အဲလ်ကန်တာရာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုမပြုခင်မှာ ငါးကြိမ်အထိ စဉ်းစားခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြကလော့ပ်က နွေရာသီအပြောင်းအရွှေ့မှာ ဦးစားပေးအဖြစ် ခေါ်ယူဖို့လုပ်ဆောင်နေခဲ့တဲ့ အဲလ်ကန် တာရာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုမပြုခင်မှာ ငါးကြိမ်အထိ စဉ်းစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ဒါအပြင် ကလော့ပ်က တစ်ကမ္ဘာ့ လုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လီဗာပူးမှာ အပြောင်းအရွှေ့အတွက် ငွေဘယ်လောက် သုံးစွဲမလဲဆိုတာကို လည်း မသိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ အဲလ်ကန်တာရာဟာ စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်တော့တာ ဖြစ်ပြီး လီဗာပူးကိုပြောင်းရွှေ့ဖို့အတွက် အစောပိုင်းကတည်းက သတင်းထွက်နေခဲ့သူလည်းဖြစ်ပါတယ်။ အဲလ်ကန်တာရာ ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၂၉ သန်းသာရှိပေမယ့် လီဗာပူးအနေနဲ့ လက်ရှိအချိန်ထိခေါ်ယူနိုင်ခြင်းမရှိသေးဘဲ အပြောင်း အရွှေ့ကြန့်ကြာနေတာပဲ ဖြစ်ပါတယ်။

အဲလ်ကန်တာရာရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး Servus တီဗွီရဲ့ အင်တာဗျူးတစ်ခုမှာတော့ ကလော့ပ်က “ အခုက တစ်ကမ္ဘာ့လုံးမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေပါတယ်။ ဒီရောဂါပိုးပျောက်ဆုံးသွားမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲလ်ကန်တာရာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုမပြုခင်မှာ ငါးကြိမ်အထိစဉ်းစားခဲ့ပါတယ်။ အသင်းရဲ့လက်ရှိ အနေအထားကလည်း ကျွန်တော်ကို ပျော်ရွှင်စေပါတယ်” လို့ ပြောခဲ့ပါတယ်။


လီဗာပူးအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အိုလံပီယာကို့စ်နောက်ခံလူ တီဆီမီကက်စ်ကို ပေါင် ၁၁.၇၅ သန်းခေါ်ယူထား ပြီး နောက်ခံလူ လိုဗရန်ကိုတော့ ပေါင် ၁၁သန်းနဲ့ ဇင်းနစ်ကိုရောင်းချခဲ့တာဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်က နွေ ရာသီအပြောင်းအရွှေ့မှာ ငွေကြေးများစွားသုံးစွဲပြီး ကစားသမားသစ်တွေခေါ်ယူနေတဲ့ ချဲလ်ဆီးအသင်းရဲ့လုပ်ဆောင်မှုတွေ ကိုလည်း အကောင်းမြင်တဲ့အမြင်နဲ့ ပြောခဲ့တယ်လို့ သိရပါတယ်။

zawgyi version
