ဘောလုံးအသင်းနည်းပြ လုပ်တော့မယ်လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တဲ့ ဖာနန်ဒိုတောရက်စ်

လီဗာပူးနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်အနေနဲ့ ဘောလုံးလောကမှာ ကစားသမားဘဝကနေ အနားယူ ပြီး တစ်နှစ်အကြာမှာပဲ နည်းပြအဖြစ်လုပ်ကိုင်တော့မယ်လို့ သူရဲ့ အင်စတာဂရမ်အကောင့်မှာ ပို့စ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖာနန်ဒိုတောရက်စ်ဟာ အင်စတာဂရမ်မှာ Followers ၈ သန်းကျော်အထိရှိတဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် လည်း ဖြစ်ပါတယ်။


အက်သလက်တီကို လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကို၊ လီဗာပူး၊ချဲလ် ဆီး၊ အေစီမီလန်အသင်းတွေမှာ ကစားပြီး ဂျပန်ကလပ်ဖြစ်တဲ့ ဆာဂန်တိုဆုအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂျပန် ကလပ်မှာ တစ်နှစ်ကစားပြီးနောက်မှာတော့ ဖာနန်ဒိုတောရက်စ်အနေနဲ့ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး အနာဂတ်မှာ သူလုပ်ဆောင်မယ်အရာတွေကို ထုတ်ဖော်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။


ဖာနန်ဒိုတောရက်စ်က “ဘောလုံးသမားဘဝကနေ တစ်နှစ်လောက်အနားယူပြီးနောက်မှာ အချိန်တွေကုန်သွားခဲ့တာကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အခုချိန်မှာ နောက်ထပ်အခြေအနေတစ်ခုကို လုပ်ဆောင်ရတော့မှာပါ။ နည်းပြ တစ်ယောက်အဖြစ် ဘောလုံးလောကကို ပြန်လာဖို့အတွက် လုပ်ဆောင်သွားပါမယ်။” လို့ ပြောခဲ့သလို အသင်းဟောင်း လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။


ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကိုကနေ ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ လီဗာပူးကို ပြောင်းရွှေ့လာပြီး ခြေစွမ်း ပြနိုင်ခဲ့တာကြောင့် ပေါင်သန်း ၅၀ နဲ့အတူ ချဲလ်ဆီးရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။ တောရက်စ်ဟာ လီဗာပူးနဲ့ ချဲလ်ဆီးတို့ နှစ်သင်းပေါင်းမှာ ခုနှစ်ရာသီကစားခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၈၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒိုတောရက်စ် အနေနဲ့ လီဗာပူးမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုမရခဲ့ဘဲ ချဲလ်ဆီးနဲ့တော့ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ် ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

zawgyi version

ေဘာလံုးအသင္းနည္းျပ လုပ္ေတာ့မယ္လို႔ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တဲ့ ဖာနန္ဒိုေတာရက္စ္
လီဗာပူးနဲ႔ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ဖာနန္ဒိုေတာရက္စ္အေနနဲ႔ ေဘာလံုးေလာကမွာ ကစားသမားဘဝကေန အနားယူ ၿပီး တစ္ႏွစ္အၾကာမွာပဲ နည္းျပအျဖစ္လုပ္ကိုင္ေတာ့မယ္လို႔ သူရဲ႕ အင္စတာဂရမ္အေကာင့္မွာ ပို႔စ္တင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖာနန္ဒိုေတာရက္စ္ဟာ အင္စတာဂရမ္မွာ Followers ၈ သန္းေက်ာ္အထိရွိတဲ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူတစ္ေယာက္ လည္း ျဖစ္ပါတယ္။
အက္သလက္တီကို လူငယ္အသင္းကေန ေပၚထြက္လာခဲ့တဲ့ ဖာနန္ဒိုေတာရက္စ္ဟာ အက္သလက္တီကို၊ လီဗာပူး၊ခ်ဲလ္ ဆီး၊ ေအစီမီလန္အသင္းေတြမွာ ကစားၿပီး ဂ်ပန္ကလပ္ျဖစ္တဲ့ ဆာဂန္တိုဆုအသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ဂ်ပန္ ကလပ္မွာ တစ္ႏွစ္ကစားၿပီးေနာက္မွာေတာ့ ဖာနန္ဒိုေတာရက္စ္အေနနဲ႔ ကစားသမားဘဝကေန အနားယူခဲ့တာျဖစ္ၿပီး အနာဂတ္မွာ သူလုပ္ေဆာင္မယ္အရာေတြကို ထုတ္ေဖာ္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။
ဖာနန္ဒိုေတာရက္စ္က “ေဘာလံုးသမားဘဝကေန တစ္ႏွစ္ေလာက္အနားယူၿပီးေနာက္မွာ အခ်ိန္ေတြကုန္သြားခဲ့တာကို မယံုႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ အခုခ်ိန္မွာ ေနာက္ထပ္အေျခအေနတစ္ခုကို လုပ္ေဆာင္ရေတာ့မွာပါ။ နည္းျပ တစ္ေယာက္အျဖစ္ ေဘာလံုးေလာကကို ျပန္လာဖို႔အတြက္ လုပ္ေဆာင္သြားပါမယ္။” လို႔ ေျပာခဲ့သလို အသင္းေဟာင္း လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရခဲ့တဲ့အတြက္ ဂုဏ္ယူေၾကာင္း ေျပာခဲ့ပါတယ္။
ဖာနန္ဒိုေတာရက္စ္ဟာ အက္သလက္တီကိုကေန ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ လီဗာပူးကို ေျပာင္းေရႊ႕လာၿပီး ေျခစြမ္း ျပႏိုင္ခဲ့တာေၾကာင့္ ေပါင္သန္း ၅၀ နဲ႔အတူ ခ်ဲလ္ဆီးရဲ႕ေခၚယူျခင္းကိုခံခဲ့ရပါတယ္။ ေတာရက္စ္ဟာ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔ ႏွစ္သင္းေပါင္းမွာ ခုႏွစ္ရာသီကစားခဲ့ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၈၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ဖာနန္ဒိုေတာရက္စ္ အေနနဲ႔ လီဗာပူးမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈမရခဲ့ဘဲ ခ်ဲလ္ဆီးနဲ႔ေတာ့ ခ်န္ပီယံလိဂ္ဖလား၊ ယူ႐ိုပါလိဂ္ ဖလားေတြကို ရယူႏိုင္ခဲ့ပါတယ္။