ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ နောက်ထပ်လူခေါ်ယူမှုအဖြစ် လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းဟာ တီမိုဝါနာကို ပေါင် ၅၃ သန်း ၊ ဇီယက်ကို ပေါင် ၃၈ သန်းအပြင် သီယာဂိုဆေးလ်ဗား နဲ့ မလန်းဆားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှု ရထားပါတယ်။

လေဗာကူဆင်က ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ် ကိုလည်း ပေါင်သန်း ၉၀ နဲ့ ခေါ်ယူရန် သဘောတူညီထားတယ်လို့လည်း သိရပါတယ်။ Telegraph က အဆိုအရ ချဲလ်ဆီးအသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ပေါင်သန်း ၅၀ လက်စတာအသင်းနဲ့ သဘောတူညီမှု ရပြီးနောက ်နောက်(၃) ရက်မှာ အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဘင်ချီဝဲလ်ဟာ လမ်းပတ်ရဲ့ စတန်းဖိုဒ့်ဘရစ်ချ် နဲ့ (၅) နှစ်စာချုပ်မှာ ဖြစ်ပြီး အမှတ်ပေးဖလားကို စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေပါပြီ။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ လက်စတာအသင်းရဲ့ နောက်ဆုံး (၅) ပွဲကို ဖနောင့်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး သူအသင်းလည်း အဆင့် (၄) နေရာနဲ့ လွဲချော်ခဲ့ရပါတယ်။သို့သော်လည်း ကာလရှည် အနားမယူရတဲ့အတွက် ချဲလ်ဆီးအသင်းအတွက် စိုးရိမ်စရာမရှိပါဘူး။ ချဲလ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ အသင်းကို ပေါင် ၂၃၁ သန်းလောက်အထိ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

မနေ့ကလည်း ကာလကြာ ဆွေးနွေးခဲ့ရတဲ့ လေဗာကူဆင်က ကိုင်ဟာဗက်ဇ်ကို ပေါင်သန်း ၉၀ နဲ့ ခေါ်ယူရန် နီးစပ်ခဲ့နေပြီဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ပေးရမှာဖြစ်ပါတယ်။ လမ်းပတ်ဟာ အသက် ၂၁ နှစ်အရွယ် နိုက်စ်နောက်ခံလူ ဆားကိုလည်း (၄) နှစ်သဘောတူညီမှု နဲ့ ခေါ်ယူရန်နီးစပ်နေပြီလို့ သိရပါတယ်။

ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ျပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ထပ္လူေခၚယူမႈအျဖစ္ လက္စတာအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရရွိသြားျပီလို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းဟာ တီမို၀ါနာကို ေပါင္ ၅၃ သန္း ၊ ဇီယက္ကို ေပါင္ ၃၈ သန္းအျပင္ သီယာဂိုေဆးလ္ဗား နဲ႔ မလန္းဆားကိုလည္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရထားပါတယ္။

ေလဗာကူဆင္က ကြင္းလယ္တိုက္စစ္ကစားသမား ကိုင္ဟာဗက္ဇ္ ကိုလည္း ေပါင္သန္း ၉၀ နဲ႔ ေခၚယူရန္ သေဘာတူညီထားတယ္လို႔လည္း သိရပါတယ္။ Telegraph က အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ အဂၤလန္လက္ေရြးစင္ကစားသမားကို ေပါင္သန္း ၅၀ လက္စတာအသင္းနဲ႔ သေဘာတူညီမႈ ရျပီးေနာက ္ေနာက္(၃) ရက္မွာ အျပီးသတ္ေခၚယူႏိုင္မွာျဖစ္ပါတယ္။ ဘင္ခ်ီ၀ဲလ္ဟာ လမ္းပတ္ရဲ႕ စတန္းဖိုဒ့္ဘရစ္ခ်္ နဲ႔ (၅) ႏွစ္စာခ်ဳပ္မွာ ျဖစ္ျပီး အမွတ္ေပးဖလားကို စိန္ေခၚရန္ အဆင္သင့္ျဖစ္ေနပါျပီ။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ လက္စတာအသင္းရဲ႕ ေနာက္ဆံုး (၅) ပြဲကို ဖေနာင့္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရျပီး သူအသင္းလည္း အဆင့္ (၄) ေနရာနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။သို႔ေသာ္လည္း ကာလရွည္ အနားမယူရတဲ့အတြက္ ခ်ဲလ္ဆီးအသင္းအတြက္ စိုးရိမ္စရာမရွိပါဘူး။ ခ်ဲလ္ဆီးအသင္းဟာ ဒီအေျပာင္းအေရႊ႕မွာ အသင္းကို ေပါင္ ၂၃၁ သန္းေလာက္အထိ အသံုးျပဳသြားဖြယ္ရွိေနပါတယ္။

မေန႔ကလည္း ကာလၾကာ ေဆြးေႏြးခဲ့ရတဲ့ ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္ကို ေပါင္သန္း ၉၀ နဲ႔ ေခၚယူရန္ နီးစပ္ခဲ့ေနျပီျဖစ္ျပီး ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၇၀ ေပးရမွာျဖစ္ပါတယ္။ လမ္းပတ္ဟာ အသက္ ၂၁ ႏွစ္အရြယ္ ႏိုက္စ္ေနာက္ခံလူ ဆားကိုလည္း (၄) ႏွစ္သေဘာတူညီမႈ နဲ႔ ေခၚယူရန္နီးစပ္ေနျပီလို႔ သိရပါတယ္။