ဘာစီလိုနာကြောင့် နွေရာသီဦးစားပေးပစ်မှတ်ဖြစ်တဲ့ ပါတေးကို ခေါ်ယူဖို့ ဆုံးရှုံးရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ်အဖြစ်ခေါ်ယူဖို့ ရှိနေတဲ့ အက်သလက်တီကို ကွင်းလယ်ကစားသမား ပါတေးကို ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အက်သလက်တီ ကိုအသင်းအနေနဲ့ ကစားသမားရဲ့စာချုပ်ပါလျော်ကြေးအတိုင်း ပေါင် ၄၅ သန်း ပေးနိုင်မှ ခေါ်ယူနိုင်မယ်လို့ ပြောထားတာ ကြောင့် အာဆင်နယ်က ခေါ်ယူဖို့အတွက် နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။


အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါတေးကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဟာ နည်းပြဟောင်း အူနိုင်းအမ်မရီလက်ထက် ကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အာတီတာရဲ့လက်ထက်မှာလည်း ခေါ်ယူဖို့ ကမ်းလှမ်းမှု တွေပြုလုပ်ခဲ့တယ်လို့ သိ ရပါတယ်။BT Sport ရဲ့ အားကစားသုံးသပ်သူ ဝင်းတားဘန်းကတော့ အာဆင်နယ်အနေနဲ့ ပါတေးကိုခေါ်ယူမယ့်ကိစ္စမှာ ဘာစီလိုနာကြောင့် ခေါ်ယူဖို့ ဆုံးရှုံးနိုင်တယ်လို့ သုံးသပ်ထားခဲ့ပါတယ်။


ဝင်းတားဘန်းက “ဘာစီလိုနာလိုအသင်းမျိုးနဲ့ ကစားသမားတစ်ယောက်ကို ယှဉ်ပြိုင်ပြီးခေါ်ရတဲ့အသင်းအနေနဲ့ ဒီကစား သမားကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးနည်းပါတယ်။ အခုချိန်မှာ ဘာစီလိုနာကလည်း ကွင်းလယ်ပိုင်းလိုအပ်ချက်တွေကြောင့် ပါတေးကိုခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပါတေးက ကွင်းလယ်မှာ နေရာစုံကစားနိုင်တဲ့ ကစားသမားတစ် ယောက်ဖြစ်တာကြောင့် သူကိုခေါ်ယူနိုင်တဲ့အသင်းအနေနဲ့ အကျိုးရှိမှာပါ” လို့ Bookmakers.co.uk ကနေ ပြောခဲ့ပါတယ်။


အာဆင်နယ်ဟာ လိုင်လီနောက်ခံလူ ဂါဘရီရယ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိထားပြီး စိန့်အက်တီယန်ကို အဌားချထားတဲ့ ဆလီဘာကိုလည်း ပြန်ခေါ်ထားတယ်လို့ သိရပါတယ်။ အသင်းကနေ ကစားသမားအချို့ ထွက်သွားဖို့ ရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ကစားသမားသစ် အနည်းဆုံး ၂ယောက် ကနေ ၃ ယောက် ခေါ်ယူသင့်တယ်လို့ ဝင်းတားဘန်းက အကြံပေးခဲ့ပါတယ်။

zawgyi version
