နောက်ဆုံးတော့ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရန် ချဲလ်ဆီး သဘောတူညီမှု ရရှိသွားပြီ

ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းက ကိုင်ဟာဗက်ဇ်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ခေါ်ယူရန် နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားကို လမ်းပတ်က ဒီနွေရာသီမှာ နံပါတ် (၁) ပစ်မှတ်ထားနေပြီး အပြောင်းအရွှေ့အတွက် ညှိနှိုင်းနေတာ ကြာပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းထံ ကနဦး ပေါင်သန်း ၇၀ ပေးရမှာဖြစ်ပြီး ဒီတစ်ပတ်အတွင်း အပြီးသတ်လုပ်ဆောင်သွားရန် ပြင်ဆင်နေပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ လာမယ့်ရက်အတွင်းမှာ လန်ဒန်ကို လေယာဉ်နဲ့ ရောက်လာတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေကတည်းက ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရန် ကြိုးစားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အခုတော့ အောင်မြင်သွားပါပြီ။

ကွင်းလယ်ကစားသမားကို ဥရောပရဲ့ အလားအလာရှိဆုံးကစားသမားတစ်ယောက်လို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၁၈) ဂိုးသွင်းပြီး (၉) ဂိုးဖန်တီးပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်က တီမိုဝါနာ နဲ့ အေဂျက်က ဇီယက်တို့ကိုလည်း ခေါ်ယူထားတာဖြစ်ပြီး နောက်ထပ်လည်း ခေါ်ယူသွားမယ်လို့ သိရပါတယ်။

အသင်းဟာ လက်စတာနောက်ခံလူ ဘင်ချီဝဲလ် နဲ့ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့် (၄) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် ရာသီမှာ အမှတ်ပေးဖလားကို စိန်ခေါ်ရန် ယခုလို အသင်းကို ပြန်လည်တည်ဆောက်နေတာပါ။ ချဲလ်ဆီးအသင်းဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပထမဆုံးပွဲကို ကစားရမှာဖြစ်ပါတယ်။

ေနာက္ဆံုးေတာ့ ကိုင္ဟာဗက္ဇ္ကို ေခၚယူရန္ ခ်ဲလ္ဆီး သေဘာတူညီမႈ ရရွိသြားျပီ

ခ်ဲလ္ဆီးအသင္းဟာ ေလဗာကူဆင္အသင္းက ကိုင္ဟာဗက္ဇ္ကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၉၀ နဲ႔ ေခၚယူရန္ နီးစပ္ေနျပီျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကြင္းလယ္တိုက္စစ္ကစားသမားကို လမ္းပတ္က ဒီေႏြရာသီမွာ နံပါတ္ (၁) ပစ္မွတ္ထားေနျပီး အေျပာင္းအေရႊ႕အတြက္ ညိွႏိႈင္းေနတာ ၾကာျပီ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေလဗာကူဆင္အသင္းထံ ကနဦး ေပါင္သန္း ၇၀ ေပးရမွာျဖစ္ျပီး ဒီတစ္ပတ္အတြင္း အျပီးသတ္လုပ္ေဆာင္သြားရန္ ျပင္ဆင္ေနပါတယ္။ ကိုင္ဟာဗက္ဇ္ဟာ လာမယ့္ရက္အတြင္းမွာ လန္ဒန္ကို ေလယာဥ္နဲ႔ ေရာက္လာေတာ့မွာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ လေတြကတည္းက ကိုင္ဟာဗက္ဇ္ကို ေခၚယူရန္ ၾကိဳးစားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ အခုေတာ့ ေအာင္ျမင္သြားပါျပီ။

ကြင္းလယ္ကစားသမားကို ဥေရာပရဲ႕ အလားအလာရွိဆံုးကစားသမားတစ္ေယာက္လို႔ သတ္မွတ္ထားၾကတာျဖစ္ပါတယ္။ ကိုင္ဟာဗက္ဇ္ဟာ ျပီးခဲ့တဲ့ရာသီက ေလဗာကူဆင္အသင္းအတြက္ ျပိဳင္ပြဲစံု (၁၈) ဂိုးသြင္းျပီး (၉) ဂိုးဖန္တီးေပးခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လိုက္ပ္ဇစ္က တီမုိ၀ါနာ နဲ႔ ေအဂ်က္က ဇီယက္တို႔ကိုလည္း ေခၚယူထားတာျဖစ္ျပီး ေနာက္ထပ္လည္း ေခၚယူသြားမယ္လို႔ သိရပါတယ္။

အသင္းဟာ လက္စတာေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ နဲ႔ ဘရိုက္တန္ေနာက္ခံလူ ဘင္၀ိႈက္တို႔ကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယား အဆင့္ (၄) ေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ရာသီမွာ အမွတ္ေပးဖလားကို စိန္ေခၚရန္ ယခုလို အသင္းကို ျပန္လည္တည္ေဆာက္ေနတာပါ။ ခ်ဲလ္ဆီးအသင္းဟာ စက္တင္ဘာလ ၁၄ ရက္ေန႔မွာ ဘရိုက္တန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပထမဆံုးပြဲကို ကစားရမွာျဖစ္ပါတယ္။