လက်စတာ နောက်ခံလူ ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ချဲလ်ဆီးအသင်း အပြီးသတ်ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဆေးစစ်မှု ခံယူထားပြီးနောက် အင်္ဂလန်နောက်ခံလူဟာ တစ်ပတ် ပေါင် ၁ သိန်း ၉ သောင်း လစာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘင်ချီဝဲလ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးနည်းပြ လမ်းပတ်ရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှုဖြစ်ပြီး အစောပိုင်းတုန်းကလည်း အေဂျက်က ဇီယက်ကို ပေါင် ၃၇ သန်း နဲ့ လိုက်ပ်ဇစ်က တိုက်စစ်မှူး တီမိုဝါနာကို ပေါင် ၄၉ သန်း စုစုပေါင်း ပေါင် ၁၃၆ သန်း အထိ အသုံးပြုပြီး ဖြစ်ပါတယ်။

ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူလိုက်နိုင်တာဟာ လမ်းပတ်အတွက် ဒီရာသီ ဦးစားပေး ခေါ်ယူမှုဖြစ်ပါတယ်။ သူ့ကို အောက်တိုဘာလကတည်းက ချဲလ်ဆီးအသင်းက နံပါတ် (၁) ပစ်မှတ်ထားနေတာဖြစ်ပြီး မန်စီးတီးအသင်းကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ ဘင်ချီဝဲလ်ဟာ လက်စတာအသင်းနဲ့ (၁၁) နှစ်ကြာ ဆက်ဆံရေးကို အဆုံးသတ်ပြီး စတန်းဖိုဒ့်ဘရစ်ချ်ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ဘင်ချီဝဲလ်က “ကျွန်တော် ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းလိုက်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ဝမ်းသာမိုပါတယ်။ ရှေ့ဆက်ပြီး ဒီအသင်းရဲ့ လူငယ်အစိတ်အပိုင်း နဲ့ နောက်ရာသီမှာ နည်းပြလမ်းပတ်ရဲ့ စိန်ခေါ်မှုတွေမှာ ပါဝင်ရန် ရည်ရွယ်ထားပါတယ်။ ကစားဖို့ မစောင့်နိုင်တော့ဘူးဖြစ်နေပါတယ်။ စတန်းဖိုဒ့်ဘရစ်ချ်ကွင်းထဲမှာ ပရိသတ်တွေရှေ့မှာလည်း သိပ်မကြာခင် ကစားနိုင်တော့မှာပါ” လို့ ပြောသွားခဲ့ပါတယ်။

ဘင်ချီဝဲလ်ဟာ လက်စတာအသင်းကို ၂၀၀၉ ခုနှစ်က ပူးပေါင်းခဲ့ပြီး အသင်းအတွက် (၁၂၃) ပွဲကစားထားပြီး (၄) ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။လီဗာပူးလ် နဲ့ မန်စီးတီးကို လိုက်မီရန်အတွက် မနှစ်က အဆင့် (၄) နေရာမှာ ရပ်တည်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့မှာ နောက်ထပ်ကစားသမားခေါ်ယူမှုတွေ လုပ်သွားဦးမယ်လို့ သိရပါတယ်။

လေဗာကူဆင်အသင်းက ကိုင်ဟာဗက်ဇ်ကို ပေါင်သန်း ၉၀ နဲ့ ခေါ်ယူရန် နီးစပ်နေပြီး ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားလည်း သောကြာနေ့မှာ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်နောက်ခံလူ မာလန်းဆားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် နီးစပ်နေပါတယ်။ ဂိုးသမား နဲ့ ဗဟိုနောက်ခံလူတစ်ယောက်ကိုလည်း ရှာဖွေနေသေးတယ်လို့ သိရပါတယ်။

လက္စတာ ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ခ်ဲလ္ဆီးအသင္း အျပီးသတ္ေခၚယူ

ခ်ဲလ္ဆီးအသင္းဟာ လက္စတာအသင္းက ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း ၅၀ နဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္ပါတယ္။ ေဆးစစ္မႈ ခံယူထားျပီးေနာက္ အဂၤလန္ေနာက္ခံလူဟာ တစ္ပတ္ ေပါင္ ၁ သိန္း ၉ ေသာင္း လစာ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဘင္ခ်ီ၀ဲလ္ဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ရဲ႕ တတိယေျမာက္ ကစားသမား ေခၚယူမႈျဖစ္ျပီး အေစာပိုင္းတုန္းကလည္း ေအဂ်က္က ဇီယက္ကို ေပါင္ ၃၇ သန္း နဲ႔ လိုက္ပ္ဇစ္က တိုက္စစ္မွဴး တီမို၀ါနာကို ေပါင္ ၄၉ သန္း စုစုေပါင္း ေပါင္ ၁၃၆ သန္း အထိ အသံုးျပဳျပီး ျဖစ္ပါတယ္။

ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေခၚယူလိုက္ႏိုင္တာဟာ လမ္းပတ္အတြက္ ဒီရာသီ ဦးစားေပး ေခၚယူမႈျဖစ္ပါတယ္။ သူ႔ကို ေအာက္တိုဘာလကတည္းက ခ်ဲလ္ဆီးအသင္းက နံပါတ္ (၁) ပစ္မွတ္ထားေနတာျဖစ္ျပီး မန္စီးတီးအသင္းကလည္း စိတ္၀င္စားခဲ့ပါေသးတယ္။ ဘင္ခ်ီ၀ဲလ္ဟာ လက္စတာအသင္းနဲ႔ (၁၁) ႏွစ္ၾကာ ဆက္ဆံေရးကို အဆံုးသတ္ျပီး စတန္းဖိုဒ့္ဘရစ္ခ်္ကို ေျပာင္းလာခဲ့တာျဖစ္ပါတယ္။

ဘင္ခ်ီ၀ဲလ္က “ကၽြန္ေတာ္ ခ်ဲလ္ဆီးအသင္းနဲ႔ ပူးေပါင္းလိုက္ရတဲ့အတြက္ အရမ္းကို စိတ္လႈပ္ရွားျပီး ၀မ္းသာမိုပါတယ္။ ေရွ႕ဆက္ျပီး ဒီအသင္းရဲ႕ လူငယ္အစိတ္အပိုင္း န႔ဲ ေနာက္ရာသီမွာ နည္းျပလမ္းပတ္ရဲ႕ စိန္ေခၚမႈေတြမွာ ပါ၀င္ရန္ ရည္ရြယ္ထားပါတယ္။ ကစားဖို႔ မေစာင့္ႏိုင္ေတာ့ဘူးျဖစ္ေနပါတယ္။ စတန္းဖိုဒ့္ဘရစ္ခ်္ကြင္းထဲမွာ ပရိသတ္ေတြေရွ႕မွာလည္း သိပ္မၾကာခင္ ကစားႏိုင္ေတာ့မွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

ဘင္ခ်ီ၀ဲလ္ဟာ လက္စတာအသင္းကို ၂၀၀၉ ခုႏွစ္က ပူးေပါင္းခဲ့ျပီး အသင္းအတြက္ (၁၂၃) ပြဲကစားထားျပီး (၄) ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။လီဗာပူးလ္ နဲ႔ မန္စီးတီးကို လိုက္မီရန္အတြက္ မႏွစ္က အဆင့္ (၄) ေနရာမွာ ရပ္တည္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕မွာ ေနာက္ထပ္ကစားသမားေခၚယူမႈေတြ လုပ္သြားဦးမယ္လို႔ သိရပါတယ္။ ေလဗာကူဆင္အသင္းက ကိုင္ဟာဗက္ဇ္ကို ေပါင္သန္း ၉၀ နဲ႔ ေခၚယူရန္ နီးစပ္ေနျပီး ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားလည္း ေသာၾကာေန႔မွာ ေဆးစစ္မႈ ခံယူေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ျပင္သစ္ေနာက္ခံလူ မာလန္းဆားကိုလည္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ နီးစပ္ေနပါတယ္။ ဂိုးသမား နဲ႔ ဗဟိုေနာက္ခံလူတစ္ေယာက္ကိုလည္း ရွာေဖြေနေသးတယ္လို႔ သိရပါတယ္။