ဝုဗ်နောက်ခံလူ ဒိုဟာတီကို ပေါင် ၁၅သန်း ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ မော်ရင်ဟိုရဲ့ စပါး

စပါးနည်းပြ မော်ရင်ဟိုအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ညာနောက်ခံလူ အော်ရီယာရဲ့နေရာမှာအစား ထိုးဖို့ အတွက် ဝုဗ်နောက်ခံလူ ဒိုဟာတီကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒိုဟာတီကို စပါးအနေနဲ့ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတာဖြစ်ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နွေရာသီအပြောင်းအရွှေ့မှာ စပါးကို ရောက်ရှိလာတဲ့ တတိယမြောက်ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။


အိုင်ယာလန်နောက်ခံလူဖြစ်တဲ့ ဒိုဟာတီဟာ ဝုဗ်အသင်းနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်နေသေးတယ်ဆိုပေမယ့် စပါးက ပေါင် ၁၂ သန်းနဲ့အတူ စွမ်းဆောင်ရည်အလိုက် ဆုကြေးတွေထည့်ပြီး ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ဒိုဟာတီဟာ ဝုဗ်နဲ့အ တူ ၂၀၁၃-၁၄ ခုနှစ်မှာ လိဂ်-၁ ချန်ပီယံ ၊ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ချန်ပီယံရှစ်ချန်ပီယံ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အဓိက,ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


၂၀၁၀ ခုနှစ်ကတည်းက ဝုဗ်အသင်းကို ရောက်ရှိနေခဲ့တဲ့ ဒိုဟာတီအနေနဲ့ အသင်းအတွက် ပွဲပေါင်း ၃၀၂ ပွဲမှာ ၂၈ ဂိုးသွင်း ပြီး ဂိုးဖန်တီးမှု ၄၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဝုဗ်နည်းပြ နူနိုဆန်းတို့စ်က ဒိုဟာတီရဲ့နေရာမှာ အစားထိုး ဖို့အတွက် အာဆင်နယ်နောက်ခံလူ မီလန်နိုင်းစ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဒိုဟာတီအနေနဲ့ စပါးကိုရောက်ရှိခဲ့ပါက ဟော့ဘတ်၊ ဂျိုးဟတ်တို့အပြီး တတိယမြောက်ရောက်ရှိခဲ့သူ ဖြစ်လာမှာ ဖြစ်ပါတယ်။


စပါးနောက်ခံလူ အော်ရီယာကို ခေါ်ယူဖို့တဲ့အတွက် လေဗာကူဆင်နဲ့ အေစီမီလန်အသင်းတွေက ဆက်သွယ်နေတယ်လို့ သိရပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ချင်နေတာကြောင့် နည်းပြမော်ရင်ဟိုအနေနဲ့ ညာနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ဈေးကွက်အတွင်းမှာ ရှာဖွေနေတာဖြစ်ပြီး ဒိုဟာတီကို မျက်စိကျခဲ့တာဖြစ်ပါတယ်။စပါးဟာ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ အန်ဒွမ်ဘီလီကိုလည်း အင်တာမီလန်ကွင်းလယ်လူ ဆရီနီယာနဲ့ အလဲအထပ်ပြုလုပ်ဖို့ ရှိနေတယ်လို့ လည်း သိရပါတယ်။

zawgyi version

ဝုဗ္ေနာက္ခံလူ ဒိုဟာတီကို ေပါင္ ၁၅သန္း ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ေမာ္ရင္ဟိုရဲ႕ စပါး
စပါးနည္းျပ ေမာ္ရင္ဟိုအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ ညာေနာက္ခံလူ ေအာ္ရီယာရဲ႕ေနရာမွာအစား ထိုးဖို႔ အတြက္ ဝုဗ္ေနာက္ခံလူ ဒိုဟာတီကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒိုဟာတီကို စပါးအေနနဲ႔ ေပါင္ ၁၅ သန္းနဲ႔ ေခၚယူဖို႔ နီးစပ္ေနတာျဖစ္ၿပီး ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ေႏြရာသီအေျပာင္းအေရႊ႕မွာ စပါးကို ေရာက္ရွိလာတဲ့ တတိယေျမာက္ကစားသမား ျဖစ္လာမွာ ျဖစ္ပါတယ္။
အိုင္ယာလန္ေနာက္ခံလူျဖစ္တဲ့ ဒိုဟာတီဟာ ဝုဗ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း သံုးႏွစ္က်န္ေနေသးတယ္ဆိုေပမယ့္ စပါးက ေပါင္ ၁၂ သန္းနဲ႔အတူ စြမ္းေဆာင္ရည္အလိုက္ ဆုေၾကးေတြထည့္ၿပီး ကမ္းလွမ္းခဲ့တာပဲ ျဖစ္ပါတယ္။ဒိုဟာတီဟာ ဝုဗ္နဲ႔အ တူ ၂၀၁၃-၁၄ ခုႏွစ္မွာ လိဂ္-၁ ခ်န္ပီယံ ၊ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ ခ်န္ပီယံရွစ္ခ်န္ပီယံ ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့ အဓိက,ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
၂၀၁၀ ခုႏွစ္ကတည္းက ဝုဗ္အသင္းကို ေရာက္ရွိေနခဲ့တဲ့ ဒိုဟာတီအေနနဲ႔ အသင္းအတြက္ ပြဲေပါင္း ၃၀၂ ပြဲမွာ ၂၈ ဂိုးသြင္း ၿပီး ဂိုးဖန္တီးမႈ ၄၁ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဝုဗ္နည္းျပ ႏူႏိုဆန္းတို႔စ္က ဒိုဟာတီရဲ႕ေနရာမွာ အစားထိုး ဖို႔အတြက္ အာဆင္နယ္ေနာက္ခံလူ မီလန္ႏိုင္းစ္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ဒိုဟာတီအေနနဲ႔ စပါးကိုေရာက္ရွိခဲ့ပါက ေဟာ့ဘတ္၊ ဂ်ိဳးဟတ္တို႔အၿပီး တတိယေျမာက္ေရာက္ရွိခဲ့သူ ျဖစ္လာမွာ ျဖစ္ပါတယ္။
စပါးေနာက္ခံလူ ေအာ္ရီယာကို ေခၚယူဖို႔တဲ့အတြက္ ေလဗာကူဆင္နဲ႔ ေအစီမီလန္အသင္းေတြက ဆက္သြယ္ေနတယ္လို႔ သိရၿပီး ကစားသမားကိုယ္တိုင္ကလည္း အသင္းေျပာင္းေရႊ႕ခ်င္ေနတာေၾကာင့္ နည္းျပေမာ္ရင္ဟိုအေနနဲ႔ ညာေနာက္ခံလူ တစ္ဦးကို ေခၚယူဖို႔ ေစ်းကြက္အတြင္းမွာ ရွာေဖြေနတာျဖစ္ၿပီး ဒိုဟာတီကို မ်က္စိက်ခဲ့တာျဖစ္ပါတယ္။စပါးဟာ အသင္းမွာ ေျခစြမ္းမျပႏိုင္တဲ့ အန္ဒြမ္ဘီလီကိုလည္း အင္တာမီလန္ကြင္းလယ္လူ ဆရီနီယာနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔ ရွိေနတယ္လို႔ လည္း သိရပါတယ္။