ဒင်းနစ်စ်ဘားကမ့်ကို လက်ထောက်နည်းပြအဖြစ် ကမ်းလှမ်းတော့မယ့် အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့ ဂန္တဝင်ကစားစသမား ဒင်းနစ်စ်ဘားကမ့် ကို နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။The Sun ကအဆိုအရ အာဆင်နယ်နည်းပြဟာ လက်ထောက်နည်းပြအဖြစ်က ထွက်ခွာသွားတဲ့ ယွန်းဘတ် နေရာမှာ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ ဒင်းနစ်စ်ဘားကမ့်ဟာ ဟာ ၂၀၁၇ ခုနှစ်တုန်းက အေဂျက်လက်ထောက်နည်းပြအဖြစ်ကနေ ထွက်ခွာသွားပြီးနောက် ဘောလုံးပွဲတွေနဲ့ (၃) နှစ်လောက်ဝေးကွာနေသူ ဖြစ်ပါတယ်။

ဒင်းနစ်စ်ဘားကမ့်ဟာ အာဆင်နယ်အသင်းမှာ (၁၁) နှစ်ကြာကစားခဲ့သူဖြစ်ပြီး အမ်းမရိတ်ကွင်းအပြင်ဘက်မှာ သူ့ရဲ့ ရုပ်တုကို ထားရှိထားပါတယ်။ သူဟာ နည်းပြ အာစင်ဝင်းဂါးလက်အောက်မှာတုန်းက ရှုံးပွဲမရှိဖြတ်သန်းခဲ့တဲ့ ရာသီမှာလည်း ပုံမှန်ကစားခဲ့တဲ့ ကစားသမားဟောင်းလည်းဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ် နဲ့ အက်ဖ်အေဖလား (၃) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နည်းပြအာတီတာဟာ အာဆင်နယ်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ် တစ်ရာသီစလုံးကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ပထမဆုံးကစားရမှာဖြစ်ပါတယ်။ အဲ့ဒီပွဲမတိုင်ခင် အာဆင်နယ်အသင်းဟာ စနေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

ဒင္းနစ္စ္ဘားကမ့္ကို လက္ေထာက္နည္းျပအျဖစ္ ကမ္းလွမ္းေတာ့မယ့္ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းရဲ႕ ဂႏၱ၀င္ကစားစသမား ဒင္းနစ္စ္ဘားကမ့္ ကို နည္းျပအဖြဲ႔၀င္အျဖစ္ ေခၚယူရန္ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။The Sun ကအဆိုအရ အာဆင္နယ္နည္းျပဟာ လက္ေထာက္နည္းျပအျဖစ္က ထြက္ခြာသြားတဲ့ ယြန္းဘတ္ ေနရာမွာ အစားထိုးခ်င္ေနတယ္လို႔ သိရပါတယ္။ ဒင္းနစ္စ္ဘားကမ့္ဟာ ဟာ ၂၀၁၇ ခုႏွစ္တုန္းက ေအဂ်က္လက္ေထာက္နည္းျပအျဖစ္ကေန ထြက္ခြာသြားျပီးေနာက္ ေဘာလံုးပြဲေတြနဲ႔ (၃) ႏွစ္ေလာက္ေ၀းကြာေနသူ ျဖစ္ပါတယ္။

ဒင္းနစ္စ္ဘားကမ့္ဟာ အာဆင္နယ္အသင္းမွာ (၁၁) ႏွစ္ၾကာကစားခဲ့သူျဖစ္ျပီး အမ္းမရိတ္ကြင္းအျပင္ဘက္မွာ သူ႔ရဲ႕ ရုပ္တုကို ထားရွိထားပါတယ္။ သူဟာ နည္းျပ အာစင္၀င္းဂါးလက္ေအာက္မွာတုန္းက ရႈံးပြဲမရွိျဖတ္သန္းခဲ့တဲ့ ရာသီမွာလည္း ပံုမွန္ကစားခဲ့တဲ့ ကစားသမားေဟာင္းလည္းျဖစ္ပါတယ္။ သူဟာ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား (၃) ၾကိမ္ နဲ႔ အက္ဖ္ေအဖလား (၃) ၾကိမ္တို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

နည္းျပအာတီတာဟာ အာဆင္နယ္အသင္းအတြက္ ပထမဆံုးပရီးမီးယားလိဂ္ တစ္ရာသီစလံုးကို စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ဖူလ္ဟမ္အသင္းနဲ႔ ပထမဆံုးကစားရမွာျဖစ္ပါတယ္။ အဲ့ဒီပြဲမတိုင္ခင္ အာဆင္နယ္အသင္းဟာ စေနေန႔မွာ လီဗာပူးလ္အသင္းနဲ႔ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲကို ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။