သီယာဂိုဆေးလ်ဗားကို အသင်းက မထွက်ခွာရန် ကြိုးစားခဲ့တယ်လို့ ဆိုလိုက်တဲ့ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်လ်

ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်လ်က အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားကို အသင်းက မထွက်ခွာရန် ကြိုးစားခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘရာဇီးကစားသမား သီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းတော့မှာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းက ထွက်ခွာမယ်လို့ ပြောသွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားဟာ လစ္စဘွန်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ရှိနေခဲ့ပေမယ့် လမ်းပတ်ရဲ့ ချဲလ်ဆီးကို (၂) နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရန် သဘောတူညီထားပြီး ဖြစ်ပါတယ်။L’Equipe က အဆိုအရ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်လ်ဟာ သီယာဂိုဆေးလ်ဗားကို စာချုပ်သက်တမ်းတိုးရန် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ဆေးလ်ဗားဟာ လန်ဒန်ကို ပြောင်းရန် ရည်ရွယ်ထားပြီး အနည်းဆုံး အသက် ၃၉ နှစ်အရွယ်အထိကစားရန် မျှော်လင့်ထားတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကို (၁-ဝ) နဲ့ ရှုံးပွဲအပြီးမှာ သီယာဂိုဆေးလ်ဗားက “ဒီပွဲက ကျွန်တော့်အတွက် ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးပွဲပါ။ ကျွန်တော်ဝမ်းနည်းပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။သူတို့ရဲ့ အားပေးထောက်ခံမှုကို ကျေးဇူးတင်ပါတယ်။ဒီအသင်းကို ချစ်တဲ့စိတ်နဲ့ ကျွန်တော် ပဲရစ်ကို နောက်ထပ် မတူညီတဲ့ အခန်းကဏ္ဍနဲ့ ပြန်လာမှာပါ။ နောက်ထပ် (၃) (၄) နှစ်လောက် ထပ်ကစားချင်ပြီး ကာတာကမ္ဘာ့ဖလားအတွက် ဘရာဇီးလက်ရွေးစင်အသင်းမှာ ကစားဦးမှာပါ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ပြင်သစ်လီဂူး ၁ ချန်ပီယံအသင်းအတွက် သီယာဂိုဆေးလ်ဗားရဲ့ (၃၁၅) ပွဲမြောက် ပွဲဖြစ်ပြီး သူဟာ အသင်းအတွက် (၁၇) ဂိုးသွင်းပေးထားပါတယ်။

သီယာဂိုေဆးလ္ဗားကို အသင္းက မထြက္ခြာရန္ ၾကိဳးစားခဲ့တယ္လို႔ ဆိုလိုက္တဲ့ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္လ္

ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္လ္က အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားကို အသင္းက မထြက္ခြာရန္ ၾကိဳးစားခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘရာဇီးကစားသမား သီယာဂိုေဆးလ္ဗားဟာ ခ်ဲလ္ဆီးအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ကစားသမားဟာ တနဂၤေႏြေန႔က ဘိုင္ယန္ျမဴးနစ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျပီးမွာ အသင္းက ထြက္ခြာမယ္လို႔ ေျပာသြားခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားဟာ လစၥဘြန္းမွာ ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ ရွိေနခဲ့ေပမယ့္ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးကို (၂) ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ရန္ သေဘာတူညီထားျပီး ျဖစ္ပါတယ္။L’Equipe က အဆိုအရ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္လ္ဟာ သီယာဂိုေဆးလ္ဗားကို စာခ်ဳပ္သက္တမ္းတိုးရန္ ၾကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ေဆးလ္ဗားဟာ လန္ဒန္ကို ေျပာင္းရန္ ရည္ရြယ္ထားျပီး အနည္းဆံုး အသက္ ၃၉ ႏွစ္အရြယ္အထိကစားရန္ ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကို (၁-၀) နဲ႔ ရႈံးပြဲအျပီးမွာ သီယာဂိုေဆးလ္ဗားက “ဒီပြဲက ကၽြန္ေတာ့္အတြက္ ပီအက္စ္ဂ်ီအသင္းနဲ႔ ေနာက္ဆံုးပြဲပါ။ ကၽြန္ေတာ္၀မ္းနည္းပါတယ္။ ပရိသတ္ေတြကိုလည္း ေတာင္းပန္ပါတယ္။သူတို႔ရဲ႕ အားေပးေထာက္ခံမႈကို ေက်းဇူးတင္ပါတယ္။ဒီအသင္းကို ခ်စ္တဲ့စိတ္နဲ႔ ကၽြန္ေတာ္ ပဲရစ္ကို ေနာက္ထပ္ မတူညီတဲ့ အခန္းက႑နဲ႔ ျပန္လာမွာပါ။ ေနာက္ထပ္ (၃) (၄) ႏွစ္ေလာက္ ထပ္ကစားခ်င္ျပီး ကာတာကမာၻ႕ဖလားအတြက္ ဘရာဇီးလက္ေရြးစင္အသင္းမွာ ကစားဦးမွာပါ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ ျပင္သစ္လီဂူး ၁ ခ်န္ပီယံအသင္းအတြက္ သီယာဂိုေဆးလ္ဗားရဲ႕ (၃၁၅) ပြဲေျမာက္ ပြဲျဖစ္ျပီး သူဟာ အသင္းအတြက္ (၁၇) ဂိုးသြင္းေပးထားပါတယ္။