ဆေးစစ်ဖို့အတွက် လန်ဒန်မြို့ကို ရောက်ရှိနေပြီဖြစ်တဲ့ လိုင်လီနောက်ခံလူ ဂါဘရီရယ်

နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်နည်းပြ အာတီတာရဲ့ ဦးစားပေးပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂါဘရီ ရယ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့အတွက် သေချာသလောက်ရှိနေတာဖြစ်ပြီး အခုဆိုရင်လည်း ဆေးစစ်ဖို့အတွက် လန်ဒန် မြို့ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။ ဂါဘရီရယ်အနေနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့မယ်ဆိုရင် ဒီနွေရာသီမှာ အာဆင် နယ်ကို ရောက်ရှိတဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာမှာပဲ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို အာဆင်နယ်အနေနဲ့ ငါးနှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘော တူညီမှုရခဲ့တယ်လို့ သိရပြီး ပြောင်းရွှေ့ကြေးက ပေါင် ၂၅ သန်းပေးခဲ့ရတာဖြစ်ပါတယ်။ ဂါဘရီရယ်ကို ခေါ်ယူဖို့အတွက် နာပိုလီ၊ အဲဗာတန်အသင်းတွေထံကနေ ကမ်းလှမ်းချက် ရရှိခဲ့တယ်လို့ လိုင်လီအသင်းတာဝန်ရှိသူတွေဘက် သတင်းထုတ် ပြန်ခဲ့ပေမယ့် အာဆင်နယ်က အရခေါ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ပြီးခဲ့တဲ့ရာသီက စိန့်အက်တီယန်က ခေါ်ယူခဲ့ကာ အဌားပြန်ချထားတဲ့ ဆလီဘာနဲ့ ဂါဘရီရယ်ကို တွဲပြီး အသင်းရဲ့ခံစစ်ကို တည်ဆောက်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ ဗဟိုနောက်ခံလူနေရာမှာ ဒေးဗစ်လုဇ်၊ ဟိုဒင်း၊ ဆိုကရာတစ်၊မူစတာဖီ၊ချမ်ဘာနဲ့ ပါဘလိုမာရီတို့ ရှိနေတာကြောင့် စုစုပေါင်း ၈ ယောက်အထိ နေရာရဖို့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဗဟိုနောက်ခံလူတွေထဲက ချမ်ဘာကို ခေါ်ယူဖို့ ဖူလ်ဟမ်က စိတ်ဝင်စားနေသလို ဆိုကရာတစ်ကိုလည်း နာပိုလီက ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆိုကရာတစ်၊ မူစတာဖီတို့ဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာကြောင့် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အာဆင်နယ်အနေနဲ့ လက်ခံသွားဖွယ်ရှိတယ်လို့ လည်း သိရပါတယ်။

zawgyi version

ေဆးစစ္ဖို႔အတြက္ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိေနၿပီျဖစ္တဲ့ လိုင္လီေနာက္ခံလူ ဂါဘရီရယ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ဦးစားေပးပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဂါဘရီ ရယ္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ ေသခ်ာသေလာက္ရွိေနတာျဖစ္ၿပီး အခုဆိုရင္လည္း ေဆးစစ္ဖို႔အတြက္ လန္ဒန္ ၿမိဳ႕ကို ေရာက္ရွိေနၿပီလို႔လည္း သိရပါတယ္။ ဂါဘရီရယ္အေနနဲ႔ ေဆးစစ္မႈေအာင္ျမင္ခဲ့မယ္ဆိုရင္ ဒီေႏြရာသီမွာ အာဆင္ နယ္ကို ေရာက္ရွိတဲ့ ဒုတိယေျမာက္ ကစားသမားျဖစ္လာမွာပဲ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္ကို အာဆင္နယ္အေနနဲ႔ ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔ သေဘာ တူညီမႈရခဲ့တယ္လို႔ သိရၿပီး ေျပာင္းေရႊ႕ေၾကးက ေပါင္ ၂၅ သန္းေပးခဲ့ရတာျဖစ္ပါတယ္။ ဂါဘရီရယ္ကို ေခၚယူဖို႔အတြက္ နာပိုလီ၊ အဲဗာတန္အသင္းေတြထံကေန ကမ္းလွမ္းခ်က္ ရရွိခဲ့တယ္လို႔ လိုင္လီအသင္းတာဝန္ရွိသူေတြဘက္ သတင္းထုတ္ ျပန္ခဲ့ေပမယ့္ အာဆင္နယ္က အရေခၚႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက စိန္႔အက္တီယန္က ေခၚယူခဲ့ကာ အဌားျပန္ခ်ထားတဲ့ ဆလီဘာနဲ႔ ဂါဘရီရယ္ကို တြဲၿပီး အသင္းရဲ႕ခံစစ္ကို တည္ေဆာက္ဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္ရဲ႕ ဗဟိုေနာက္ခံလူေနရာမွာ ေဒးဗစ္လုဇ္၊ ဟိုဒင္း၊ ဆိုကရာတစ္၊မူစတာဖီ၊ခ်မ္ဘာနဲ႔ ပါဘလိုမာရီတို႔ ရွိေနတာေၾကာင့္ စုစုေပါင္း ၈ ေယာက္အထိ ေနရာရဖို႔ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ ဗဟိုေနာက္ခံလူေတြထဲက ခ်မ္ဘာကို ေခၚယူဖို႔ ဖူလ္ဟမ္က စိတ္ဝင္စားေနသလို ဆိုကရာတစ္ကိုလည္း နာပိုလီက ဆက္သြယ္မႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဆိုကရာတစ္၊ မူစတာဖီတို႔ဟာ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တာေၾကာင့္ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ ကမ္းလွမ္းလာမယ္ဆိုရင္ အာဆင္နယ္အေနနဲ႔ လက္ခံသြားဖြယ္ရွိတယ္လို႔ လည္း သိရပါတယ္။