ယူနိုက်တက်မှာ နည်းပြတုန်းက နေမာ ၊ မာနေး၊ လီဝန်ဒေါစကီး နဲ့ ကန်တေ တို့ကို လိုချင်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ဗန်ဟားလ်

ဗန်ဟားလ်က သူယူနိုက်တက်အသင်းကို တာဝန်ယူတုန်းက ထိပ်သီးကြယ်ပွင့်တွေဖြစ်တဲ့ နေမာ၊ မာနေး နဲ့ ကန်တေအပါအဝင် ကစားသမား (၅) ယောက်လောက်ကို ခေါ်ယူချင်ခဲ့တယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ဗန်ဟားလ်ဟာ ဒေးဗစ်မိုယက်စ်ရဲ့ နေရာကို အိုးထရက်ဖိုဒ့်မှာ အစားဝင်ရောက်လာသူဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မာရှယ်လ်၊ ဒီပေး ၊ ဒီမာရီယာ နဲ့ ဖယ်လ်ကာအိုတို့ကို ခေါ်ယူပေးခဲ့သော်လည်း ဗန်ဟားလ်က သူလိုချင်တဲ့ ကြယ်ပွင့်တွေကို အသင်းက မခေါ်ယူပေးနိုင်ခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်က လီဝန်ဒေါစကီးလိုချင်ခဲ့ပေမယ့် ဒါက အရမ်းခက်ခဲနိုင်လို့ ဟီဂွါအင်ကို ကြိုးစားခဲ့ပါတယ်။ ကျွန်တော်မရောက်ခင်တုန်းက နေမာ အကြောင်းကို အသင်းဘုတ်အဖွဲ့ကို ပြောခဲ့ပါတယ်။ တစ်ကယ်လို့ ခင်ဗျားက ယူနိုက်တက်မှာဆိုရင် ကြီးကြီးတွေးရပါမယ်။ ကျွန်တော်မြန်ဆန်တဲ့ တောင်ပံကစားသမားတွေကို လိုချင်ခဲ့တာပါ။

ဒါကြောင့် မာနေး နဲ့ မာရက်ဇ်ကိုလည်း ကြိုးစားခဲ့ပါတယ်။သောမတ်စ်မူလာလည်း ကျွန်တေ်ာလိုချင်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်မှာဆိုရင်တော့ ကန်တေကို လိုချင်ခဲ့ပါတယ်။ ဂျိမ်းစ်မီလ်နာကိုလည်း ကြိုးစားခဲ့ပါတယ်။ သူဟာ နေရာစုံမှာ ကစားနိုင်ပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။နောက်တန်းမှာဆိုရင်တော့ ရာမိုစ့် နဲ့ ဟမ်းမဲလ်တို့ကို လိုချင်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ နောက်တန်းတွေက လုံလောက်တဲ့ အင်အားမရှိပါဘူး။ အဲ့ဒါတွေက ကျွန်တော့် ပစ်မှတ်တွေ ဖြစ်ခဲ့ပေမယ့် တစ်ယောက်မှ မခေါ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ ကျွန်တော် မသိခဲ့ပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ လူဝယ်တဲ့ ကိစ္စထဲ မပါဝင်ပါဘူး။ ကျွန်တော်လည်း အသင်းက ထွက်ခွာခဲ့ရတော့ မာရက်ဇ် နဲ့ ကန်တေ တို့ဟာ မန်စီးတီး နဲ့ ချဲလ်ဆီးကို ရောက်သွားပါပြီ” လို့ ဗန်ဟားလ်က FourFourTwo သတင်းစာ ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ယူႏိုက္တက္မွာ နည္းျပတုန္းက ေနမာ ၊ မာေနး၊ လီ၀န္ေဒါစကီး နဲ႔ ကန္ေတ တို႔ကို လုိခ်င္ခဲ့တယ္လို႔ ဆိုလုိက္တဲ့ ဗန္ဟားလ္

ဗန္ဟားလ္က သူယူႏိုက္တက္အသင္းကို တာ၀န္ယူတုန္းက ထိပ္သီးၾကယ္ပြင့္ေတြျဖစ္တဲ့ ေနမာ၊ မာေနး နဲ႔ ကန္ေတအပါအ၀င္ ကစားသမား (၅) ေယာက္ေလာက္ကို ေခၚယူခ်င္ခဲ့တယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ ဗန္ဟားလ္ဟာ ေဒးဗစ္မိုယက္စ္ရဲ႕ ေနရာကို အိုးထရက္ဖိုဒ့္မွာ အစား၀င္ေရာက္လာသူျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းဟာ မာရွယ္လ္၊ ဒီေပး ၊ ဒီမာရီယာ နဲ႔ ဖယ္လ္ကာအိုတို႔ကို ေခၚယူေပးခဲ့ေသာ္လည္း ဗန္ဟားလ္က သူလိုခ်င္တဲ့ ၾကယ္ပြင့္ေတြကို အသင္းက မေခၚယူေပးႏိုင္ခဲ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္က လီ၀န္ေဒါစကီးလိုခ်င္ခဲ့ေပမယ့္ ဒါက အရမ္းခက္ခဲႏိုင္လို႔ ဟီဂြါအင္ကို ၾကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္မေရာက္ခင္တုန္းက ေနမာ အေၾကာင္းကို အသင္းဘုတ္အဖြဲ႕ကို ေျပာခဲ့ပါတယ္။ တစ္ကယ္လို႔ ခင္ဗ်ားက ယူႏိုက္တက္မွာဆိုရင္ ၾကီးၾကီးေတြးရပါမယ္။ ကၽြန္ေတာ္ျမန္ဆန္တဲ့ ေတာင္ပံကစားသမားေတြကို လိုခ်င္ခဲ့တာပါ။

ဒါေၾကာင့္ မာေနး နဲ႔ မာရက္ဇ္ကိုလည္း ၾကိဳးစားခဲ့ပါတယ္။ေသာမတ္စ္မူလာလည္း ကၽြန္ေတ္ာလိုခ်င္တဲ့အထဲ ပါ၀င္ခဲ့ပါတယ္။ ကြင္းလယ္ခံစစ္မွာဆိုရင္ေတာ့ ကန္ေတကို လိုခ်င္ခဲ့ပါတယ္။ ဂ်ိမ္းစ္မီလ္နာကိုလည္း ၾကိဳးစားခဲ့ပါတယ္။ သူဟာ ေနရာစံုမွာ ကစားႏိုင္ျပီး ေခါင္းေဆာင္ႏိုင္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ေနာက္တန္းမွာဆိုရင္ေတာ့ ရာမိုစ့္ နဲ႔ ဟမ္းမဲလ္တို႔ကို လိုခ်င္ခဲ့ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အသင္းရဲ႕ ေနာက္တန္းေတြက လံုေလာက္တဲ့ အင္အားမရွိပါဘူး။ အဲ့ဒါေတြက ကၽြန္ေတာ့္ ပစ္မွတ္ေတြ ျဖစ္ခဲ့ေပမယ့္ တစ္ေယာက္မွ မေခၚႏိုင္ခဲ့ပါဘူး။ ဘာေၾကာင့္လဲ ကၽြန္ေတာ္ မသိခဲ့ပါဘူး။ နည္းျပတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ဟာ လူ၀ယ္တဲ့ ကိစၥထဲ မပါ၀င္ပါဘူး။ ကၽြန္ေတာ္လည္း အသင္းက ထြက္ခြာခဲ့ရေတာ့ မာရက္ဇ္ နဲ႔ ကန္ေတ တို႔ဟာ မန္စီးတီး နဲ႔ ခ်ဲလ္ဆီးကို ေရာက္သြားပါျပီ” လို႔ ဗန္ဟားလ္က FourFourTwo သတင္းစာ ကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။