သီယာဂိုဆေးလ်ဗားကို အသင်းခေါင်းဆောင်တာဝန် ပေးအပ်ချင်နေတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာမယ့် သီယာဂိုဆေးလ်ဗားကို အသင်းခေါင်းဆောင် တာဝန်ပေးအပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ ဘရာဇီးကစားသမားဟာ တနင်္ဂနွေနေ့က ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးကစားခဲ့ပြီး သူ့အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို (၁-ဝ) နဲ့ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်ဟာ အသက် ၃၅ နှစ်အရွယ် ကစားသမားကို အသင်းမှာ ဆက်နေရန် ကြိုးစားခဲ့သော်လည်း နောက်ခံလူက ဆုံးဖြတ်ချက်ပြန်မပြင်ခဲ့တာပါ။ ယခုအခါ သီယာဂိုဆေးလ်ဗားဟာ အနောက်လန်ဒန် ကလပ်အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကိုပါ တာဝန်ယူရဖွယ်ရှိနေပါတယ်။

ဘရာဇီးက သတင်းစာ Globo ရဲ့ ဖော်ပြချက်အရ လမ်းပတ်ဟာ သီယာဂိုဆေးလ်ဗားကို ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အသင်းခေါင်းဆောင် လုပ်စေချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟာ အက်ဇ်ပီလီကွီတာဖြစ်သော်လည်း လမ်းပတ်က ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ဦးဆောင်ပြီး ကစားထားသူကို တာဝန်ယူစေချင်နေတယ်လို့ သိရပါတယ်။

သီယာဂိုဆေးလ်ဗားဟာ တရုတ်က လစာ အမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့တာကို ပယ်ချပြီး အကောင်းဆုံးအဆင့်အတန်းတစ်ခုမှာ ဆက်ပြီး ကစားနေရန် ရည်ရွယ်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးပွဲအပြီးမှာ သီယာဂိုဆေးလ်ဗားက အနာဂတ်နဲ့ ပတ်သက်ပြီး သူဟာ အနည်းဆုံး အသက် (၃၈) နှစ်အရွယ်အထိ ကစားချင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒ့ါအပြင် ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းနဲ့ ပါဝင်ကစားရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

သီယာဂိုေဆးလ္ဗားကို အသင္းေခါင္းေဆာင္တာဝန္ ေပးအပ္ခ်င္ေနတဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာမယ့္ သီယာဂိုေဆးလ္ဗားကို အသင္းေခါင္းေဆာင္ တာဝန္ေပးအပ္ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဘရာဇီးကစားသမားဟာ တနဂၤေႏြေန႔က ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေနာက္ဆုံးကစားခဲ့ၿပီး သူ႔အသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို (၁-ဝ) နဲ႔ ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္ဟာ အသက္ ၃၅ ႏွစ္အ႐ြယ္ ကစားသမားကို အသင္းမွာ ဆက္ေနရန္ ႀကိဳးစားခဲ့ေသာ္လည္း ေနာက္ခံလူက ဆုံးျဖတ္ခ်က္ျပန္မျပင္ခဲ့တာပါ။ ယခုအခါ သီယာဂိုေဆးလ္ဗားဟာ အေနာက္လန္ဒန္ ကလပ္အသင္းမွာ အေရးပါတဲ့ အခန္းက႑ကိုပါ တာဝန္ယူရဖြယ္ရွိေနပါတယ္။

ဘရာဇီးက သတင္းစာ Globo ရဲ႕ ေဖာ္ျပခ်က္အရ လမ္းပတ္ဟာ သီယာဂိုေဆးလ္ဗားကို ၂၀၂၀-၂၁ ေဘာလုံးရာသီအတြက္ အသင္းေခါင္းေဆာင္ လုပ္ေစခ်င္ေနတာ ျဖစ္ပါတယ္။ လက္ရွိ ခ်ဲလ္ဆီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ဟာ အက္ဇ္ပီလီကြီတာျဖစ္ေသာ္လည္း လမ္းပတ္က ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအထိ ဦးေဆာင္ၿပီး ကစားထားသူကို တာဝန္ယူေစခ်င္ေနတယ္လို႔ သိရပါတယ္။

သီယာဂိုေဆးလ္ဗားဟာ တ႐ုတ္က လစာ အေျမာက္အျမားနဲ႔ ကမ္းလွမ္းခဲ့တာကို ပယ္ခ်ၿပီး အေကာင္းဆုံးအဆင့္အတန္းတစ္ခုမွာ ဆက္ၿပီး ကစားေနရန္ ရည္႐ြယ္ခဲ့သူျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းနဲ႔ ေနာက္ဆုံးပြဲအၿပီးမွာ သီယာဂိုေဆးလ္ဗားက အနာဂတ္နဲ႔ ပတ္သက္ၿပီး သူဟာ အနည္းဆုံး အသက္ (၃၈) ႏွစ္အ႐ြယ္အထိ ကစားခ်င္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဒ့ါအျပင္ ကာတာ ၂၀၂၂ ကမာၻ႔ဖလားမွာ ဘရာဇီးအသင္းနဲ႔ ပါဝင္ကစားရန္ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။