ပေါင် ၇၅ သန်းတန် ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရန် ဆက်သွယ်မှုတွေ ပြန်လုပ်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပေါင် ၇၅ သန်းတန် အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေသေးတယ်လို့ သိရပါတယ်။ ကွင်းလယ်ဖန်တီးရှင် ဂျက်ဂရီလစ်ရှ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတဲ့ အသင်းတစ်သင်းမှာ ကစားချင်တယ်လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို အာရုံစိုက်နေတာဖြစ်ပေမယ့် ခေါ်ယူလို့ မရတော့တဲ့အတွက် ဂျက်ဂရီလစ်ရှ်ဘက်ကို ပြန်လည်အာရုံစိုက်လာပါတယ်။အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အခြားအင်္ဂလိပ် ကစားသမားတွေထက် အခွင့်အရေး အများဆုံး ဖန်တီးပေးခဲ့သူဖြစ်သော်လည်း နည်းပြဆောက်ဂိတ် အင်္ဂါနေ့က ရွေးချယ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

သူ့ရဲ့ ကွင်းပြင်ပ အပြုအမူတွေကြောင့် မေးခွန်းထုတ်ခြင်းခံနေရသော်လည်း ယူနိုက်တက်က သူ့ရဲ့ ကျွမ်းကျင်မှု နဲ့ အင်အားတွေဟာ နောက်ရာသီမှာ အသင်းအတွက် အကျိုးအမြတ်ရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းပိုင်ရှင်ဟာ ချမ်းသာတဲ့ သူဖြစ်လို့ သူတို့ အသင်းခေါင်းဆောင်ကို ရောင်းချရန် မလိုဘူးဆိုပေမယ့် ကစားသမားက ထွက်ခွာချင်လာပါက တန်ကြေးရရင် ရောင်းချရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းကတော့ အက်စတွန်ဗီလာအသင်းက လိုအပ်နေတဲ့ ဂိုးသမား နဲ့ ညာနောက်ခံလူ တစ်ယောက်ကို အလိုက်ပေးပြီး ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဟန်ဒါဆန် ကို ဗုဒ္ဓဟူးနေ့ က စာချုပ်သစ် ချုပ်ခဲ့လို့ ရိုမဲရိုးဟာ အက်စတွန်ဗီလာအသင်းထံ ထွက်ခွာရဖွယ်ရှိနေပြီး ညာနောက်ခံလူ ဒါလော့ကိုလည်း အလိုက်ပေးသွားဖွယ်ရှိနေပါတယ်။

ေပါင္ ၇၅ သန္းတန္ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူရန္ ဆက္သြယ္မႈေတြ ျပန္လုပ္ေနတဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ ေပါင္ ၇၅ သန္းတန္ အက္စတြန္ဗီလာ ကြင္းလယ္လူ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ေနေသးတယ္လို႔ သိရပါတယ္။ ကြင္းလယ္ဖန္တီးရွင္ ဂ်က္ဂရီလစ္ရွ္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိတဲ့ အသင္းတစ္သင္းမွာ ကစားခ်င္တယ္လို႔ ေျပာဆိုခဲ့သူ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ေဒါ့မြန္ေတာင္ပံတိုက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို အာရံုစိုက္ေနတာျဖစ္ေပမယ့္ ေခၚယူလို႔ မရေတာ့တဲ့အတြက္ ဂ်က္ဂရီလစ္ရွ္ဘက္ကို ျပန္လည္အာရံုစိုက္လာပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ေဘာလံုးရာသီမွာ အျခားအဂၤလိပ္ ကစားသမားေတြထက္ အခြင့္အေရး အမ်ားဆံုး ဖန္တီးေပးခဲ့သူျဖစ္ေသာ္လည္း နည္းျပေဆာက္ဂိတ္ အဂၤါေန႔က ေရြးခ်ယ္ခဲ့တဲ့ အဂၤလန္လက္ေရြးစင္အသင္း လူစာရင္းမွာ ပါ၀င္ခဲ့ျခင္း မရွိပါဘူး။

သူ႔ရ႕ဲ ကြင္းျပင္ပ အျပဳအမူေတြေၾကာင့္ ေမးခြန္းထုတ္ျခင္းခံေနရေသာ္လည္း ယူႏိုက္တက္က သူ႔ရဲ႕ ကၽြမ္းက်င္မႈ နဲ႔ အင္အားေတြဟာ ေနာက္ရာသီမွာ အသင္းအတြက္ အက်ိဳးအျမတ္ရမယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္းပိုင္ရွင္ဟာ ခ်မး္သာတဲ့ သူျဖစ္လို႔ သူတို႔ အသင္းေခါင္းေဆာင္ကို ေရာင္းခ်ရန္ မလိုဘူးဆိုေပမယ့္ ကစားသမားက ထြက္ခြာခ်င္လာပါက တန္ေၾကးရရင္ ေရာင္းခ်ရဖြယ္ရွိေနပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ အက္စတြန္ဗီလာအသင္းက လိုအပ္ေနတဲ့ ဂိုးသမား နဲ႔ ညာေနာက္ခံလူ တစ္ေယာက္ကို အလိုက္ေပးျပီး ညိွႏိႈင္းသြားမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဟန္ဒါဆန္ ကို ဗုဒၶဟူးေန႔ က စာခ်ဳပ္သစ္ ခ်ဳပ္ခဲ့လို႔ ရိုမဲရိုးဟာ အက္စတြန္ဗီလာအသင္းထံ ထြက္ခြာရဖြယ္ရွိေနျပီး ညာေနာက္ခံလူ ဒါေလာ့ကိုလည္း အလိုက္ေပးသြားဖြယ္ရွိေနပါတယ္။