ချဲလ်ဆီးမှာ တစ်ပတ် ပေါင် ၁သိန်း ၉ သောင်း ရမယ့် ဘင်ချီဝဲလ်

လက်စတာအသင်းက အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ ချဲလ်ဆီးကို အပြီးသတ်ပြောင်းရွှေ့ပြီးပါက တစ်ပတ်ကို ပေါင် ၁ သိန်း ၉ သောင်းရမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဘယ်နောက်ခံလူဟာ နောက် (၄၈) နာရီအတွင်း ဆေးစစ်မှု ခံယူမှာဖြစ်လို့ ဒီတစ်ပတ် မကုန်ခင် ချဲလ်ဆီးကစားသမား တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဆီက ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာဖြစ်လို့ ပုဂ္ဂိုလ်ရေးအရ အပြီးသတ်ဖို့ ပဲ ကျန်တော့တယ်လို့ The Telegraph က အဆိုအရ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေဖြစ်တဲ့ ဇီယက် နဲ့ တီမိုဝါနာတို့ထက် လစာပိုပေးဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းဟာ တီမိုဝါနာကို ပေါင် ၅၃ သန်း ၊ ဇီယက်ကို ပေါင် ၃၈ သန်းအပြင် သီယာဂိုဆေးလ်ဗား နဲ့ မလန်းဆားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှု ရထားပါတယ်။ ဘင်ချီဝဲလ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နောက်ဆုံး ရွေးချယ်မှု လူစာရင်းမှာ ဖနောင့်ဒဏ်ရာကြောင့် ချန်လှပ်ထားခြင်းခံခဲ့ရပေမယ့် ချဲလ်ဆီးအသင်းကတော့ သူ့ရဲ့ ဒဏ်ရာပြဿနာကို စိုးရိမ်မှု မရှိဘူးလို့ သိရပါတယ်။

ခ်ဲလ္ဆီးမွာ တစ္ပတ္ ေပါင္ ၁သိန္း ၉ ေသာင္း ရမယ့္ ဘင္ခ်ီ၀ဲလ္

လက္စတာအသင္းက အဂၤလန္လက္ေရြးစင္ ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ဟာ ခ်ဲလ္ဆီးကို အျပီးသတ္ေျပာင္းေရႊ႕ျပီးပါက တစ္ပတ္ကို ေပါင္ ၁ သိန္း ၉ ေသာင္းရမယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဘယ္ေနာက္ခံလူဟာ ေနာက္ (၄၈) နာရီအတြင္း ေဆးစစ္မႈ ခံယူမွာျဖစ္လို႔ ဒီတစ္ပတ္ မကုန္ခင္ ခ်ဲလ္ဆီးကစားသမား တစ္ေယာက္ျဖစ္လာမွာ ျဖစ္ပါတယ္။

လက္စတာအသင္းဟာ ပရီးမီးယားလိဂ္ျပိဳင္ဘက္အသင္းဆီက ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းမႈကို လက္ခံလိုက္တာျဖစ္လို႔ ပုဂၢိဳလ္ေရးအရ အျပီးသတ္ဖို႔ ပဲ က်န္ေတာ့တယ္လို႔ The Telegraph က အဆိုအရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းက အသစ္ေခၚယူထားတဲ့ ကစားသမားအသစ္ေတြျဖစ္တဲ့ ဇီယက္ နဲ႔ တီမို၀ါနာတို႔ထက္ လစာပိုေပးဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ဒီေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းဟာ တီမိုဝါနာကို ေပါင္ ၅၃ သန္း ၊ ဇီယက္ကို ေပါင္ ၃၈ သန္းအျပင္ သီယာဂိုေဆးလ္ဗား နဲ႔ မလန္းဆားကိုလည္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရထားပါတယ္။ ဘင္ခ်ီ၀ဲလ္ဟာ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ေနာက္ဆံုး ေရြးခ်ယ္မႈ လူစာရင္းမွာ ဖေနာင့္ဒဏ္ရာေၾကာင့္ ခ်န္လွပ္ထားျခင္းခံခဲ့ရေပမယ့္ ခ်ဲလ္ဆီးအသင္းကေတာ့ သူ႔ရဲ႕ ဒဏ္ရာျပႆနာကို စိုးရိမ္မႈ မရွိဘူးလို႔ သိရပါတယ္။