ရီးရဲလ်၊ဘိုင်ယန်မြူးနစ်မှာ လက်တွဲခဲ့ဖူးတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေနေပြီဖြစ်တဲ့ အန်ဆယ်လော့တီရဲ့ အဲဗာတန်

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းအနေနဲ့ ရီးရဲလ်မှာပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီး အသင်း ပြောင်းဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးနေပြီလို့ သိရပါတယ်။ အဲဗာတန်နည်း ပြ အန်ဆယ်လော့တီအနေနဲ့ ရီးရဲလ်ကို ကိုင်တွယ်ခဲ့တုန်းက လက်တွဲခဲ့ဖူးတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့အတွက် အစော ပိုင်းကတည်းက စိတ်ဝင်စားခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးတယ်ဆိုပေမယ့် အသင်းကလည်း သူကိုရောင်းချဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်အနေနဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ဘိုင်ယန်မြူးနစ်ထံ ၂ နှစ် အဌားချခဲ့ပြီး ပြန်လည်ခေါ်ယူခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်နေရာ မပေးနိုင်တာကြောင့် ရောင်းချဖို့အတွက် စီစဉ်နေတာဖြစ် တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။


ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်က လန်ဒန်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊စပါးနဲ့ အာဆင်နယ်တို့ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီး စီးရီးအေကလပ် နာပိုလီနဲ့ လာလီဂါကလပ် အက်သလက်တီကိုတို့ကလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်ကနေ ထွက်ဖို့ သေချာသလောက်ရှိနေတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့် ရဖို့အတွက် အန်ဆယ်လော့တီရှိတဲ့ အဲဗာတန်ကို ပြောင်းရွှေ့နိုင်တယ်လို့လည်း ဖော်ပြမှုတွေ ရှိနေပါတယ်။


အဲဗာတန်နည်းပြ အန်ဆယ်လော့တီအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူနဲ့ ကွင်းလယ်အဖျက်နေရာတွေ အတွက်လည်း ကစားသမားခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပြီး ဝက်ဖို့ဒ်က ဒေါ့ကူရီနဲ့ နာပိုလီက အလန်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ဝက်ဖို့ဒ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတာကြောင့် အဲဗာတန်အနေနဲ့ ဒေါ့ကူရီကို ခေါ်ယူနိုင်ဖို့ များနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

zawgyi version

ရီးရဲလ္၊ဘိုင္ယန္ျမဴးနစ္မွာ လက္တြဲခဲ့ဖူးတဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူဖို႔ ေဆြးေႏြေနၿပီျဖစ္တဲ့ အန္ဆယ္ေလာ့တီရဲ႕ အဲဗာတန္
ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ အဲဗာတန္အသင္းအေနနဲ႔ ရီးရဲလ္မွာပံုမွန္ေနရာရဖို႔ ႐ုန္းကန္ေနရၿပီး အသင္း ေျပာင္းဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူဖို႔အတြက္ ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။ အဲဗာတန္နည္း ျပ အန္ဆယ္ေလာ့တီအေနနဲ႔ ရီးရဲလ္ကို ကိုင္တြယ္ခဲ့တုန္းက လက္တြဲခဲ့ဖူးတဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူဖို႔အတြက္ အေစာ ပိုင္းကတည္းက စိတ္ဝင္စားခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ေနေသးတယ္ဆိုေပမယ့္ အသင္းကလည္း သူကိုေရာင္းခ်ဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ ရီးရဲလ္အေနနဲ႔ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ဘိုင္ယန္ျမဴးနစ္ထံ ၂ ႏွစ္ အဌားခ်ခဲ့ၿပီး ျပန္လည္ေခၚယူခဲ့ေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ေနရာ မေပးႏိုင္တာေၾကာင့္ ေရာင္းခ်ဖို႔အတြက္ စီစဥ္ေနတာျဖစ္ တယ္လို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။
ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္က လန္ဒန္ထိပ္သီးအသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊စပါးနဲ႔ အာဆင္နယ္တို႔ ကလည္း စိတ္ဝင္စားေနတယ္လို႔ သိရၿပီး စီးရီးေအကလပ္ နာပိုလီနဲ႔ လာလီဂါကလပ္ အက္သလက္တီကိုတို႔ကလည္း ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။ ရီးရဲလ္ကေန ထြက္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ ရဖို႔အတြက္ အန္ဆယ္ေလာ့တီရွိတဲ့ အဲဗာတန္ကို ေျပာင္းေရႊ႕ႏိုင္တယ္လို႔လည္း ေဖာ္ျပမႈေတြ ရွိေနပါတယ္။
အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဗဟိုေနာက္ခံလူနဲ႔ ကြင္းလယ္အဖ်က္ေနရာေတြ အတြက္လည္း ကစားသမားေခၚယူသြားဖို႔ ရွိေနတယ္လို႔ သိရၿပီး ဝက္ဖို႔ဒ္က ေဒါ့ကူရီနဲ႔ နာပိုလီက အလန္တို႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ဝက္ဖို႔ဒ္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားရတာေၾကာင့္ အဲဗာတန္အေနနဲ႔ ေဒါ့ကူရီကို ေခၚယူႏိုင္ဖို႔ မ်ားေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။