အဂူရိုရဲ့ အင်စတာဂရမ် အကောင့်နံမည်မှာ နံပါတ် (၁၀) ကို ဖြုတ်လိုက်လို့ မက်ဆီ မန်စီးတီးကို ရောက်ရန် ပိုနီးစပ်လာ

မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ နံပါတ် (၁၀)ကို ဖြုတ်လိုက်တာဖြစ်လို့ မက်ဆီဟာ မန်စီးတီးကို ရောက်လာတော့မယ်လို့ ပရိသတ်တွေက ပြောဆိုနေကြပါတယ်။ အဂူရိုဟာ မန်စီးတီးအသင်းကို ၂၀၁၁-၁၂ မှာ ရောက်ရှိလာပြီး ကျောနံပါတ် (၁၀) ကို ၂၀၁၅ ခုနှစ်ကတည်းက ဝတ်ဆင်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါ ကျောနံပါတ် (၁၀) ဟာ မက်ဆီ ၂၀၀၈ ခုနှစ်ကတည်းက ဘာစီလိုနာ အသင်းမှာ ဝတ်ဆင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားမှာလည်း အဆိုပါ နံပါတ် ကို ဝတ်ဆင်ခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအသင်းက ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောကြားပြီးနောက် မန်စီးတီးအသင်းအသင်းမှာ တစ်နိုင်ငံတည်းသား အဂူရိုနဲ့ ပူးပေါင်းနိုင်တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ RAC1 နဲ့ TyC အားကစား တို့က သတင်းများအရ မက်ဆီရဲ့ အဖေဖြစ်သူ ဂျော့ချ်ဟာ မန်ချက်စတာကို ရောက်နေပြီး ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်း ဖလားလက်မဲ့ ဖြစ်ခဲ့လို့ စိတ်ပျက်နေပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကိုလည်း ပယ်ဖျက်ပေးရန် နဲ့ အလွတ်ပြောင်းရွှေ့ခွင့်ပေးရန် တောင်းဆိုထားတာ ဖြစ်ပါတယ်။သို့သော်လည်း ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားကို ဘာစီလိုနာအသင်းက အသင်းက ထွက်ခွာခွင့်ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ အောင်မြင်မှု အတူတူရခဲ့တဲ့ လက်ရှိ မန်စီးတီး နည်းပြ ဂွါဒီယိုလာ နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးတွေလည်း ရှိထားသူဖြစ်ပါတယ်။ မန်စီးတီး ပရိသတ်တွေကတော့ အဂူရို နဲ့ အင်စတာဂရမ် အကောင့်မှာ နံမည် ပြောင်းခဲ့တာက မက်ဆီ အသင်းကို ရောက်လာဖွယ်ရှိတယ်လို့ ထင်နေကြပါတယ်။

အဂူရိုရဲ႕ အင္စတာဂရမ္ အေကာင့္နံမည္မွာ နံပါတ္ (၁၀) ကို ျဖဳတ္လိုက္လို႔ မက္ဆီ မန္စီးတီးကို ေရာက္ရန္ ပိုနီးစပ္လာ

မန္စီးတီးတိုက္စစ္မွဴး အဂူရိုဟာ သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ နံပါတ္ (၁၀)ကို ျဖဳတ္လိုက္တာျဖစ္လို႔ မက္ဆီဟာ မန္စီးတီးကို ေရာက္လာေတာ့မယ္လို႔ ပရိသတ္ေတြက ေျပာဆိုေနၾကပါတယ္။ အဂူရိုဟာ မန္စီးတီးအသင္းကို ၂ကို ၂၀၁၁-၁၂ မွာ ေရာက္ရွိလာျပီး ေက်ာနံပါတ္ (၁၀) ကို ၂၀၁၅ ခုႏွစ္ကတည္းက ၀တ္ဆင္ခဲ့သူျဖစ္ စ္ပါတယ္။ သို႔ေသာ္လည္း အဆိုပါ ေက်ာနံပါတ္ (၁၀) ဟာ မက္ဆီ ၂၀၀၈ ခုႏွစ္ကတည္းက ဘာစီလုိနာ အသင္းမွာ ၀တ္ဆင္ခဲ့တာျဖစ္ျပီး အာဂ်င္တီးနားမွာလည္း အဆုိပါ နံပါတ္ ကို ၀တ္ဆင္ခဲ့တာပါ။

အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီဟာ ဘာစီလိုနာအသင္းက ထြက္ခြာခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားျပီးေနာက္ မန္စီးတီးအသင္းအသင္းမွာ တစ္ႏိုင္ငံတည္းသား အဂူရိုနဲ႔ ပူးေပါင္းႏိုင္တယ္လို႔ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။ RAC1 နဲ႔ TyC အားကစား တို႔က သတင္းမ်ားအရ မက္ဆီရဲ႕ အေဖျဖစ္သူ ေဂ်ာ့ခ်္ဟာ မန္ခ်က္စတာကို ေရာက္ေနျပီး ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

မက္ဆီဟာ ဒီရာသီမွာ ဘာစီလိုနာအသင္း ဖလားလက္မဲ့ ျဖစ္ခဲ့လို႔ စိတ္ပ်က္ေနျပီး သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကိုလည္း ပယ္ဖ်က္ေပးရန္ နဲ႔ အလြတ္ေျပာင္းေရႊ႕ခြင့္ေပးရန္ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။သို႔ေသာ္လည္း ဇြန္လမွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ကစားသမားကို ဘာစီလိုနာအသင္းက အသင္းက ထြက္ခြာခြင့္ေပးသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းမွာ ေအာင္ျမင္မႈ အတူတူရခဲ့တဲ့ လက္ရွိ မန္စီးတီး နည္းျပ ဂြါဒီယိုလာ နဲ႔လည္း ခိုင္မာတဲ့ ဆက္ဆံေရးေတြလည္း ရွိထားသူျဖစ္ပါတယ္။ မန္စီးတီး ပရိသတ္ေတြကေတာ့ အဂူရို နဲ႔ အင္စတာဂရမ္ အေကာင့္မွာ နံမည္ ေျပာင္းခဲ့တာက မက္ဆီ အသင္းကို ေရာက္လာဖြယ္ရွိတယ္လို႔ ထင္ေနၾကပါတယ္။