ယူနိုက်တက်နဲ့ ၅ နှစ်သက်တမ်းတိုးခဲ့ပြီး အသင်းကိုရောက်ရှိလာတာကြောင့် ဒီဂီယာနဲ့ ပွဲထွက်ခွင့်လုရတော့မယ့် ဟန်ဒါဆန်

ရှက်ဖီးယူနိုက်တက်ကို အဌားချခံထားရပေမယ့် လက်စွမ်းပြနိုင်မှုကြောင့် အသင်းထံကိုပြန်လည်ခေါ်ယူနိုင်တဲ့ ယူနိုက် တက်ဂိုးသမား ဒိန်းဟန်ဒါဆန်အနေနဲ့ ၅နှစ်သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ သဘောတူခဲ့တာကြောင့် ပွဲထွက်ခွင့်အတွက် ဒီဂီယာနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒိန်းဟန်ဒါဆန်အနေနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုလိုက်တာကြောင့် ယူနိုက်တက် မှာ ၂၀၂၅ ခုနှစ်အထိ ရှိနေတော့မှာပဲ ဖြစ်ပါတယ်။


ဟန်ဒါဆန်အနေနဲ့ ရှက်ဖီးယူနိုက်တက်မှာ အဌားနဲ့ သွားကစားနေတုန်းမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် အခြားအသင်းကြီး တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို နေရှင်းလိဂ်ကစားမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရှက်ဖီးယူနိုက်တက်ရဲ့ အဓိကဂိုးသမားတစ်ဦးဖြစ်ခဲ့ပြီး ဂိုးမပေးရတဲ့ပွဲ ၁၃ ပွဲအထိ ရှိခဲ့သူလည်း ဖြစ်ပါတယ်။


ယူနိုက်တက်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ ဟန်ဒါဆန်က “ အသင်းကို ၁၄ နှစ်သားကတည်းက ရောက်ရှိနေခဲ့တာပါ။ ရှက် ဖီးယူနိုက်တက်မှာ ကစားခဲ့တဲ့ ၂နှစ်အတွင်းမှာ မထင်မှတ်လောက်တဲ့ ပြောင်းလဲမှုတွေဖြစ်သွားပါတယ်။ ယူနိုက်တက်ရဲ့ ဂိုး သမားဆိုင်ရာအဖွဲ့အစည်းက အကောင်းဆုံးဖြစ်ပြီး အသင်းမှာ စွမ်းဆောင်ရည်ကောင်းတဲ့ ဂိုးသမား ၃ယောက်ရှိနေပါတယ်။ ကျွန်တော်အနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်တာဟာ အသင်းပေါ်မှာ သစ္စာရှိတယ်ဆိုတာကို ပြနိုင်ခဲ့တဲ့လုပ်ရပ်တစ်ခုပါ” လို့ ပြောခဲ့ပါတယ်။


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဟန်ဒါဆန်ရဲ့လက်စွမ်းတိုးတက်ဖို့အတွက် အခြားအသင်းတွေထံ အဌားချခဲ့တာက မှန်ကန်တဲ့လုပ်ရပ်ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဆိုးလ်ရှားက “ ဟန်ဒါဆန်ကို စာချုပ်သစ်ချုပ်နိုင်ခဲ့တာ အသင်းအတွက် ကောင်းမွန်တဲ့လုပ်ဆောင်မှုတစ်ခုပါ။ ရှက်ဖီးယူနိုက်တက်မှာ သူအနေနဲ့ လူတစ်ယောက်အနေနဲရော၊ ကစားသမားတစ် ယောက်အဖြစ်ပါ တိုးတက်မှုတွေ အများကြီးရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္နဲ႔ ၅ ႏွစ္သက္တမ္းတိုးခဲ့ၿပီး အသင္းကိုေရာက္ရွိလာတာေၾကာင့္ ဒီဂီယာနဲ႔ ပြဲထြက္ခြင့္လုရေတာ့မယ့္ ဟန္ဒါဆန္
ရွက္ဖီးယူႏိုက္တက္ကို အဌားခ်ခံထားရေပမယ့္ လက္စြမ္းျပႏိုင္မႈေၾကာင့္ အသင္းထံကိုျပန္လည္ေခၚယူႏိုင္တဲ့ ယူႏိုက္ တက္ဂိုးသမား ဒိန္းဟန္ဒါဆန္အေနနဲ႔ ၅ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူခဲ့တာေၾကာင့္ ပြဲထြက္ခြင့္အတြက္ ဒီဂီယာနဲ႔ ယွဥ္ၿပိဳင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒိန္းဟန္ဒါဆန္အေနနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုလိုက္တာေၾကာင့္ ယူႏိုက္တက္ မွာ ၂၀၂၅ ခုႏွစ္အထိ ရွိေနေတာ့မွာပဲ ျဖစ္ပါတယ္။
ဟန္ဒါဆန္အေနနဲ႔ ရွက္ဖီးယူႏိုက္တက္မွာ အဌားနဲ႔ သြားကစားေနတုန္းမွာ လက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ အျခားအသင္းႀကီး ေတြက ေခၚယူဖို႔ စိတ္ဝင္စားခဲ့သလို ေနရွင္းလိဂ္ကစားမယ့္ အဂၤလန္နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းမွာလည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။ ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ရွက္ဖီးယူႏိုက္တက္ရဲ႕ အဓိကဂိုးသမားတစ္ဦးျဖစ္ခဲ့ၿပီး ဂိုးမေပးရတဲ့ပြဲ ၁၃ ပြဲအထိ ရွိခဲ့သူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္ကိုျပန္လည္ေရာက္ရွိလာခဲ့တဲ့ ဟန္ဒါဆန္က “ အသင္းကို ၁၄ ႏွစ္သားကတည္းက ေရာက္ရွိေနခဲ့တာပါ။ ရွက္ ဖီးယူႏိုက္တက္မွာ ကစားခဲ့တဲ့ ၂ႏွစ္အတြင္းမွာ မထင္မွတ္ေလာက္တဲ့ ေျပာင္းလဲမႈေတြျဖစ္သြားပါတယ္။ ယူႏိုက္တက္ရဲ႕ ဂိုး သမားဆိုင္ရာအဖြဲ႔အစည္းက အေကာင္းဆံုးျဖစ္ၿပီး အသင္းမွာ စြမ္းေဆာင္ရည္ေကာင္းတဲ့ ဂိုးသမား ၃ေယာက္ရွိေနပါတယ္။ ကြ်န္ေတာ္အေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျဖစ္တာဟာ အသင္းေပၚမွာ သစၥာရွိတယ္ဆိုတာကို ျပႏိုင္ခဲ့တဲ့လုပ္ရပ္တစ္ခုပါ” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ဟန္ဒါဆန္ရဲ႕လက္စြမ္းတိုးတက္ဖို႔အတြက္ အျခားအသင္းေတြထံ အဌားခ်ခဲ့တာက မွန္ကန္တဲ့လုပ္ရပ္ျဖစ္ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။ ဆိုးလ္ရွားက “ ဟန္ဒါဆန္ကို စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ခဲ့တာ အသင္းအတြက္ ေကာင္းမြန္တဲ့လုပ္ေဆာင္မႈတစ္ခုပါ။ ရွက္ဖီးယူႏိုက္တက္မွာ သူအေနနဲ႔ လူတစ္ေယာက္အေနနဲေရာ၊ ကစားသမားတစ္ ေယာက္အျဖစ္ပါ တိုးတက္မႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။