အက်ဝုဒ်ဝက်ဒ်ရဲ့ သစ္စာဖောက်သလိုလုပ်ရပ်ကြောင့် ယူနိုက်တက်ကနေ ထွက်ခဲ့ရတယ်ဆိုပြီး ပြောခဲ့တဲ့ အီဗရာ

ယူနိုက်တက်အသင်းနောက်ခံလူဟောင်း အီဗရာက အသင်းကနေထွက်ခဲ့ရတဲ့အကြောင်းရင်းမှာ အမှုဆောင်ချုပ် အက်ဝုဒ် ဝက်ဒ်ရဲ့ သစ္စာဖောက်သလို လုပ်ရပ်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အီဗရာဟာ ယူနိုက်တက်မှာ ၉ နှစ်ကြာ ကစားခဲ့ သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၃၇၉ ပွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၃၀ ကျော်ကစားသမားတွေကို တစ်နှစ်ချင်းသာ သက်တမ်းရှိတဲ့ ယူနိုက်တက်ဟာ အီဗရာကို စာချုပ်သက်တမ်းမတိုးခဲ့တာကြောင့် ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


The Guardian နဲ့ အင်တာဗျူးတစ်ခုမှာတော့ အီဗရာက “ အဲ့ဒီအချိန်တုန်းက အက်ဝုဒ်ဝက်ဒ်က ကျွန်တော်အတွက် ၂နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားခံရတာ ရှိတယ်။မင်းအတွက် ဂုဏ်ယူပါတယ်ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့် ဂျူဗင်တပ်က ကျွန်တော်ကို ဘော့စမန်စည်းမျဉ်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အက်ဝုဒ်ဝက်ဒ်ရဲ့ လိမ်လည်တာကို ခံခဲ့ရပါတယ်။ ဒါပေ မယ် သူကတော့ ကျွန်တော်ဇနီးဟောင်းကို အပြစ်ပုံချခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

အီဗရာက “ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဇနီးဟောင်းက ယူနိုက်တက်ဟာ ချန်ပီယံရှစ်နဲ့ နီးနေပြီ။ ဒီမှာ နောက်ဆုံးကစားဖို့ ဖြစ်လာမယ်ဆိုပြီး ပြောခဲ့ပေမယ့် ကျွန်တော်က ယူနိုက်တက်အနေနဲ့ တန်းဆင်းသွားရမယ်ဆိုရင်တောင် အသင်းမှာဆက် နေမယ်ဆိုပြီး ပြန်ပြောခဲ့တာပါ။” လို့ ဇနီးဟောင်းရဲ့ ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းပြခဲ့တာပဲ ဖြစ်ပါတယ်။ အီ ဗရာဟာ ဂျူဗင်တပ်မှာ သုံးရာသီကြာ ကစားခဲ့ပြီး ပြင်သစ်ကလပ် မာဆေးကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

LEIGH, ENGLAND – SEPTEMBER 16: Old Trafford stadium announcer Alan Keegan poses with Patrice Evra ahead of the Barclays FA Women’s Super League match between Manchester United and Arsenal at Leigh Sports Village on September 16, 2019 in Leigh, United Kingdom. (Photo by Ash Donelon/Manchester United via Getty Images)

အီဗရာ ဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၉ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ၅ကြိမ်၊ လိဂ်ဖလား ၃ကြိမ်နဲ့ ချန်ပီယံ လိဂ် ၁ကြိမ်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဂျူဗင်တပ်မှာ ၂ရာသီခွဲ ကစားခဲ့ရမှာတော့ ၂ရာသီစလုံး စီးရီးအေချန်ပီယံဆုနဲ့ ကိုပါအီတ လီယာဖလားတွေကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အီဗရာအနေနဲ့ ယူနိုက်တက်မှာ လေ့ကျင့်ရေးနည်း ပြအဖြစ်လုပ်နေပြီး ပရော်ဖက်ရှင်နယ်နည်းပြ လိုင်စင်ရဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version

အက္ဝုဒ္ဝက္ဒ္ရဲ႕ သစၥာေဖာက္သလိုလုပ္ရပ္ေၾကာင့္ ယူႏိုက္တက္ကေန ထြက္ခဲ့ရတယ္ဆိုၿပီး ေျပာခဲ့တဲ့ အီဗရာ
ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္း အီဗရာက အသင္းကေနထြက္ခဲ့ရတဲ့အေၾကာင္းရင္းမွာ အမႈေဆာင္ခ်ဳပ္ အက္ဝုဒ္ ဝက္ဒ္ရဲ႕ သစၥာေဖာက္သလို လုပ္ရပ္ေၾကာင့္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အီဗရာဟာ ယူႏိုက္တက္မွာ ၉ ႏွစ္ၾကာ ကစားခဲ့ သူျဖစ္ၿပီး ၿပိဳင္ပြဲစံု ပြဲေပါင္း ၃၇၉ ပြဲကစားခဲ့သူလည္း ျဖစ္ပါတယ္။ အသက္ ၃၀ ေက်ာ္ကစားသမားေတြကို တစ္ႏွစ္ခ်င္းသာ သက္တမ္းရွိတဲ့ ယူႏိုက္တက္ဟာ အီဗရာကို စာခ်ဳပ္သက္တမ္းမတိုးခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။
The Guardian နဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ အီဗရာက “ အဲ့ဒီအခ်ိန္တုန္းက အက္ဝုဒ္ဝက္ဒ္က ကြ်န္ေတာ္အတြက္ ၂ႏွစ္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားခံရတာ ရွိတယ္။မင္းအတြက္ ဂုဏ္ယူပါတယ္ဆိုၿပီး ေျပာခဲ့တာပါ။ ဒါေပမယ့္ ဂ်ဴဗင္တပ္က ကြ်န္ေတာ္ကို ေဘာ့စမန္စည္းမ်ဥ္းနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အက္ဝုဒ္ဝက္ဒ္ရဲ႕ လိမ္လည္တာကို ခံခဲ့ရပါတယ္။ ဒါေပ မယ္ သူကေတာ့ ကြ်န္ေတာ္ဇနီးေဟာင္းကို အျပစ္ပံုခ်ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အီဗရာက “ အဲ့ဒီအခ်ိန္တုန္းက ကြ်န္ေတာ္ဇနီးေဟာင္းက ယူႏိုက္တက္ဟာ ခ်န္ပီယံရွစ္နဲ႔ နီးေနၿပီ။ ဒီမွာ ေနာက္ဆံုးကစားဖို႔ ျဖစ္လာမယ္ဆိုၿပီး ေျပာခဲ့ေပမယ့္ ကြ်န္ေတာ္က ယူႏိုက္တက္အေနနဲ႔ တန္းဆင္းသြားရမယ္ဆိုရင္ေတာင္ အသင္းမွာဆက္ ေနမယ္ဆိုၿပီး ျပန္ေျပာခဲ့တာပါ။” လို႔ ဇနီးေဟာင္းရဲ႕ ေျပာၾကားမႈေတြနဲ႔ ပတ္သက္ၿပီး ျပန္လည္ရွင္းျပခဲ့တာပဲ ျဖစ္ပါတယ္။ အီ ဗရာဟာ ဂ်ဴဗင္တပ္မွာ သံုးရာသီၾကာ ကစားခဲ့ၿပီး ျပင္သစ္ကလပ္ မာေဆးကို ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။
အီဗရာ ဟာ ယူႏိုက္တက္မွာ ကစားခဲ့တဲ့ ၉ရာသီအတြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၅ႀကိမ္၊ လိဂ္ဖလား ၃ႀကိမ္နဲ႔ ခ်န္ပီယံ လိဂ္ ၁ႀကိမ္ရရွိခဲ့သူ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္မွာ ၂ရာသီခြဲ ကစားခဲ့ရမွာေတာ့ ၂ရာသီစလံုး စီးရီးေအခ်န္ပီယံဆုနဲ႔ ကိုပါအီတ လီယာဖလားေတြကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အီဗရာအေနနဲ႔ ယူႏိုက္တက္မွာ ေလ့က်င့္ေရးနည္း ျပအျဖစ္လုပ္ေနၿပီး ပေရာ္ဖက္ရွင္နယ္နည္းျပ လိုင္စင္ရဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။