အသစ်ခေါ်ထားတဲ့ တီမိုဝါနာ၊ ဇီယက်တို့က ချဲလ်ဆီးကို ထိပ်တန်းအဆင့်ရောက်အောင် လုပ်ဆောင်နိုင်မယ်

ချဲလ်ဆီးအသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အက်ရှ်လေကိုးက နွေရာသီအပြောင်းအရွှေ့မတိုင်ခင်မှာ ခေါ်ယူထား တဲ့ တီမိုဝါနာ၊ဇီယက်တို့က အသင်းကို ထိပ်တန်းအဆင့်ရောက်အောင် လုပ်ဆောင်နိုင်မယ့်သူတွေလို့ ပြောခဲ့ပါတယ်။ ချဲလ် ဆီးအနေနဲ့ ဇီယက်ကို ပေါင် ၃၆ သန်းနဲ့ ဖေဖော်ဝါရီလကတည်းက ခေါ်ယူဖို့ သဘောတူညီမှုရထားခဲ့သလို တီမိုဝါနာကို လည်း ဇွန်လမှာ ပေါင် ၄၇.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


အက်ရှ်လေကိုးက အသစ်ရောက်ရှိလာတဲ့ ကစားသမားသစ်နှစ်ယောက်အနေနဲ့ အသင်းအတွက် အကျိုးများစွာရှိမှာဖြစ်ပြီး လာမယ့်ရာသီမှာ အမှတ်ပေးချန်ပီယံဆုအပြင် ဆုဖလားတွေအားလုံးရအောင်ပါစွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဘရိုက် တန်ကို အဝေးကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။


ESPN ကနေတဆင့် အက်ရှ်လေကိုး က “အသင်းကိုရောက်လာတဲ့ ကစားသမားနှစ်ယောက်စလုံးဟာ အသက်ငယ်တယ် ဆိုပေမယ့် ချန်ပီယံလိဂ်အတွေ့အကြုံ ရှိတဲ့သူတွေပါ။ သူတို့ဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက ပါးစပ်ကနေပဲပြောနေတာမျိုးမဟုတ်ပါဘူး။ ပါးစပ်ကနေ လူတိုင်းပြောတတ်ပေမယ့် သူရဲ့ခြေစွမ်းတွေကို ကြည့်ရင် ကျွန်တော် ပြောတာတွေက မှန်တယ်ဆိုတာကို သိမှာပါ” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး အက်ရှ်လေကိုးက အသင်းဖော်ဟောင်းဖြစ်ခဲ့ပြီး လက်ရှိချဲလ်ဆီးနည်းပြအဖြစ် လုပ်ကိုင်နေတဲ့ လမ်းပတ်ကို လည်း ချီးကျူးခဲ့ပါတယ်။ အက်ရှ်လေကိုးက “ ကစားသမားခေါ်ယူခွင့် ပိတ်ခံထားရတယ်ဆိုပေမယ့် လမ်းပတ်အနေနဲ့ အ ကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို ကစားပုံလည်း ပိုကောင်းလာပါတယ်။ အပြောင်းအရွှေ့ အပိတ်ခံခဲ့ရတာ လူငယ်ကစားသမားတွေ၊လမ်းပတ်နဲ့ အသင်းကို ကောင်းကျိုးဖြစ်စေခဲ့ပါတယ်” လို့ပြော ခဲ့ပါတယ်။

zawgyi version

အသစ္ေခၚထားတဲ့ တီမိုဝါနာ၊ ဇီယက္တို႔က ခ်ဲလ္ဆီးကို ထိပ္တန္းအဆင့္ေရာက္ေအာင္ လုပ္ေဆာင္ႏိုင္မယ္
ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အက္ရွ္ေလကိုးက ေႏြရာသီအေျပာင္းအေရႊ႕မတိုင္ခင္မွာ ေခၚယူထား တဲ့ တီမိုဝါနာ၊ဇီယက္တို႔က အသင္းကို ထိပ္တန္းအဆင့္ေရာက္ေအာင္ လုပ္ေဆာင္ႏိုင္မယ့္သူေတြလို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ ဆီးအေနနဲ႔ ဇီယက္ကို ေပါင္ ၃၆ သန္းနဲ႔ ေဖေဖာ္ဝါရီလကတည္းက ေခၚယူဖို႔ သေဘာတူညီမႈရထားခဲ့သလို တီမိုဝါနာကို လည္း ဇြန္လမွာ ေပါင္ ၄၇.၅ သန္းနဲ႔ ေခၚယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
အက္ရွ္ေလကိုးက အသစ္ေရာက္ရွိလာတဲ့ ကစားသမားသစ္ႏွစ္ေယာက္အေနနဲ႔ အသင္းအတြက္ အက်ိဳးမ်ားစြာရွိမွာျဖစ္ၿပီး လာမယ့္ရာသီမွာ အမွတ္ေပးခ်န္ပီယံဆုအျပင္ ဆုဖလားေတြအားလံုးရေအာင္ပါစြမ္းေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ စက္တင္ဘာလ ၁၄ ရက္ေန႔မွာ ဘ႐ိုက္ တန္ကို အေဝးကြင္းမွာ စတင္ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
ESPN ကေနတဆင့္ အက္ရွ္ေလကိုး က “အသင္းကိုေရာက္လာတဲ့ ကစားသမားႏွစ္ေယာက္စလံုးဟာ အသက္ငယ္တယ္ ဆိုေပမယ့္ ခ်န္ပီယံလိဂ္အေတြ႕အၾကံဳ ရွိတဲ့သူေတြပါ။ သူတို႔ဟာ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါက ပါးစပ္ကေနပဲေျပာေနတာမ်ိဳးမဟုတ္ပါဘူး။ ပါးစပ္ကေန လူတိုင္းေျပာတတ္ေပမယ့္ သူရဲ႕ေျခစြမ္းေတြကို ၾကည့္ရင္ ကြ်န္ေတာ္ ေျပာတာေတြက မွန္တယ္ဆိုတာကို သိမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး အက္ရွ္ေလကိုးက အသင္းေဖာ္ေဟာင္းျဖစ္ခဲ့ၿပီး လက္ရွိခ်ဲလ္ဆီးနည္းျပအျဖစ္ လုပ္ကိုင္ေနတဲ့ လမ္းပတ္ကို လည္း ခ်ီးက်ဴးခဲ့ပါတယ္။ အက္ရွ္ေလကိုးက “ ကစားသမားေခၚယူခြင့္ ပိတ္ခံထားရတယ္ဆိုေပမယ့္ လမ္းပတ္အေနနဲ႔ အ ေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့သလို ကစားပံုလည္း ပိုေကာင္းလာပါတယ္။ အေျပာင္းအေရႊ႕ အပိတ္ခံခဲ့ရတာ လူငယ္ကစားသမားေတြ၊လမ္းပတ္နဲ႔ အသင္းကို ေကာင္းက်ိဳးျဖစ္ေစခဲ့ပါတယ္” လို႔ေျပာ ခဲ့ပါတယ္။