အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဂရင်းဝုဒ် ၊ ဖိုဒန် တို့နဲ့ အတူ ဂရိမှာ ထောင်ကျခဲ့တဲ့ မက်ဂွဲရားလည်း ပါဝင်

ဂရိတရားရုံးမှာ အမှုရင်ဆိုင်နေရသော်လည်း မက်ဂွဲရားဟာ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းခံလိုက်ရပါတယ်။ အင်္ဂလန်နည်းပြကြီးဟာ အသင်းကြီးမှာ တစ်ခါမှ မရွေးချယ်ဖူးတဲ့ ဂရင်းဝုဒ်၊ ဖိုဒန် နဲ့ ကဲလ်ဗစ်ဖီလ်လစ် တို့ကိုလည်း ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ဆုံးလူစာရင်းကို ရွေးချယ်ခဲ့တာ (၁၀) လ လောက်နီးပါး ရှိပေမယ့် အင်္ဂါနေ့မှာ ရွေးချယ်ခဲ့တဲ့ လူစာရင်းအတွက် ဆုံးဖြတ်ရခက်ခဲ့မှာဖြစ်တယ်လို့ သိရပါတယ်။ အဓိကအားဖြင့် ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားဟာ သောကြာနေ့က ရန်ပွဲကြောင့် ဂရိနိုင်ငံ မိုက်ကိုနော့စ်မှာ အမှုရင်ဆိုင်နေရတာဖြစ်လို့ လူပြောစရာဖြစ်နေပါတယ်။

သို့သော်လည်း အင်္ဂလန်အသင်းဟာ အိုက်စလန် နဲ့ ဒိန်းမတ်အသင်းတို့ နဲ့ ကစားမယ့် နေရှင်းလိဂ်ပွဲတွေအတွက် (၂၄) ယောက်လူစာရင်းမှာ နောက်ခံလူကို ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာလည်း လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ရွေးချယ်ခံလိုက်ရပါတယ်။

မန်စီးတီးက ကွင်းလယ်ဖန်တီးရှင် ဖိုဒန် လည်း လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးရွေးချယ်ခံရပြီး ချန်ပီယံရှစ် ချန်ပီယံ လိဒ်ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ ကဲလ်ဗင်ဖိလ်လစ် လည်းပါဝင်လာတာဖြစ်ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းအတွက် ဂိုးတွေသွင်းပေးခဲ့တဲ့ ဒန်နီအင်းစ် လည်း ၂၀၁၅ နောက်ပိုင်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းခံလိုက်ရပေမယ့် မန်စီးတီးအသင်းက ဝေါ်လ်ကာ ကိုတော့ ချန်ထားခဲ့ပါတယ်။

မန်စီးတီးအသင်းဖော်နောက်တစ်ယောက်ဖြစ်တဲ့ ဂျွန်စတုန်းစ်လည်း မပါဝင်လာပေမယ့် စတာလင်ကိုတော့ ရွေးချယ်သွားခဲ့ပါတယ်။နိုဝင်ဘာလတုန်းက ကိုဆိုဗိုနဲ့ ကစားခဲ့တဲ့လူစာရင်းတုန်းက ရွေးချယ်ခြင်းခံထားရတဲ့ တိုမိုရီ ၊အိုဒွိုင်း၊ ဒန်နီရိုစ့်၊ ဝီလ်ဆင် တို့အပြင် ဘာကလေ၊ ဖေဘီယန်ဒဲလ် တို့လည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ ဘင်ချီဝဲလ် နဲ့ မက်ဒီဆင်တို့ကတော့ ဒဏ်ရာကြောင့်ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။.

အဂၤလန္လက္ေရြးစင္အသင္းမွာ ဂရင္း၀ုဒ္ ၊ ဖိုဒန္ တို႔နဲ႔ အတူ ဂရိမွာ ေထာင္ထဲေရာက္ခဲ့တဲ့ မက္ဂြဲရားလည္း ပါ၀င္

ဂရိတရားရံုးမွာ အမႈရင္ဆိုင္ေနရေသာ္လည္း မက္ဂြဲရားဟာ ဂါရတ္ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေရြးစင္အသင္းလူစာရင္းမွာ ေရြးခ်ယ္ျခင္းခံလိုက္ရပါတယ္။ အဂၤလန္နည္းျပၾကီးဟာ အသင္းၾကီးမွာ တစ္ခါမွ မေရြးခ်ယ္ဖူးတဲ့ ဂရင္း၀ုဒ္၊ ဖိုဒန္ နဲ႔ ကဲလ္ဗစ္ဖီလ္လစ္ တို႔ကိုလည္း ေခၚယူခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ေနာက္ဆံုးလူစာရင္းကို ေရြးခ်ယ္ခ့ဲတာ (၁၀) လ ေလာက္နီးပါး ရွိေပမယ့္ အဂၤါေန႔မွာ ေရြးခ်ယ္ခဲ့တဲ့ လူစာရင္းအတြက္ ဆံုးျဖတ္ရခက္ခဲ့မွာျဖစ္တယ္လို႔ သိရပါတယ္။ အဓိကအားျဖင့္ ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ေသာၾကာေန႔က ရန္ပြဲေၾကာင့္ ဂရိႏိုင္ငံ မိုက္ကိုေနာ့စ္မွာ အမႈရင္ဆိုင္ေနရတာျဖစ္လို႔ လူေျပာစရာျဖစ္ေနပါတယ္။

သို႔ေသာ္လည္း အဂၤလန္အသင္းဟာ အိုက္စလန္ နဲ႔ ဒိန္းမတ္အသင္းတို႔ နဲ႔ ကစားမယ့္ ေနရွင္းလိဂ္ပြဲေတြအတြက္ (၂၄) ေယာက္လူစာရင္းမွာ ေနာက္ခံလူကို ေရြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းမွာ ေျခစြမ္းျပျပီး ဂိုးေတြသြင္းခဲ့တဲ့ လူငယ္တိုက္စစ္မွဴး ဂရင္း၀ုဒ္ဟာလည္း လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုး ေရြးခ်ယ္ခံလိုက္ရပါတယ္။

မန္စီးတီးက ကြင္းလယ္ဖန္တီးရွင္ ဖိုဒန္ လည္း လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုးေရြးခ်ယ္ခံရျပီး ခ်န္ပီယံရွစ္ ခ်န္ပီယံ လိဒ္ယူႏိုက္တက္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ကဲလ္ဗင္ဖိလ္လစ္ လည္းပါ၀င္လာတာျဖစ္ပါတယ္။ဒါ့အျပင္ ျပီးခဲ့တဲ့ရာသီက ေဆာက္သမ္တန္အသင္းအတြက္ ဂိုးေတြသြင္းေပးခဲ့တဲ့ ဒန္နီအင္းစ္ လည္း ၂၀၁၅ ေနာက္ပိုင္း လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ျခင္းခံလိုက္ရေပမယ့္ မန္စီးတီးအသင္းက ေ၀ၚလ္ကာ ကိုေတာ့ ခ်န္ထားခဲ့ပါတယ္။

မန္စီးတီးအသင္းေဖာ္ေနာက္တစ္ေယာက္ျဖစ္တဲ့ ဂၽြန္စတုန္းစ္လည္း မပါ၀င္လာေပမယ့္ စတာလင္ကိုေတာ့ ေရြးခ်ယ္သြားခဲ့ပါတယ္။ႏို၀င္ဘာလတုန္းက ကိုဆိုဗိုနဲ႔ ကစားခဲ့တဲ့လူစာရင္းတုနး္က ေရြးခ်ယ္ျခင္းခံထားရတဲ့ တိုမိုရီ ၊အိုဒြိဳင္း၊ ဒန္နီရိုစ့္၊ ၀ီလ္ဆင္ တို႔အျပင္ ဘာကေလ၊ ေဖဘီယန္ဒဲလ္ တို႔လည္း ပါ၀င္ခဲ့ျခင္းမရွိပါဘူး။ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ ဘင္ခ်ီ၀ဲလ္ နဲ႔ မက္ဒီဆင္တို႔ကေတာ့ ဒဏ္ရာေၾကာင့္ေရြးခ်ယ္ခံရျခင္း မရွိခဲ့ပါဘူး။