ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ နဲ့ စပါးကွင်းလယ်လူ အန်ဒွန်ဘီလီ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရ

ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဘာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံနေရပြီ လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ လာမယ့်လမှာပြင်သစ်လက်ရွေးစင်အသင်းရဲ့ နေရှင်းလိဂ် ပြိုင်ပွဲ ကစားမယ့် လူစာရင်းမှာ ရွေးချယ်ခြင်းခံထားရပေမယ့် သူ့ရဲ့ ရောဂါပိုးကြောင့် ကာမာဗင်ဂါ နဲ့ အစားထိုးလိုက်ပြီ ဖြစ်ပါတယ်။

ပေါ့ဘာဟာ သူ့ရဲ့ အားလပ်ရက်မှာ အင်္ဂလန်မှာပဲ ရှိနေတာဖြစ်ပြီး စနေ့နေ့ညက လန်ဒန်က Cipriani စားသောက်ဆိုင်မှာ သူ့ရဲ့ ကိုယ်ဝန်ရှိနေတဲ့ ဇနီးဖြစ်သူ နဲ့ သူငယ်ချင်းများနဲ့ အတူ တွေ့ခဲ့ရပါတယ်။ပြင်သစ်လက်ရွေးစင်အသင်းမှာ ပေါ့ဘာအပြင် စပါးအသင်းက ကွင်းလယ်လူ အန်ဒွန်ဘီလီ လည်း ရောဂါပိုး ကူးစက်ခံရမှုကြောင့် နည်းပြဒက်ချမ့်စ်က လူစာရင်းကနေ ဖယ်လိုက်ပြီဖြစ်ပါတယ်။

ပေါ့ဘာကို ဗုဒ္ဓဟူးနေ့က စစ်ဆေးခဲ့ပြီး ကြာသပတေးနေ့ ညနေမှာ ရောဂါပိုး ရှိတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ပေါင် ၈၉ သန်း တန် ယူနိုက်တက်ကစားသမားဟာ ယခုအခါ သီးသန့် (၁၄) ရက်နေထိုင်ရတော့မှာဖြစ်လို့ အသင်းရဲ့ ရာသီအကြို ပြင်ဆင်မှု နဲ့ ပြင်သစ်အသင်းရဲ့ ဆွီဒင် နဲ့ ခရိုအေးရှားပွဲတွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

အန်ဒွန်ဘီလီလည်း ကွာရာတင်းဝင်ရောက်ရမှာဖြစ်လို့ အသင်းရဲ့ လေ့ကျင့်ရေးတွေကို လိုက်ပါခွင့်ရတော့မှာ မဟုတ်ပါဘူး။ ပေါ့ဘာဟာ ပရီးမီးယားလိဂ်က ကစားသမားတွေထဲက နောက်ဆုံးသော ရောဂါပိုး တွေ့ရှိရတဲ့ ကစားသမား ဖြစ်ပါတယ်။

ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာ နဲ႔ စပါးကြင္းလယ္လူ အန္ဒြန္ဘီလီ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရ

ယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဘာဟာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံေနရျပီ လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ လာမယ့္လမွာျပင္သစ္လက္ေရြးစင္အသင္းရဲ႕ ေနရွင္းလိဂ္ ျပိဳင္ပြဲ ကစားမယ့္ လူစာရင္းမွာ ေရြးခ်ယ္ျခင္းခံထားရေပမယ့္ သူ႔ရဲ႕ ေရာဂါပိုးေၾကာင့္ ကာမာဗင္ဂါ နဲ႔ အစားထိုးလိုက္ျပီ ျဖစ္ပါတယ္။

ေပါ့ဘာဟာ သူ႔ရဲ႕ အားလပ္ရက္မွာ အဂၤလန္မွာပဲ ရွိေနတာျဖစ္ျပီး စေန႔ေန႔ညက လန္ဒန္က Cipriani စားေသာက္ဆိုင္မွာ သူ႔ရဲ႕ ကိုယ္၀န္ရွိေနတဲ့ ဇနီးျဖစ္သူ န႔ဲ သူငယ္ခ်င္းမ်ားနဲ႔ အတူ ေတြ႕ခဲ့ရပါတယ္။ျပင္သစ္လက္ေရြးစင္အသင္းမွာ ေပါ့ဘာအျပင္ စပါးအသင္းက ကြင္းလယ္လူ အန္ဒြန္ဘီလီ လည္း ေရာဂါပိုး ကူးစက္ခံရမႈေၾကာင့္ နည္းျပဒက္ခ်မ့္စ္က လူစာရင္းကေန ဖယ္လိုက္ျပီျဖစ္ပါတယ္။

ေပါ့ဘာကို ဗုဒၶဟူးေန႔က စစ္ေဆးခဲ့ျပီး ၾကာသပေတးေန႔ ညေနမွာ ေရာဂါပုိး ရွိတယ္လို႔ အေျဖထြက္ခဲ့ပါတယ္။ ေပါင္ ၈၉ သန္း တန္ ယူႏိုက္တက္ကစားသမားဟာ ယခုအခါ သီးသန္႔ (၁၄) ရက္ေနထိုင္ရေတာ့မွာျဖစ္လို႔ အသင္းရဲ႕ ရာသီအၾကိဳ ျပင္ဆင္မႈ နဲ႔ ျပင္သစ္အသင္းရဲ႕ ဆြီဒင္ နဲ႔ ခရိုေအးရွားပြဲေတြကို လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

အန္ဒြန္ဘီလီလည္း ကြာရာတင္း၀င္ေရာက္ရမွာျဖစ္လို႔ အသင္းရဲ႕ ေလ့က်င့္ေရးေတြကို လိုက္ပါခြင့္ရေတာ့မွာ မဟုတ္ပါဘူး။ ေပါ့ဘာဟာ ပရီးမီးယားလိဂ္က ကစားသမားေတြထဲက ေနာက္ဆံုးေသာ ေရာဂါပိုး ေတြ႕ရွိရတဲ့ ကစားသမား ျဖစ္ပါတယ္။