သီယာဂိုကို လီဗာပူးလ်အသင်းက အခုအချိန်အထိ တရားဝင် မကမ်းလှမ်းသေးဘူးလို့ ဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ်အသင်း

ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲ ရူမင်နစ်ဂီက လီဗာပူးလ်အသင်းဘက်က ကွင်းလယ်လူသီယာဂို ကို တရားဝင် ကမ်းလှမ်းမှု မလုပ်သေးဘူးလို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာမယ့် စပိန်လက်ရွေးစင်ကစားသမားကို လီဗာပူးလ်အသင်းဟာ ခေါ်ယူမယ်လို့ သတင်းတွေ များစွာ ထွက်ပေါ်နေတာဖြစ်ပါတယ်။

သူ့ရဲ့ စာချုပ်သက်တမ်းကလည်း နောက်ဆုံးနှစ်ထဲကို ရောက်နေလို့ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူလို့ရနိုင်မှာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကတော့ အသက် ၂၉ နှစ်အရွယ်ကစားသမား အတွက် ထပ်ပြီး ဈေးလျော့ဖို့ မရှိပါဘူး။ ရူမင်နစ်ဂီက သီယာဂိုအနေနဲ့ အပြောင်းအရွှေ့မပိတ်ခင် အသင်းကနေ ထွက်ခွာမယ်လို့ မျှော်လင့်နေသော်လည်း ပရီးမီးယားလိဂ် ချန်ပီယံအသင်းဘက်က ဘာစီလိုနာ ကစားသမားဟောင်းအတွက် အခုထိ မကမ်းလှမ်းသေးဘူးလို့ ပြောသွားခဲ့ပါတယ်။

“လီဗာပူးလ် နဲ့ ပတ်သက်ပြီး သတင်းတွေ အမြဲတမ်း ကြားနေဖတ်နေရပါတယ်။ ဒါပေမယ့် သူတို့က အခုထိ မကမ်းလှမ်းသေးပါဘူး။ မနေ့က ကျွန်တော်တို့ ကစားသမားနဲ့ တွေ့ဆုံခဲ့ပြီး သူ့တစ်မိသားစုလုံး လည်း ရှိပါတယ်။ ဒါက နှုတ်ဆက်နေသလိုပါပဲ။ ကျွန်တော်လည်း မသိသေးသလို့ သူလည်း ဘယ်ကို ပြောင်းရမလဲဆိုတာ သိမှာ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပဲ အာရုံစိုက်ခဲ့တာပါ။

နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ သူက Bild သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

သီယာဂိုဟာ ဖလား (၃) လုံးချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပွဲ (၄၀) ကစားထားပြီး သူ့ရဲ့ နောက်ဆုံးပွဲဟာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။

သီယာဂိုကို လီဗာပူးလ္အသင္းက အခုအခ်ိန္အထိ တရား၀င္ မကမ္းလွမ္းေသးဘူးလို႔ ဆိုလိုက္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္း

ဘိုင္ယန္ျမဴးနစ္အသင္း အၾကီးအကဲ ရူမင္နစ္ဂီက လီဗာပူးလ္အသင္းဘက္က ကြင္းလယ္လူသီယာဂို ကို တရား၀င္ ကမ္းလွမ္းမႈ မလုပ္ေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။ ဒီေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းက ထြက္ခြာမယ့္ စပိန္လက္ေရြးစင္ကစားသမားကို လီဗာပူးလ္အသင္းဟာ ေခၚယူမယ္လို႔ သတင္းေတြ မ်ားစြာ ထြက္ေပၚေနတာျဖစ္ပါတယ္။

သူ႔ရ႕ဲ စာခ်ဳပ္သက္တမ္းကလည္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနလို႔ ေပါင္ ၂၇ သန္းနဲ႔ ေခၚယူလို႔ရႏိုင္မွာျဖစ္ေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ကစားသမား အတြက္ ထပ္ျပီး ေစ်းေလ်ာ့ဖို႔ မရွိပါဘူး။ ရူမင္နစ္ဂီက သီယာဂိုအေနနဲ႔ အေျပာင္းအေရႊ႕မပိတ္ခင္ အသင္းကေန ထြက္ခြာမယ္လို႔ ေမွ်ာ္လင့္ေနေသာ္လည္း ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းဘက္က ဘာစီလိုနာ ကစားသမားေဟာင္းအတြက္ အခုထိ မကမ္းလွမ္းေသးဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“လီဗာပူးလ္ နဲ႔ ပတ္သက္ျပီး သတင္းေတြ အျမဲတမ္း ၾကားေနဖတ္ေနရပါတယ္။ ဒါေပမယ့္ သူတို႔က အခုထိ မကမ္းလွမ္းေသးပါဘူး။ မေန႔က ကၽြန္ေတာ္တို႔ ကစားသမားနဲ႔ ေတြ႕ဆံုခဲ့ျပီး သူ႔တစ္မိသားစုလံုး လည္း ရွိပါတယ္။ ဒါက ႏႈတ္ဆက္ေနသလိုပါပဲ။ ကၽြန္ေတာ္လည္း မသိေသးသလို႔ သူလည္း ဘယ္ကို ေျပာင္းရမလဲဆိုတာ သိမွာ မဟုတ္ေသးပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔အားလံုး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ပဲ အာရံုစိုက္ခဲ့တာပါ။

ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ ေစာင့္ရဦးမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ သူက Bild သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။

သီယာဂိုဟာ ဖလား (၃) လံုးခ်န္ပီယံ ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ပြဲ (၄၀) ကစားထားျပီး သူ႔ရဲ႕ ေနာက္ဆံုးပြဲဟာ ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲ ျဖစ္ပါတယ္။