ဂျေမီဗာဒီကို တစ်နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီလို့ အတည်ပြုလိုက်တဲ့ လက်စတာအသင်း

လက်စတာအသင်းဟာ ရာသီအသစ်မတိုင်မီ တိုက်စစ်မှူး ဂျေမီဗာဒီကို တစ်နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို (၂၃) ဂိုးသွင်းပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုအခါ စာချုပ်သက်တမ်းတိုးလိုက်တဲ့အတွက် ဂျေမီဗာဒီဟာ အသင်းမှာ (၂၀၂၃) ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဂျေမီဗာဒီက “ဒီအသင်းနဲ့ ကျွန်တော် အတူတူ လျှောက်ခဲ့တဲ့ ခရီးဟာ ဖော်ပြဖို့ ခက်ပါတယ်။ ကျွန်တော်တို့ အတူတူ ဖြတ်သန်းအောင်မြင်ခဲ့တာတွေလည်း အများကြီးရှိပါတယ်။ လက်စတာအသင်းနဲ့ နောက်ထပ် တစ်ကြိမ် အနာဂတ် ဆက်ရှိနေမှာဖြစ်တဲ့ခံစားချက်ကတော့ အရမ်းကို ကောင်းပါတယ်။

ကျွန်တော်ဒီကင်းပါဝါ ကွင်းကြီးထဲက ပရိသတ်တွေ အရှေ့မှာ ကစားရတာ နှစ်သက်ပါတယ်။ ဒီစိတ်လှုပ်ရှားစရာ ခရီးကို ဆက်ပြီး ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အသင်းဟာ တစ်ဖြည်းဖြည်း ပိုကောင်းလာပါတယ်။ နောက်လာမယ့် နှစ်တွေမှာ ရရှိမယ့် အောင်မြင်မှုတွေကို မစောင့်နိုင်တော့ပါဘူး” လို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

ဂျေမီဗာဒီ ဟာ လက်စတာအသင်းကို ၂၀၁၂ ခုနှစ်က Fleetwood အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ အဲ့နောက်မှာ သူဟာ လက်စတာအသင်းနဲ့ ချန်ပီယံရှစ် နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရို ၂၀၁၆ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတို့မှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ ဂျေမီဗာဒီဟာ လက်စတာအသင်းအတွက် ပထမဆုံး ဂိုး (၁၀၀) ပြည့်ခဲ့တဲ့ ကစားသမားအဖြစ်လည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

ေဂ်မီဗာဒီကို တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ျပီလို႔ အတည္ျပဳလိုက္တဲ့ လက္စတာအသင္း

လက္စတာအသင္းဟာ ရာသီအသစ္မတိုင္မီ တိုက္စစ္မွဴး ေဂ်မီဗာဒီကို တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ျပီျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို (၂၃) ဂိုးသြင္းျပီး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ယခုအခါ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့အတြက္ ေဂ်မီဗာဒီဟာ အသင္းမွာ (၂၀၂၃) ခုႏွစ္အထိ ဆက္ရွိေနမွာ ျဖစ္ပါတယ္။

ေဂ်မီဗာဒီက “ဒီအသင္းနဲ႔ ကၽြန္ေတာ္ အတူတူ ေလွ်ာက္ခဲ့တဲ့ ခရီးဟာ ေဖာ္ျပဖို႔ ခက္ပါတယ္။ ကၽြန္ေတာ္တို႔ အတူတူ ျဖတ္သန္းေအာင္ျမင္ခဲ့တာေတြလည္း အမ်ားၾကီးရွိပါတယ္။ လက္စတာအသင္းနဲ႔ ေနာက္ထပ္ တစ္ၾကိမ္ အနာဂတ္ ဆက္ရွိေနမွာျဖစ္တဲ့ခံစားခ်က္ကေတာ့ အရမး္ကို ေကာင္းပါတယ္။

ကၽြန္ေတာ္ဒီကင္းပါ၀ါ ကြင္းၾကီးထဲက ပရိသတ္ေတြ အေရွ႕မွာ ကစားရတာ ႏွစ္သက္ပါတယ္။ ဒီစိတ္လႈပ္ရွားစရာ ခရီးကို ဆက္ျပီး ျဖတ္သန္းရမွာျဖစ္တဲ့အတြက္ ၀မ္းသာမိပါတယ္။ ကၽြန္ေတာ္တို႔ အသင္းဟာ တစ္ျဖည္းျဖည္း ပိုေကာင္းလာပါတယ္။ ေနာက္လာမယ့္ ႏွစ္ေတြမွာ ရရွိမယ့္ ေအာင္ျမင္မႈေတြကို မေစာင့္ႏိုင္ေတာ့ပါဘူး” လို႔ အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့ပါတယ္။

ေဂ်မီဗာဒီ ဟာ လက္စတာအသင္းကို ၂၀၁၂ ခုႏွစ္က Fleetwood အသင္းကေန ေျပာင္းေရႊ႕လာသူျဖစ္ပါတယ္။ အဲ့ေနာက္မွာ သူဟာ လက္စတာအသင္းနဲ႔ ခ်န္ပီယံရွစ္ နဲ႔ ပရီးမီးယားလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ယူရို ၂၀၁၆ နဲ႔ ၂၀၁၈ ကမာၻ႕ဖလားတို႔မွာလည္း အဂၤလန္လက္ေရြးစင္အသင္းမွာ ပါ၀င္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ ေဂ်မီဗာဒီဟာ လက္စတာအသင္းအတြက္ ပထမဆံုး ဂိုး (၁၀၀) ျပည့္ခဲ့တဲ့ ကစားသမားအျဖစ္လည္း ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ မွတ္တမ္း၀င္ခဲ့ပါတယ္။