အသက် ၃၄ နှစ်ပြည့်မွေးနေ့ပါတီပွဲ ကျင်းပခဲ့တဲ့ အူစိန်ဘော့ မှာ ကိုရိုနာရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ပါတီမှာ စတာလင်လည်း ပါဝင်ခဲ့

ကမ္ဘာ့အမြန်ဆုံး လူသား အူစိန်ဘော့ဟာ ဂျမေကာမှာ အသက် ၃၄ နှစ်ပြည့် မွေးနေ့ ပါတီပွဲ ကျင်းပပြီး ရက်အနည်းငယ်အကြာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းများက ဖော်ပြချက်အရ သိရပါတယ်။ အူစိန်ဘော့ဟာ အခုအခါ သီးသန့်နေထိုင်ပြီး ကုသမှု ခံယူတော့မှာဖြစ်ပါတယ်။ သတင်းစာများရဲ့ အဆိုအရ အသက် ၃၄ နှစ်အရွယ်မှာ တနင်္ဂနွေနေ့က ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။

အူစိန်ဘော့ရဲ့ မွေးနေ့ ပါတီကို သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး နာမည်ကျော်အားကစားသမားတွေဖြစ်တဲ့ မန်စီးတီးက စတာလင်၊ လေဗာကူဆင်ဟာ လီယွန်ဘိုင်လေ နဲ့ ခရစ်ကတ်ဂန္တဝင် ခရစ်ဂေလီ တို့လည်း တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။မွေးနေ့ ဗီဒီယိုမှာ အူစိန်ဘော့ဟာ သူ့ရဲ့ ဧည့်သည်များနဲ့ အတူတူ ရယ်မောပျော်ရွှင် ကခုန်နေတာကို တွေ့ရပါတယ်။

အိုလံပစ် ရွှေတံဆိပ်ဆုကို (၈) ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘော့ဟာ အင်စတာဂရမ်မှာလည်း အကောင်းဆုံးမွေးနေ့လို့ တင်ခဲ့တာဖြစ်ပါတယ်။ အူစိန်ဘော့အနေနဲ့ အခြားသော ရောဂါလက္ခဏာ ခံစားရမှုတွေ ရှိသလားဆိုတာ မသိရပေမယ့် ပြည်တွင်းသတင်းစာများရဲ့ ဖော်ပြချက်အရ သီးသန့်နေထိုင်ရပြီလို့ သိရပါတယ်။ ဂျမေကာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ (၁၄၁၃) ယောက်ရှိခဲ့ပြီး (၁၆) ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အသက္ ၃၄ ႏွစ္ျပည့္ေမြးေန႔ပါတီပြဲ က်င္းပခဲ့တဲ့ အူစိန္ေဘာ့ မွာ ကိုရိုနာေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ျပီး ပါတီမွာ စတာလင္လည္း ပါ၀င္ခဲ့

ကမာၻ႕အျမန္ဆံုး လူသား အူစိန္ေဘာ့ဟာ ဂ်ေမကာမွာ အသက္ ၃၄ ႏွစ္ျပည့္ ေမြးေန႔ ပါတီပြဲ က်င္းပျပီး ရက္အနည္းငယ္အၾကာမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ သတင္းမ်ားက ေဖာ္ျပခ်က္အရ သိရပါတယ္။ အူစိန္ေဘာ့ဟာ အခုအခါ သီးသန္႔ေနထိုင္ျပီး ကုသမႈ ခံယူေတာ့မွာျဖစ္ပါတယ္။ သတင္းစာမ်ားရဲ႕ အဆိုအရ အသက္ ၃၄ ႏွစ္အရြယ္မွာ တနဂၤေႏြေန႔က ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တာလို႔ သိရပါတယ္။

အူစိန္ေဘာ့ရဲ႕ ေမြးေန႔ ပါတီကို ၾသဂုတ္လ ၂၁ ရက္ေန႔က က်င္းပခဲ့တာျဖစ္ျပီး နာမည္ေက်ာ္အားကစားသမားေတြျဖစ္တဲ့ မန္စီးတီးက စတာလင္၊ ေလဗာကူဆင္ဟာ လီယြန္ဘိုင္ေလ နဲ႔ ခရစ္ကတ္ဂႏၱ၀င္ ခရစ္ေဂလီ တို႔လည္း တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။ေမြးေန႔ ဗီဒီယိုမွာ အူစိန္ေဘာ့ဟာ သူ႔ရဲ႕ ဧည့္သည္မ်ားနဲ႔ အတူတူ ရယ္ေမာေပ်ာ္ရႊင္ ကခုန္ေနတာကို ေတြ႕ရပါတယ္။

အိုလံပစ္ ေရႊတံဆိပ္ဆုကို (၈) ၾကိမ္ ရရွိခဲ့တဲ့ အူစိန္ေဘာ့ဟာ အင္စတာဂရမ္မွာလည္း အေကာင္းဆံုးေမြးေန႔လို႔ တင္ခဲ့တာျဖစ္ပါတယ္။ အူစိန္ေဘာ့အေနနဲ႔ အျခားေသာ ေရာဂါလကၡဏာ ခံစားရမႈေတြ ရွိသလားဆိုတာ မသိရေပမယ့္ ျပည္တြင္းသတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ သီးသန္႔ေနထိုင္ရျပီလို႔ သိရပါတယ္။ ဂ်ေမကာမွာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရသူ (၁၄၁၃) ေယာက္ရွိခဲ့ျပီး (၁၆) ေယာက္ေသဆံုးခဲ့တာ ျဖစ္ပါတယ္။