်ပြချက်အရ မာနေးအတွက် ပရီးမီးယားလိဂ် ကလပ်အသင်းက ပေါင် ၁၀၈ သန်း ထက် မနည်း တောင်းဆိုဖွယ်ရှိတယ်လို့ သိရပါတယ်။

မာနေးဟာ လီဗာပူးလ်ကို မပြောင်းခင်က လက်ရှိ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း နဲ့ ဆောက်သမ်တန်အသင်းမှာ အတူတူလက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆီနီဂေါ လက်ရွေးစင်ကစားသမားရဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် မာနေးက စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပါက အပြောင်းအရွှေ့ ဖြစ်သွားဖွယ်ရှိနေပါတယ်။

မက္ဆီေနရာမွာ အစားထိုးရန္ မာေနးကို ရည္ရြယ္ထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ အသင္းက ထြက္ခြာဖြယ္ရွိႏိုင္တဲ့ မက္ဆီေနရာမွာ အစားထိုးရန္ လီဗာပူးလ္ၾကယ္ပြင့္ မာေနးကို ရည္ရြယ္ထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ယခုတစ္ပတ္အေစာပိုင္းမွာ အာဂ်င္တီးနား ၾကယ္ပြင့္ မက္ဆီဟာ ဘာစီလိုနာအသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကေတာ့ မန္စီးတီး၊ ပီအက္စ္ဂ်ီ နဲ႔ အင္တာမီလန္အသင္းတို႔က စိတ္၀င္စားေနတဲ့ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းက မထြက္ခြာရန္ ေရွ႕ေနေတြနဲ႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာ အသင္းအတြက္ ျပိဳင္ပြဲစံု (၇၃၁) ပြဲကစားခဲ့ျပီး (၆၃၄) ဂိုးသြင္းထားလို႔ လာလီဂါ နဲ႔ ဘာစီလိုနာအသင္းေပၚကို ထိခိုက္နစ္နာမႈ ရွိမွာ ျဖစ္ပါတယ္။

သတင္းမ်ားအရ ဘာစီလုိနာအသင္းဟာ မက္ဆီေနရာမွာ လီဗာပူးလ္ တိုက္စစ္မွဴး မာေနးကို အစားထိုးရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ မာေနးဟာ ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ ျပိဳင္ပြဲစံု (၄၇) ပြဲကစားျပီး (၂၂) ဂိုးသြင္းကာ ႏွစ္ (၃၀) ၾကာ ေ၀းကြာေနတဲ့ အမွတ္ေပးဖလား ကို ရယူေပးတဲ့ အဓိက ကစားသမား တစ္ေယာက္ျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို ရီးရဲလ္မက္ဒရစ္အသင္းကလည္း ပစ္မွတ္ထားခဲ့ေပမယ့္ လီဗာပူးလ္အသင္းက အသင္းမွာ ဆက္ျပီး ထားရန္ ဆံုးျဖတ္ထားလို႔ ေခၚယူလို႔ မရႏိုင္ခဲ့ပါဘူး။ စပိန္သတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ မာေနးအတြက္ ပရီးမီးယားလိဂ္ ကလပ္အသင္းက ေပါင္ ၁၀၈ သန္း ထက္ မနည္း ေတာင္းဆိုဖြယ္ရွိတယ္လို႔ သိရပါတယ္။

မာေနးဟာ လီဗာပူးလ္ကို မေျပာင္းခင္က လက္ရွိ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း နဲ႔ ေဆာက္သမ္တန္အသင္းမွာ အတူတူလက္တြဲခဲ့ဖူးသူ ျဖစ္ပါတယ္။ ဆီနီေဂါ လက္ေရြးစင္ကစားသမားရဲ႕ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွ ကုန္ဆံုးမွာျဖစ္ေပမယ့္ မာေနးက စာခ်ဳပ္သက္တမ္းတိုးရန္ ျငင္းဆန္ခဲ့ပါက အေျပာင္းအေရႊ႕ ျဖစ္သြားဖြယ္ရွိေနပါတယ္။