ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ဗန်ဒီဘိတ်ခ် ကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးများနေ

အေဂျက်အသင်းအတွက် ခြေစွမ်းပြနေပြီး လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗန်ဒီဘိတ်ခ်အနေနဲ့ နယ်သာလန်လိဂ် စတင် မယ့် စက်တင်ဘာလ ၁၃ ရက်နေ့မတိုင်ခင်မှာ အသင်းပြောင်းရွှေ့ချင်နေပြီး ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ သိရပါ တယ်။ ဗန်ဒီဘိတ်ကို ခေါ်ယူဖို့အတွက် အစောပိုင်းတုန်းက ရီးရဲလ်က ဆက်သွယ်မှုတွေရှိခဲ့ပေမယ့်လည်း တရားဝင်ကမ်း လှမ်းခဲ့တာမျိုးတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။


Sky Sports ကတော့ နယ်သာလန်ကွင်းလယ်ကစားသမား ဗန်ဒီဘိတ်ခ်အနေနဲ့ အေဂျက်ကနေထွက်ဖို့ အလိုရှိနေပြီး အသင်းကလည်း သူကိုထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုတဲ့ ရောင်းချဖို့ရှိတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဗန်ဒီဘိတ်ခ် ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်ကလည်း စိတ်ဝင်စားနေတာကြောင့် ပရီးမီးယားလိဂ်ကို ရောက်ရှိ လာဖို့ ရှိနေတာဖြစ်ပါတယ်။


အေဂျက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ဗန်ဒီဘိတ်ခ်ကို အသင်းမှာ နောက်ထပ်တစ်နှစ်လောက် ဆက်ရှိနေဖို့အလိုရှိနေ တယ်လို့ သိရပါတယ်။နယ်သာလန်သတင်းစာတစ်စောင်ဖြစ်တဲ့ Het Parool ကနေတဆင့် အဲရစ်တန်ဟတ်က “ အပြောင်း အရွှေ့ဈေးကွက်က ဒီလမှ ဖွင့်ထားတာပါ။အသင်းမှာရှိတဲ့ အိုနာနာ၊ဗန်ဒီဘိတ်ခ်နဲ့ တက်လီယာဖီကိုတို့ကို ခေါ်ယူလိုတဲ့ အ သင်းတွေရှိပေမယ့် ထိုက်တန်တဲ့ဈေးနှုန်းရမှ ရောင်းချသွားမှာပါ” လို့ ပြောခဲ့ပါတယ်။


ဗန်ဒီဘိတ်ခ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာကလည်း စိတ်ဝင်စားနေတယ်ဆိုပေမယ့် ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ဝါရင့်ကစားသမားဆွာရက်ဇ်ကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုပြီး အလဲအထပ်ပြုလုပ်သွားချင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဗန်ဒီဘိတ်ခ်ဟာ အေဂျက်နဲ့စာချုပ်သက်တမ်း ၂ နှစ်ကျော်ကျန်နေသေးတာဖြစ်ပြီး စာချုပ်အရ ၂၀၂၂ ခုနှစ် နွေရာသီမှ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္မွာ ကစားခ်င္တဲ့ ဗန္ဒီဘိတ္ခ္ ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ေခၚယူႏိုင္ဖို႔ အခြင့္အေရးမ်ားေန
ေအဂ်က္အသင္းအတြက္ ေျခစြမ္းျပေနၿပီး လူငယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဗန္ဒီဘိတ္ခ္အေနနဲ႔ နယ္သာလန္လိဂ္ စတင္ မယ့္ စက္တင္ဘာလ ၁၃ ရက္ေန႔မတိုင္ခင္မွာ အသင္းေျပာင္းေရႊ႕ခ်င္ေနၿပီး ပရီးမီးယားလိဂ္မွာကစားခ်င္တယ္လို႔ သိရပါ တယ္။ ဗန္ဒီဘိတ္ကို ေခၚယူဖို႔အတြက္ အေစာပိုင္းတုန္းက ရီးရဲလ္က ဆက္သြယ္မႈေတြရွိခဲ့ေပမယ့္လည္း တရားဝင္ကမ္း လွမ္းခဲ့တာမ်ိဳးေတြ မရွိခဲ့ဘူးလို႔ သိရပါတယ္။
Sky Sports ကေတာ့ နယ္သာလန္ကြင္းလယ္ကစားသမား ဗန္ဒီဘိတ္ခ္အေနနဲ႔ ေအဂ်က္ကေနထြက္ဖို႔ အလိုရွိေနၿပီး အသင္းကလည္း သူကိုထိုက္တန္တဲ့ ေျပာင္းေရႊ႕ေၾကးရမယ္ဆိုတဲ့ ေရာင္းခ်ဖို႔ရွိတယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္သာ ရွိေသးတဲ့ ဗန္ဒီဘိတ္ခ္ ကိုေခၚယူဖို႔အတြက္ ယူႏိုက္တက္ကလည္း စိတ္ဝင္စားေနတာေၾကာင့္ ပရီးမီးယားလိဂ္ကို ေရာက္ရွိ လာဖို႔ ရွိေနတာျဖစ္ပါတယ္။
ေအဂ်က္နည္းျပ အဲရစ္တန္ဟတ္ကေတာ့ ဗန္ဒီဘိတ္ခ္ကို အသင္းမွာ ေနာက္ထပ္တစ္ႏွစ္ေလာက္ ဆက္ရွိေနဖို႔အလိုရွိေန တယ္လို႔ သိရပါတယ္။နယ္သာလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Het Parool ကေနတဆင့္ အဲရစ္တန္ဟတ္က “ အေျပာင္း အေရႊ႕ေစ်းကြက္က ဒီလမွ ဖြင့္ထားတာပါ။အသင္းမွာရွိတဲ့ အိုနာနာ၊ဗန္ဒီဘိတ္ခ္နဲ႔ တက္လီယာဖီကိုတို႔ကို ေခၚယူလိုတဲ့ အ သင္းေတြရွိေပမယ့္ ထိုက္တန္တဲ့ေစ်းႏႈန္းရမွ ေရာင္းခ်သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဗန္ဒီဘိတ္ခ္ကို ေခၚယူဖို႔အတြက္ ဘာစီလိုနာကလည္း စိတ္ဝင္စားေနတယ္ဆိုေပမယ့္ ေျပာင္းေရႊ႕ေၾကးနည္းနည္းနဲ႔ ဝါရင့္ကစားသမားဆြာရက္ဇ္ကို အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳၿပီး အလဲအထပ္ျပဳလုပ္သြားခ်င္တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဗန္ဒီဘိတ္ခ္ဟာ ေအဂ်က္နဲ႔စာခ်ဳပ္သက္တမ္း ၂ ႏွစ္ေက်ာ္က်န္ေနေသးတာျဖစ္ၿပီး စာခ်ဳပ္အရ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွ သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။