ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ကျော်သုံးပြီး တစ်ပတ်လုပ်ခလစာ ပေါင် သုံးသိန်းတစ်သောင်းနဲ့ ဟာဗက်ဇ် ကို ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့ပစ်မှတ်မှာ အဓိကဦးစားပေးပစ်မှတ်ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကို ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ကျော်ပေးပြီး ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ကိုင်ဟာဗက်ဇ်အနေနဲ့ ချဲလ်ဆီးကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခလစာပေါင် သုံးသိန်းတစ်သောင်း ရရှိမှာဖြစ်တယ်လို့ သိ ရပါတယ်။


ကိုင်ဟာဗက်ဇ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကို တီမိုဝါနာ၊ဇီယက်တို့အပြီး တတိယမြောက်ရောက်ရှိလာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဟာဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် ကနဦးပေးချေမှုအဖြစ်ပေါင် ၇၂.၂ သန်းပေးရမှာဖြစ်ပြီး အောင်မြင်မှုအလိုက် နောက်ထပ်ပေါင် ၉ သန်းထပ်ပေးရမှာဖြစ်ပါတယ်။ဆုဖလား အောင်မြင်မှုရရင် ထပ်ပေးရမယ့် ဆုကြေးတွေကြောင့် စုစုပေါင်း ပေါင်သန်း ၉၀ ကျော်အထိ ရှိမှာဖြစ်ပါတယ်။


ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ မျှော်လင့်နေတာကြောင့် ဖေဖော် ဝါရီလကတည်းက ကစားသမားခေါ်ယူမှုအတွက် ပေါင် ၁၇၈ သန်းအထိ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်း ပတ်အနေနဲ့ ကစားသမားခေါ်ယူမှုအတွက် ဆက်လုပ်ဆောင်နေပြီး လက်စတာနောက်ခံလူ ဘင်ချီဝဲလ်ကိုလည်း ပေါင် သန်း ၅၀ နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ချဲလ်ဆီးနဲ့ ဆက်စပ်တဲ့ အခြားသတင်းတစ်ပုဒ်မှာတော့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အီမာဆင်နဲ့ ဘာကာယိုကိုတို့ အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့အတွက် သေချာနေခဲ့ပြီလို့ အသင်းရဲ့အပြောင်းအရွှေ့ အမှုဆောင် ချုပ် မာရီနာဂရန်စကာရာက ပြောခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ကို ရောင်းချလိုက်တဲ့အတွက် ချဲလ်ဆီးအနေနဲ့ ပေါင် ၅၄ သန်းရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version

ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၉၀ ေက်ာ္သံုးၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ သံုးသိန္းတစ္ေသာင္းနဲ႔ ဟာဗက္ဇ္ ကို ေခၚယူႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕ပစ္မွတ္မွာ အဓိကဦးစားေပးပစ္မွတ္ျဖစ္တဲ့ ကိုင္ဟာဗက္ဇ္ကို ကလပ္စံခ်ိန္ တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၉၀ ေက်ာ္ေပးၿပီး ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သိရပါတယ္။ ကိုင္ဟာဗက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးကို ၅ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး တစ္ပတ္လုပ္ခလစာေပါင္ သံုးသိန္းတစ္ေသာင္း ရရွိမွာျဖစ္တယ္လို႔ သိ ရပါတယ္။
ကိုင္ဟာဗက္ဇ္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးကို တီမိုဝါနာ၊ဇီယက္တို႔အၿပီး တတိယေျမာက္ေရာက္ရွိလာတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ဟာဗက္ဇ္ရဲ႕ ေျပာင္းေရႊ႕ေၾကးအတြက္ ကနဦးေပးေခ်မႈအျဖစ္ေပါင္ ၇၂.၂ သန္းေပးရမွာျဖစ္ၿပီး ေအာင္ျမင္မႈအလိုက္ ေနာက္ထပ္ေပါင္ ၉ သန္းထပ္ေပးရမွာျဖစ္ပါတယ္။ဆုဖလား ေအာင္ျမင္မႈရရင္ ထပ္ေပးရမယ့္ ဆုေၾကးေတြေၾကာင့္ စုစုေပါင္း ေပါင္သန္း ၉၀ ေက်ာ္အထိ ရွိမွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ ေဖေဖာ္ ဝါရီလကတည္းက ကစားသမားေခၚယူမႈအတြက္ ေပါင္ ၁၇၈ သန္းအထိ အသံုးျပဳထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ လမ္း ပတ္အေနနဲ႔ ကစားသမားေခၚယူမႈအတြက္ ဆက္လုပ္ေဆာင္ေနၿပီး လက္စတာေနာက္ခံလူ ဘင္ခ်ီဝဲလ္ကိုလည္း ေပါင္ သန္း ၅၀ နဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးနဲ႔ ဆက္စပ္တဲ့ အျခားသတင္းတစ္ပုဒ္မွာေတာ့ အသင္းရဲ႕ကစားသမားေတြျဖစ္တဲ့ အီမာဆင္နဲ႔ ဘာကာယိုကိုတို႔ အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔အတြက္ ေသခ်ာေနခဲ့ၿပီလို႔ အသင္းရဲ႕အေျပာင္းအေရႊ႕ အမႈေဆာင္ ခ်ဳပ္ မာရီနာဂရန္စကာရာက ေျပာခဲ့ပါတယ္။ ဒီကစားသမားႏွစ္ေယာက္ကို ေရာင္းခ်လိုက္တဲ့အတြက္ ခ်ဲလ္ဆီးအေနနဲ႔ ေပါင္ ၅၄ သန္းရရွိမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။