အဂူရိုနေရာမှာ အစားထိုးရန် ဟယ်ရီကိန်းကို စိတ်ဝင်စားလာတဲ့ မန်စီးတီးအသင်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂူရိုနေရာမှာ အစားထိုးရန် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဟယ်ရီကိန်းဟာ ဒဏ်ရာပြဿနာများရရှိခဲ့ပေမယ့် စပါးအသင်းအတွက် (၃၄) ပွဲကစားပြီး (၂၄) ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ စပါးအသင်းအတွက်စုစုပေါင်း (၂၈၇) ပွဲကစားထားပြီး (၁၈၈) ဂိုးအထိ သွင်းပေးထားပါတယ်။

The Sun က အဆိုအရ ဂွါဒီယိုလာဟာ အဂူရိုနေရာမှာ အစားထိုးရန်အတွက် ဟယ်ရီကိန်းကို နံပါတ် (၁) ပစ်မှတ်ထားတယ်လို့ သိရပေမယ့် ဒီနွေရာသီမှာတော့ အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူရန်မှာ လုံးဝမဖြစ်နိုင်ဘူးလို့ စပိန်လူမျိုးနည်းပြက လက်ခံထားပါတယ်။ဒ့ါကြောင့်မန်စီးတီးအသင်းဟာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လော်တရိုမာတီနက်ဇ်ကို အဓိက အာရုံစိုက်နေတယ်လို့ သိရပါတယ်။ လော်တရိုမာတီနက်ဇ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၉) ပွဲကစားထားပြီး (၂၁) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကလည်း အာဂျင်တီးနား တိုက်စစ်မှူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေလို့ မန်စီးတီးအသင်းရဲ့ ဒီနွေရာသီ အဓိက ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမား (၂) ယောက်စလုံးကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ဒီနှစ်အစောပိုင်းမှာ ဟယ်ရီကိန်းက အနာဂတ်မှာ စပါးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံပြောသွားခဲ့လို့ စပါးအသင်းသာ ဆုဖလားတွေကို မရယူနိုင်ခဲ့ရင် ထွက်ခွာနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အဂူရိုေနရာမွာ အစားထိုးရန္ ဟယ္ရီကိန္းကို စိတ္၀င္စားလာတဲ့ မန္စီးတီးအသင္း

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အသင္းရဲ႕ အဓိကတိုက္စစ္မွဴး အဂူရိုေနရာမွာ အစားထိုးရန္ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းကို စိတ္၀င္စားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဟယ္ရီကိန္းဟာ ဒဏ္ရာျပႆနာမ်ားရရွိခဲ့ေပမယ့္ စပါးအသင္းအတြက္ (၃၄) ပြဲကစားျပီး (၂၄) ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ သူဟာ လက္ရွိမွာ စပါးအသင္းအတြက္စုစုေပါင္း (၂၈၇) ပြဲကစားထားျပီး (၁၈၈) ဂိုးအထိ သြင္းေပးထားပါတယ္။

The Sun က အဆိုအရ ဂြါဒီိယုိလာဟာ အဂူရိုေနရာမွာ အစားထိုးရန္အတြက္ ဟယ္ရီကိန္းကို နံပါတ္ (၁) ပစ္မွတ္ထားတယ္လို႔ သိရေပမယ့္ ဒီေႏြရာသီမွာေတာ့ အဂၤလန္အသင္းေခါင္းေဆာင္ကို ေခၚယူရန္မွာ လုံုး၀မျဖစ္ႏိုင္ဘူးလို႔ စပိန္လူမ်ိဳးနည္းျပက လက္ခံထားပါတယ္။ဒ့ါေၾကာင့္မန္စီးတီးအသင္းဟာ အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မွဴး ေလာ္တရိုမာတီနက္ဇ္ကို အဓိက အာရံုစိုက္ေနတယ္လို႔ သိရပါတယ္။ ေလာ္တရိုမာတီနက္ဇ္ဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အင္တာမီလန္အသင္းအတြက္ ျပိဳင္ပြဲစံု (၄၉) ပြဲကစားထားျပီး (၂၁) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကလည္း အာဂ်င္တီးနား တိုက္စစ္မွဴးကို စိတ္၀င္စားေနတယ္လို႔ သတင္းေတြထြက္ေပၚေနလို႔ မန္စီးတီးအသင္းရဲ႕ ဒီေႏြရာသီ အဓိက ပစ္မွတ္ထားေနတဲ့ တိုက္စစ္ကစားသမား (၂) ေယာက္စလံုးကို လက္လႊတ္ရဖြယ္ရွိေနပါတယ္။ဒီႏွစ္အေစာပိုင္းမွာ ဟယ္ရီကိန္းက အနာဂတ္မွာ စပါးအသင္းကေန ထြက္ခြာႏိုင္တယ္လို႔ ၀န္ခံေျပာသြားခဲ့လို႔ စပါးအသင္းသာ ဆုဖလားေတြကို မရယူႏိုင္ခဲ့ရင္ ထြက္ခြာႏိုင္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။