ဆဲလ်ဘတ်နဲ့ ခြေစမ်းပွဲမှာ ဗန်ဒိုက်ခ် အနေနဲ့ ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့တဲ့ ကလော့ပ်

လီဗာပူးနည်းပြ ကလော့ပ်က ရာသီကြိုခြေစမ်းပွဲအဖြစ် ဆဲလ်ဘတ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ နောက်ခံလူဗန်ဒိုက်ခ်အနေ နဲ့ ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးဆိုပြီး ပြောခဲ့ပါတယ်။ ဆဲလ်ဘတ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဗန်ဒိုက်ခ်ကို ပွဲချိန် ၅၅ မိနစ်မှာပဲ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးဟာ လာမယ့်စနေနေ့မှာတော့ အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့ အာဆင် နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်ကနေတဆင့် နည်းပြကလော့ပ်က “ ဗန်ဒိုက်ခ်ရဲ့ အနေအထားကို ကြည့်ရတာ အေးဆေးဖြစ်နေတဲ့ အနေအထားပါ။ ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် ကြီးကြီးမားမား ပြဿနာမရှိတဲ့ပုံပါပဲ” လို့ ပြောခဲ့ပါတယ်။ ဆဲလ်ဘတ်နဲ့ပွဲမှာ လီဗာပူးအနေနဲ့ အိမ်ရှင်အသင်းရဲ့ဦးဆောင်ဂိုးတွေ သွင်းယူတာခံခဲ့ရပြီးမှ လူငယ်တိုက်စစ်မှူး ဘရူး စတားရဲ့ ချေပဂိုးတွေကြောင့်သာ မရှုံးခဲ့တာဖြစ်ပါတယ်။


လီဗာပူးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ချိမ်ဘာလိန်၊အိုရီဂီ၊ ရှာကွီရီ၊အာနိုးလ်၊ မာတစ်ပ်နဲ့ ဟန်ဒါဆင်တို့လို ကစားသ မားတွေ ပါဝင်ခဲ့ခြင်းမရှိဘူးဆိုပေမယ့် ကလော့ပ်အနေနဲ့ အဓိက,ကစားသမားအများစုနဲ့ လူငယ်ကစားသမားတွေကိုတွဲပြီး အသုံးပြုတာ တွေ့ရပါတယ်။ လူငယ်တိုက်စစ်မှူး ဘရူးစတားအနေနဲ့ ရာသီကြိုခြေစမ်းပွဲ အဖြစ်ကစားခဲ့တဲ့ နှစ်ပွဲမှာ သွင်းဂိုး သုံးဂိုးသွင်းနိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


လီဗာပူးနည်းပြကလော့ပ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အိုလံပီယာကို့စ်ကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ တီဆီမီကက်စ်ကိုတော့ ခြေစမ်းပွဲတွေမှာ အရန်ကစားသမားအဖြစ်ပဲ အသုံးပြုခဲ့တာတွေရပါတယ်။ အသက် ၂၄ ပဲ ရှိသေးတဲ့ ဂရိနောက်ခံလူ တီဆီမီကက်စ်အနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်လာမယ် လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

zawgyi version

ဆဲလ္ဘတ္နဲ႔ ေျခစမ္းပြဲမွာ ဗန္ဒိုက္ခ္ အေနနဲ႔ ဒဏ္ရာရခဲ့ေပမယ့္ စိုးရိမ္စရာမရွိဘူးလို႔ ေျပာခဲ့တဲ့ ကေလာ့ပ္
လီဗာပူးနည္းျပ ကေလာ့ပ္က ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ဆဲလ္ဘတ္နဲ႔ ႏွစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ေနာက္ခံလူဗန္ဒိုက္ခ္အေန နဲ႔ ဒဏ္ရာရရွိခဲ့ေပမယ့္ စိုးရိမ္စရာမရွိဘူးဆိုၿပီး ေျပာခဲ့ပါတယ္။ ဆဲလ္ဘတ္နဲ႔ပြဲမွာ ဒဏ္ရာရရွိခဲ့တဲ့ ဗန္ဒိုက္ခ္ကို ပြဲခ်ိန္ ၅၅ မိနစ္မွာပဲ လူစားလဲခဲ့ရတာ ျဖစ္ပါတယ္။ လီဗာပူးဟာ လာမယ့္စေနေန႔မွာေတာ့ အက္ဖ္ေအဖလား ခ်န္ပီယံျဖစ္တဲ့ အာဆင္ နယ္နဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ လီဗာပူးအသင္းဝက္ဘ္ဆိုဒ္ကေနတဆင့္ နည္းျပကေလာ့ပ္က “ ဗန္ဒိုက္ခ္ရဲ႕ အေနအထားကို ၾကည့္ရတာ ေအးေဆးျဖစ္ေနတဲ့ အေနအထားပါ။ ဒဏ္ရာရခဲ့တယ္ဆိုေပမယ့္ ႀကီးႀကီးမားမား ျပႆနာမရွိတဲ့ပံုပါပဲ” လို႔ ေျပာခဲ့ပါတယ္။ ဆဲလ္ဘတ္နဲ႔ပြဲမွာ လီဗာပူးအေနနဲ႔ အိမ္ရွင္အသင္းရဲ႕ဦးေဆာင္ဂိုးေတြ သြင္းယူတာခံခဲ့ရၿပီးမွ လူငယ္တိုက္စစ္မွဴး ဘ႐ူး စတားရဲ႕ ေခ်ပဂိုးေတြေၾကာင့္သာ မရႈံးခဲ့တာျဖစ္ပါတယ္။
လီဗာပူးအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ခ်ိမ္ဘာလိန္၊အိုရီဂီ၊ ရွာကြီရီ၊အာႏိုးလ္၊ မာတစ္ပ္နဲ႔ ဟန္ဒါဆင္တို႔လို ကစားသ မားေတြ ပါဝင္ခဲ့ျခင္းမရွိဘူးဆိုေပမယ့္ ကေလာ့ပ္အေနနဲ႔ အဓိက,ကစားသမားအမ်ားစုနဲ႔ လူငယ္ကစားသမားေတြကိုတြဲၿပီး အသံုးျပဳတာ ေတြ႕ရပါတယ္။ လူငယ္တိုက္စစ္မွဴး ဘ႐ူးစတားအေနနဲ႔ ရာသီႀကိဳေျခစမ္းပြဲ အျဖစ္ကစားခဲ့တဲ့ ႏွစ္ပြဲမွာ သြင္းဂိုး သံုးဂိုးသြင္းႏိုင္တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အိုလံပီယာကို႔စ္ကေန ေပါင္ ၁၃ သန္းနဲ႔ ေခၚယူထားတဲ့ ေနာက္ခံလူ တီဆီမီကက္စ္ကိုေတာ့ ေျခစမ္းပြဲေတြမွာ အရန္ကစားသမားအျဖစ္ပဲ အသံုးျပဳခဲ့တာေတြရပါတယ္။ အသက္ ၂၄ ပဲ ရွိေသးတဲ့ ဂရိေနာက္ခံလူ တီဆီမီကက္စ္အေနနဲ႔ လာမယ့္ရာသီမွာ အသင္းရဲ႕အဓိကေနာက္ခံလူတစ္ဦးျဖစ္လာမယ္ လို႔ သတ္မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။