အေဂျက်နောက်ခံလူ တာဂ်လီယာဖီကို ကို ခေါ်ယူရန် စဉ်းစားနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ အေဂျက်နောက်ခံလူ တာဂ်လီယာဖီကိုကို ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ဟော်လန်ဘီလူးအသင်းမှာ ပြီးခဲ့တဲ့ရာသီတွေက ခြေစွမ်းပြကစားခဲ့တဲ့ တာဂ်လီယာဖီကိုဟာ အသင်းကြီးတစ်သင်းသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ အသင်းကို အသိပေးထားသူ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေလို့ လက်စတာအသင်းကလည်း အာဂျင်တီးနားလက်ရွေးစင်ကစားသမားကို ဘင်ချီဝဲလ်နေရာမှာ အစားထိုးရန် ရည်ရွယ်နေတယ်လို့ သိရပါတယ်။သို့သော်လည်း မာကာသတင်းဌာနက အဆိုအရ စပိန်လာလီဂါ ဘီလူးအသင်းဟာ အသင်းက ဂျော်ဒီအယ်လ်ဘာ ဒါမှမဟုတ် ဂျူနီယာဖာပို တို့ (၂) ယောက်ထဲက တစ်ယောက်ကို ရောင်းချရန် စဉ်းစားနေပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

တာဂ်လီယာဖီကိုရဲ့ တန်ကြေးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၂၂.၅ သန်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ မန်စီးတီးက အန်ဂျယ်လီနိုကိုလည်း စောင့်ကြည်နေတယ်လို့ သိရပါတယ်။

ေအဂ်က္ေနာက္ခံလူ တာဂ္လီယာဖီကို ကို ေခၚယူရန္ စဥ္းစားေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ေအဂ်က္ေနာက္ခံလူ တာဂ္လီယာဖီကိုကို ေခၚယူရန္ ျပန္လည္စိတ္၀င္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ေဟာ္လန္ဘီလူးအသင္းမွာ ျပီးခဲ့တဲ့ရာသီေတြက ေျခစြမ္းျပကစားခဲ့တဲ့ တာဂ္လီယာဖီကိုဟာ အသင္းၾကီးတစ္သင္းသင္းထံ ေျပာင္းေရႊ႕ႏိုင္တယ္လို႔ အသင္းကို အသိေပးထားသူ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လက္စတာအသင္းက ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေခၚယူရန္ ပစ္မွတ္ထားေနလို႔ လက္စတာအသင္းကလည္း အာဂ်င္တီးနားလက္ေရြးစင္ကစားသမားကို ဘင္ခ်ီ၀ဲလ္ေနရာမွာ အစားထိုးရန္ ရည္ရြယ္ေနတယ္လုိ႔ သိရပါတယ္။သို႔ေသာ္လည္း မာကာသတင္းဌာနက အဆိုအရ စပိန္လာလီဂါ ဘီလူးအသင္းဟာ အသင္းက ေဂ်ာ္ဒီအယ္လ္ဘာ ဒါမွမဟုတ္ ဂ်ဴနီယာဖာပို တို႔ (၂) ေယာက္ထဲက တစ္ေယာက္ကို ေရာင္းခ်ရန္ စဥ္းစားေနျပီး အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

တာဂ္လီယာဖီကိုရဲ႕ တန္ေၾကးဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္ ၂၂.၅ သန္းျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ လိုက္ပ္ဇစ္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ မန္စီးတီးက အန္ဂ်ယ္လီႏိုကိုလည္း ေစာင့္ၾကည္ေနတယ္လို႔ သိရပါတယ္။