ဂရိမှာ ရန်ဖြစ်ခဲ့တဲ့ မက်ဂွိုင်းယားအနေနဲ့ ထောင် ၂၁ လနဲ့ ၁၀ ရက်ကျခံရမှာဖြစ်ပြီး ပြစ်ဒဏ်ကို ၃နှစ် ဆိုင်းငံခွင့်ရရှိတယ်လို့ သိရ

ယူနိုက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့ အားလပ်ရက်အဖြစ် ဂရိနိုင်ငံမှာ အပန်းဖြေရင်း ရန်ဖြစ်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံရဖို့ ရှိနေတယ်လို့ သိရပါတယ်။ မက်ဂွိုင်းယားအနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်းမှု၊ ဖမ်းဆီးထိန်းသိမ်း ရာတွင် ငြင်းဆန်မှု၊ လွတ်မြောက်ဖို့အတွက် လာဘ်ထိုးမှု စတဲ့ အမှု ၃ခုမှာ ထင်ရှားခဲ့တာကြောင့် ထောင်ဒဏ် ၂၁ လနဲ့ ၁၀ ရက်ကျခံစေဖို့ ဂရိတရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ကို ၃နှစ်အထိဆိုင်းငံခွင့် ရှိတယ်လို့ သိရပါတယ်။


တရားရင်ဆိုင်နေရချိန်တုန်းမှာ ဂရိအစိုးရရှေ့နေတွေက “ မက်ဂွိုင်းယားအနေနဲ့ သူဘယ်သူဆိုတာကို သိရဲ့လား။ သူက ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ပြီး ဒီပြစ်ဒဏ်ကနေလွတ်မြောက်ဖို့ အတွက် ပိုက်ဆံပေးနိုင်ပါတယ်။ ငါတို့ကို သွားခွင့် ပြုပါ”ဆိုပြီး ပြောခဲ့တာတွေကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ မက်ဂွိုင်းယားရဲ့အကိုနဲ့သူငယ်ချင်း ဖြစ်သူ ခရစ္စတိုဖာရှာမန်းတို့ကိုလည်း ထောင်ဒဏ် ၁၃ လစီ ချမှတ်ခဲ့ပြီး ဆိုင်းငံ ၃နှစ်ရရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ မက်ဂွိုင်းယားအနေနဲ့ ပြစ်ဒဏ်ကျခံရမှုနဲ့ ပတ်သက်ပြီး သူရဲ့အင်စတာဂရမ်အကောင့်မှာ “နေရယ်၊ လရယ်၊ အမှန်တရားရယ်ကိုတော့ အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး” လို့ ရေးပြီးတင်ခဲ့ပါတယ်။ လက်ရှိမှာ မက်ဂွိုင်း ယားအနေနဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်မယ့် ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။


အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ အစောပိုင်းတုန်းက မက်ဂွိုင်းယားကို အိုက်စလန်၊ ဒိန်းမတ်တို့နဲ့ ကစားမယ့်ပွဲစဉ်တွေ အတွက် ရွေးချယ်ခဲ့ပေမယ့် ပြစ်ဒဏ်ကျခံရဖို့ ဆုံးဖြတ်ပြီး နာရီပိုင်းအတွင်းမှာပဲ အသင်းရဲ့လူစာရင်းကနေ ဖယ်ရှားခဲ့တယ် လို့ သိရပါတယ်။ ဆောက်ဂိတ်က “ မက်ဂွိုင်းယားအနေနဲ့ ဒီဖြစ်ရပ်ကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါ တယ်။ အခုချိန်မှာ သူအတွက် ခက်ခဲနေမှာကြောင့် သူကိုမရွေးချယ်ခဲ့တော့တာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဂရိမွာ ရန္ျဖစ္ခဲ့တဲ့ မက္ဂြိဳင္းယားအေနနဲ႔ ေထာင္ ၂၁ လနဲ႔ ၁၀ ရက္က်ခံရမွာျဖစ္ၿပီး ျပစ္ဒဏ္ကို ၃ႏွစ္ ဆိုင္းငံခြင့္ရရွိတယ္လို႔ သိရ
ယူႏိုက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားအေနနဲ႔ အားလပ္ရက္အျဖစ္ ဂရိႏိုင္ငံမွာ အပန္းေျဖရင္း ရန္ျဖစ္ခဲ့တာေၾကာင့္ ေထာင္ဒဏ္က်ခံရဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ မက္ဂြိဳင္းယားအေနနဲ႔ ကိုယ္ထိလက္ေရာက္က်ဴးလြန္းမႈ၊ ဖမ္းဆီးထိန္းသိမ္း ရာတြင္ ျငင္းဆန္မႈ၊ လြတ္ေျမာက္ဖို႔အတြက္ လာဘ္ထိုးမႈ စတဲ့ အမႈ ၃ခုမွာ ထင္ရွားခဲ့တာေၾကာင့္ ေထာင္ဒဏ္ ၂၁ လနဲ႔ ၁၀ ရက္က်ခံေစဖို႔ ဂရိတရားရံုးက ဆံုးျဖတ္ခဲ့တာျဖစ္ၿပီး ျပစ္ဒဏ္ကို ၃ႏွစ္အထိဆိုင္းငံခြင့္ ရွိတယ္လို႔ သိရပါတယ္။
တရားရင္ဆိုင္ေနရခ်ိန္တုန္းမွာ ဂရိအစိုးရေရွ႕ေနေတြက “ မက္ဂြိဳင္းယားအေနနဲ႔ သူဘယ္သူဆိုတာကို သိရဲ႕လား။ သူက ယူႏိုက္တက္အသင္းေခါင္းေဆာင္ျဖစ္ၿပီး ဒီျပစ္ဒဏ္ကေနလြတ္ေျမာက္ဖို႔ အတြက္ ပိုက္ဆံေပးႏိုင္ပါတယ္။ ငါတို႔ကို သြားခြင့္ ျပဳပါ”ဆိုၿပီး ေျပာခဲ့တာေတြကို တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္မွာ ပါဝင္ခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕အကိုနဲ႔သူငယ္ခ်င္း ျဖစ္သူ ခရစၥတိုဖာရွာမန္းတို႔ကိုလည္း ေထာင္ဒဏ္ ၁၃ လစီ ခ်မွတ္ခဲ့ၿပီး ဆိုင္းငံ ၃ႏွစ္ရရွိခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့အဂၤါေန႔မွာေတာ့ မက္ဂြိဳင္းယားအေနနဲ႔ ျပစ္ဒဏ္က်ခံရမႈနဲ႔ ပတ္သက္ၿပီး သူရဲ႕အင္စတာဂရမ္အေကာင့္မွာ “ေနရယ္၊ လရယ္၊ အမွန္တရားရယ္ကိုေတာ့ အၾကာႀကီး ဖုံးကြယ္ထားလို႔ မရပါဘူး” လို႔ ေရးၿပီးတင္ခဲ့ပါတယ္။ လက္ရွိမွာ မက္ဂြိဳင္း ယားအေနနဲ႔ စက္တင္ဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္မယ့္ ယူႏိုက္တက္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါဝင္ႏိုင္ဦးမွာ မဟုတ္ေၾကာင္းလည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ အေစာပိုင္းတုန္းက မက္ဂြိဳင္းယားကို အိုက္စလန္၊ ဒိန္းမတ္တို႔နဲ႔ ကစားမယ့္ပြဲစဥ္ေတြ အတြက္ ေရြးခ်ယ္ခဲ့ေပမယ့္ ျပစ္ဒဏ္က်ခံရဖို႔ ဆံုးျဖတ္ၿပီး နာရီပိုင္းအတြင္းမွာပဲ အသင္းရဲ႕လူစာရင္းကေန ဖယ္ရွားခဲ့တယ္ လို႔ သိရပါတယ္။ ေဆာက္ဂိတ္က “ မက္ဂြိဳင္းယားအေနနဲ႔ ဒီျဖစ္ရပ္ကို အေကာင္းဆံုးေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယံုၾကည္ခဲ့ပါ တယ္။ အခုခ်ိန္မွာ သူအတြက္ ခက္ခဲေနမွာေၾကာင့္ သူကိုမေရြးခ်ယ္ခဲ့ေတာ့တာပါ” လို႔ ေျပာခဲ့ပါတယ္။