ကစားသမားသစ်တွေကြောင့် ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်လာနိုင်ပြီလို့ ပြောခဲ့တဲ့ ကစားသမားဟောင်း ပိုယက်

ချဲလ်ဆီးအသင်းကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပိုယက်က နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ကစားသမား တွေကြောင့် အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်လာနိုင်ပြီး နည်းပြလမ်းပတ်အနေနဲ့လည်း အကောင်း ဆုံး လုပ်ဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအနေနဲ့ တီမိုဝါနာ၊ဇီယက်တို့ကိုခေါ်ယူ ထားပြီး ဘင်ချီဝဲလ်၊ ကိုင်ဟာဗက်ဇ်နဲ့ သီယာဂိုဆေးလ်ဗားတို့ကိုလည်း ခေါ်ယူဖို့ ရှိနေတာဖြစ်ပါတယ်။


ချဲလ်ဆီးအနေနဲ့ ထပ်ပြီးခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ ကစားသမားတွေထဲက ကိုင်ဟာဗက်ဇ်က အသင်းကို ပြောင်းရွှေ့ဖို့နီး စပ်နေတဲ့အနေအထားမှာ ရှိနေပြီး ဘင်ချီဝဲလ်နဲ့ သီယာဂိုဆေးလ်ဗားတို့ကတော့ သဘောတူညီမှုရဖို့အတွက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ လမ်းပတ်အနေနဲ့ ချဲလ်ဆီးအတွက် သူရဲ့ပထမဆုံးနည်းပြရာသီမှာ အဆင့်-၄ နေရာပဲ ရခဲ့တာ ကြောင့် လာမယ့်ရာသီမှာ လက်ရှိအဆင့်ထက်ရပ်တည်နိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။


Sky Sport ကနေတဆင့် “ ချဲလ်ဆီးအနေနဲ့ အခုမှ ရင်းနှီးမြုပ်နှံမှုကို တကယ်လုပ်ဆောင်နေတယ်လို့ ဆိုရမှာပါ။ပြီးခဲ့တဲ့ ရာသီက အသင်းအတွက်ပြောင်းလဲမှုဖြစ်ခဲ့တဲ့နှစ်တစ်နှစ်ပါ။ အခုအသင်းမှာ လိုအပ်တဲ့ကစားသမားတွေကို ခေါ်ယူထား ပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံကို မရခဲ့ဘူးဆိုရင်တောင် ချဲလ်ဆီးအနေနဲ့ အဆင့်-၂ နေရာမှာ အနည်း ဆုံး ရပ်တည်နိုင်မှာပါ” လို့ ပိုယက်က ပြောခဲ့ပါတယ်။


ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာ၊ ဇီယက် အပြင် ကိုင်ဟာ ဗက်ဇ်တို့ကြောင့် တိုက်စစ်ကပိုကောင်းလာနိုင်ပေမယ့် ခံစစ်ပိုင်းက အားနည်းမှုတွေရှိနေတယ်လို့ သတင်းတွေကဖော်ပြကြ ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၄ ဂိုးပေးခဲ့ရပြီး ထိပ်ဆုံး ၁၀ သင်းမှာ ပေးဂိုး အ များဆုံး အသင်းဖြစ်ခဲ့ပါတယ်။

zawgyi version

ကစားသမားသစ္ေတြေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေမွ်ာ္လင့္လာႏိုင္ၿပီလို႔ ေျပာခဲ့တဲ့ ကစားသမား ေဟာင္း ပိုယက္
ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း တစ္ဦးျဖစ္တဲ့ ပိုယက္က ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ကစားသမား ေတြေၾကာင့္ အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေမွ်ာ္လင့္လာႏိုင္ၿပီး နည္းျပလမ္းပတ္အေနနဲ႔လည္း အေကာင္း ဆံုး လုပ္ေဆာင္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအေနနဲ႔ တီမိုဝါနာ၊ဇီယက္တို႔ကိုေခၚယူ ထားၿပီး ဘင္ခ်ီဝဲလ္၊ ကိုင္ဟာဗက္ဇ္နဲ႔ သီယာဂိုေဆးလ္ဗားတို႔ကိုလည္း ေခၚယူဖို႔ ရွိေနတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ထပ္ၿပီးေခၚယူဖို႔ လုပ္ေဆာင္ေနတဲ့ ကစားသမားေတြထဲက ကိုင္ဟာဗက္ဇ္က အသင္းကို ေျပာင္းေရႊ႕ဖို႔နီး စပ္ေနတဲ့အေနအထားမွာ ရွိေနၿပီး ဘင္ခ်ီဝဲလ္နဲ႔ သီယာဂိုေဆးလ္ဗားတို႔ကေတာ့ သေဘာတူညီမႈရဖို႔အတြက္ လုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္။ လမ္းပတ္အေနနဲ႔ ခ်ဲလ္ဆီးအတြက္ သူရဲ႕ပထမဆံုးနည္းျပရာသီမွာ အဆင့္-၄ ေနရာပဲ ရခဲ့တာ ေၾကာင့္ လာမယ့္ရာသီမွာ လက္ရွိအဆင့္ထက္ရပ္တည္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
Sky Sport ကေနတဆင့္ “ ခ်ဲလ္ဆီးအေနနဲ႔ အခုမွ ရင္းႏွီးျမဳပ္ႏွံမႈကို တကယ္လုပ္ေဆာင္ေနတယ္လို႔ ဆိုရမွာပါ။ၿပီးခဲ့တဲ့ ရာသီက အသင္းအတြက္ေျပာင္းလဲမႈျဖစ္ခဲ့တဲ့ႏွစ္တစ္ႏွစ္ပါ။ အခုအသင္းမွာ လိုအပ္တဲ့ကစားသမားေတြကို ေခၚယူထား ပါတယ္။ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံကို မရခဲ့ဘူးဆိုရင္ေတာင္ ခ်ဲလ္ဆီးအေနနဲ႔ အဆင့္-၂ ေနရာမွာ အနည္း ဆံုး ရပ္တည္ႏိုင္မွာပါ” လို႔ ပိုယက္က ေျပာခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ တီမိုဝါနာ၊ ဇီယက္ အျပင္ ကိုင္ဟာ ဗက္ဇ္တို႔ေၾကာင့္ တိုက္စစ္ကပိုေကာင္းလာႏိုင္ေပမယ့္ ခံစစ္ပိုင္းက အားနည္းမႈေတြရွိေနတယ္လို႔ သတင္းေတြကေဖာ္ျပၾက ပါတယ္။ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ပရီးမီးယားလိဂ္မွာ ေပးဂိုး ၅၄ ဂိုးေပးခဲ့ရၿပီး ထိပ္ဆံုး ၁၀ သင္းမွာ ေပးဂိုး အ မ်ားဆံုး အသင္းျဖစ္ခဲ့ပါတယ္။