အသင်းကထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ ချဲလ်ဆီးကစားသမားတွေ ကွာရန်တင်း ဝင်ရမှာမို့ ရာသီအစပွဲစဉ်တွေကို လွှဲချော်နိုင်

ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ အေဘရာဟမ်၊ မာဆင်မောင့်၊ ပူလီဆစ်နဲ့ တိုမိုရီတို့ဟာ အားလပ်ရက်အဖြစ် ဂရိနိုင်ငံမှာ အပန်းဖြေခဲ့တာကြောင့် အသင်းကထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး ကွာရန်တင်းဝင်ရဖို့ ရှိ နေတယ်လို့ သိရပါတယ်။ ဒီကစားသမားတွေအနေနဲ့ အားလပ်ရက်အဖြစ် အနားယူပြီး ပြန်လာချိန်မှာတော့ အစိုးရရဲ့ လမ်း ညွှန်မှုနဲ့ အညီ သီးခြားနေထိုင်ရမှာမို့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပူးပေါင်းနိုင်ခြင်း မရှိသေးဘူးလို့သိရပါတယ်။


ချဲလ်ဆီးအသင်းအနေနဲ့ ဒီကစားသမားတွေရဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုထားခြင်း မရှိဘူးလို့လည်း သတင်းတွေကဖော်ပြထားပါတယ်။ ဘောလုံးရာသီသစ် ပြန်စဖို့ ရက်အနည်းငယ်ပဲလိုတော့တဲ့အချိန်မှာ အသင်းရဲ့အဓိက,ကစားသမားတွေ ပါဝင်နိုင်ဖို့ မရှိတာဟာ ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက် အခက်တွေ့စေတယ်လို့ လည်း သိရပါတယ်။


လေ့ကျင့်ခန်းပြန်လုပ်နေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း ၁၂ သင်းကို ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာမှာတော့ ရောဂါပိုးရှိသူ ၁၄ ဦးထက်မနည်းတွေခဲ့ရတယ်လို့ ဖော်ပြခဲ့ပေမယ့် ဘယ်ကစားသမားတွေဆိုတာကိုတော့ ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိပါ ဘူး။ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးအသင်းက အသင်းမှာရှိတဲ့ကစားသမားအချို့အနေနဲ့ အစိုးရဲ့လမ်းညွှန်ချက်အတိုင်း ကွာ ရန်တင်းဝင်ရမှာမို့ အသင်းရဲ့ရာသီအစပွဲစဉ်တွေကို လွဲချော်မှာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။


ဗြိတိန်အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဂရိနိုင်ငံ မိုင်ကိုနော့စ်ကျွန်းကနေ အနားယူပြီး ပြန်လာတဲ့သူတိုင်းကို ကွာရန်တင်းဝင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ကွာရန်တင်းဝင်တဲ့သူတွေအနေနဲ့ ရောဂါပိုးတွေ့ရှိခဲ့တယ်ဆိုရင်တော့ နောက်ထပ် ၇ ရက်ကို အိမ်မှာပဲ သီးခြားနေထိုင်ရမယ်လို့လည်း ပြောထားပါတယ်။ နေရှင်းလိဂ်အတွက် အင်္ဂလန်ကစားသမားတွေကို စစ်ဆေးခဲ့ရာမှာလည်း ရောဂါပိုးရှိသူ နှစ်ဦးတွေခဲ့တယ်ဆိုပေမယ့် ကစားသမားနာမည်တွေကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။

zawgyi version

အသင္းကထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့ ခ်ဲလ္ဆီးကစားသမားေတြ ကြာရန္တင္း ဝင္ရမွာမို႔ ရာသီအစပြဲစဥ္ေတြကို လြႊဲေခ်ာ္ႏိုင္
ခ်ဲလ္ဆီးကစားသမားေတြျဖစ္တဲ့ ေအဘရာဟမ္၊ မာဆင္ေမာင့္၊ ပူလီဆစ္နဲ႔ တိုမိုရီတို႔ဟာ အားလပ္ရက္အျဖစ္ ဂရိႏိုင္ငံမွာ အပန္းေျဖခဲ့တာေၾကာင့္ အသင္းကထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ကြာရန္တင္းဝင္ရဖို႔ ရွိ ေနတယ္လို႔ သိရပါတယ္။ ဒီကစားသမားေတြအေနနဲ႔ အားလပ္ရက္အျဖစ္ အနားယူၿပီး ျပန္လာခ်ိန္မွာေတာ့ အစိုးရရဲ႕ လမ္း ၫႊန္မႈနဲ႔ အညီ သီးျခားေနထိုင္ရမွာမို႔ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပူးေပါင္းႏိုင္ျခင္း မရွိေသးဘူးလို႔သိရပါတယ္။
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီကစားသမားေတြရဲ႕ ကိုဗစ္ေရာဂါပိုးစစ္ေဆးမႈနဲ႔ ပတ္သက္ၿပီး တစ္စံုတရာ မွတ္ခ်က္ျပဳထားျခင္း မရွိဘူးလို႔လည္း သတင္းေတြကေဖာ္ျပထားပါတယ္။ ေဘာလံုးရာသီသစ္ ျပန္စဖို႔ ရက္အနည္းငယ္ပဲလိုေတာ့တဲ့အခ်ိန္မွာ အသင္းရဲ႕အဓိက,ကစားသမားေတြ ပါဝင္ႏိုင္ဖို႔ မရွိတာဟာ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အတြက္ အခက္ေတြ႕ေစတယ္လို႔ လည္း သိရပါတယ္။
ေလ့က်င့္ခန္းျပန္လုပ္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္း ၁၂ သင္းကို ကိုဗစ္ေရာဂါပိုးစစ္ေဆးခဲ့ရာမွာေတာ့ ေရာဂါပိုးရွိသူ ၁၄ ဦးထက္မနည္းေတြခဲ့ရတယ္လို႔ ေဖာ္ျပခဲ့ေပမယ့္ ဘယ္ကစားသမားေတြဆိုတာကိုေတာ့ ထုတ္ျပန္ေၾကျငာခဲ့ျခင္းမရွိပါ ဘူး။ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာ ခ်ဲလ္ဆီးအသင္းက အသင္းမွာရွိတဲ့ကစားသမားအခ်ိဳ႕အေနနဲ႔ အစိုးရဲ႕လမ္းၫႊန္ခ်က္အတိုင္း ကြာ ရန္တင္းဝင္ရမွာမို႔ အသင္းရဲ႕ရာသီအစပြဲစဥ္ေတြကို လြဲေခ်ာ္မွာျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။
ၿဗိတိန္အစိုးရတာဝန္ရွိသူေတြအေနနဲ႔ ဂရိႏိုင္ငံ မိုင္ကိုေနာ့စ္ကြ်န္းကေန အနားယူၿပီး ျပန္လာတဲ့သူတိုင္းကို ကြာရန္တင္းဝင္ဖို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။ ကြာရန္တင္းဝင္တဲ့သူေတြအေနနဲ႔ ေရာဂါပိုးေတြ႕ရွိခဲ့တယ္ဆိုရင္ေတာ့ ေနာက္ထပ္ ၇ ရက္ကို အိမ္မွာပဲ သီးျခားေနထိုင္ရမယ္လို႔လည္း ေျပာထားပါတယ္။ ေနရွင္းလိဂ္အတြက္ အဂၤလန္ကစားသမားေတြကို စစ္ေဆးခဲ့ရာမွာလည္း ေရာဂါပိုးရွိသူ ႏွစ္ဦးေတြခဲ့တယ္ဆိုေပမယ့္ ကစားသမားနာမည္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာခဲ့ျခင္း မရွိတာ ေတြ႕ရပါတယ္။