ဂါဘရီရယ်လ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီး နောက်တစ်ပတ်မှာ လန်ဒန်ကို ရောက်လာတော့မယ်

အာဆင်နယ်အသင်းဟာ ဘရာဇီးကြယ်ပွင့် လိုင်လီနောက်ခံလူ ဂါဘရီရယ်လ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီးနောက်တစ်ပတ်မှာ လန်ဒန်ကို ရောက်လာပြီး စာချုပ်ကို အပြီးသတ်ချုပ်ဆိုတော့မှာပါ။ ဂါဘရီရယ်လ်ဟာ အာဆင်နယ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ရန် ဆေးစစ်မှု ခံယူရဖို့ပဲ ကျန်တော့တယ်လို့ အီတလီကသတင်းထောက် ဖေဘရီဇီယိုရိုမန်နိုက ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၂ နှစ်အရွယ်ဘရာဇီးကြယ်ပွင့်ကို ဥရောပထိပ်သီးအသင်းတွေနဲ့အပြိုင် စိတ်ဝင်စားပြီး ခေါ်ယူခဲ့တာပါ။ အီတလီက နာပိုလီကတော့ ဂါဘရီရယ်လ်အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှု ခံယူတော့မှာဖြစ်လို့ လက်လျော့လိုက်ပြီဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်ကစားသမားဟာ ပြီးခဲ့တဲ့ (၁၈) လအတွင်း လိုင်လီအသင်းနဲ့ လီဂူး ၁ မှာ ခြေစွမ်းပြကစားခဲ့သူပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း နီကိုးလပ်စ်ပီပီကို လိုင်လီအသင်းကနေ ခေါ်ယူထားတာဖြစ်လို့ ခိုင်မာတဲ့ ဆက်ဆံရေးရှိထားပါတယ်။

ဂါဘရီရယ်လ်ကို ပီအက်စ်ဂျီ နဲ့ မန်စီးတီးအသင်းတို့ကလည်း ဆက်သွယ်မှုတော့ လုပ်ထားသော်လည်း အာဆင်နယ်နည်းပြ အာတီတာက ပွဲကစားချိန်အာမခံချက်ပေးလို့ အမ်းမရိတ်ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ စပိန်လူမျိုးနည်းပြဟာ အာဆင်နယ်အသင်းကို ပွဲဦးထွက် ကိုင်တွယ်ခဲ့တဲ့ နှစ်မှာပင် အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းကို ထပ်မံအင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။ ဂါဘရီရယ်လ်ကို ခေါ်ယူခဲ့လို့ အာဆင်နယ်အသင်းက ချမ်ဘားစ် နဲ့ ဟိုးလ်ဒင်းတို့ကို အာဆင်နယ်အသင်းက ရောင်းချသွားဖွယ်ရှိနေပါတယ်။

ဂါဘရီရယ္လ္ကို ေခၚယူရန္ သေဘာတူညီမႈ ရရွိသြားျပီး ေနာက္တစ္ပတ္မွာ လန္ဒန္ကို ေရာက္လာေတာ့မယ္

အာဆင္နယ္အသင္းဟာ ဘရာဇီးၾကယ္ပြင့္ လိုင္လီေနာက္ခံလူ ဂါဘရီရယ္လ္ကို ေခၚယူရန္ သေဘာတူညီမႈ ရရွိသြားျပီးေနာက္တစ္ပတ္မွာ လန္ဒန္ကို ေရာက္လာျပီး စာခ်ဳပ္ကို အျပီးသတ္ခ်ဳပ္ဆိုေတာ့မွာပါ။ ဂါဘရီရယ္လ္ဟာ အာဆင္နယ္အသင္းကို အျပီးသတ္ေျပာင္းေရႊ႕ရန္ ေဆးစစ္မႈ ခံယူရဖို႔႔ပဲ က်န္ေတာ့တယ္လို႔ အီတလီကသတင္းေထာက္ ေဖဘရီဇီယိုရိုမန္ႏိုက ေျပာသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အသက္ ၂၂ ႏွစ္အရြယ္ဘရာဇီးၾကယ္ပြင့္ကို ဥေရာပထိပ္သီးအသင္းေတြနဲ႔အျပိဳင္ စိတ္၀င္စားျပီး ေခၚယူခဲ့တာပါ။ အီတလီက နာပိုလီကေတာ့ ဂါဘရီရယ္လ္အာဆင္နယ္အသင္းနဲ႔ ေဆးစစ္မႈ ခံယူေတာ့မွာျဖစ္္လို႔ လက္ေလ်ာ့လိုက္ျပီျဖစ္ပါတယ္။ လူငယ္ၾကယ္ပြင့္ကစားသမားဟာ ျပီးခဲ့တဲ့ (၁၈) လအတြင္း လိုင္လီအသင္းနဲ႔ လီဂူး ၁ မွာ ေျခစြမ္းျပကစားခဲ့သူပါ။ အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ေႏြရာသီကလည္း နီကိုးလပ္စ္ပီပီကို လိုင္လီအသင္းကေန ေခၚယူထားတာျဖစ္လို႔ ခုိင္မာတဲ့ ဆက္ဆံေရးရွိထားပါတယ္။

ဂါဘရီရယ္လ္ကို ပီအက္စ္ဂ်ီ နဲ႔ မန္စီးတီးအသင္းတို႔ကလည္း ဆက္သြယ္မႈေတာ့ လုပ္ထားေသာ္လည္း အာဆင္နယ္နည္းျပ အာတီတာက ပြဲကစားခ်ိန္အာမခံခ်က္ေပးလို႔ အမ္းမရိတ္ကို ေရြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။ စပိန္လူမ်ိဳးနည္းျပဟာ အာဆင္နယ္အသင္းကို ပြဲဦးထြက္ ကိုင္တြယ္ခဲ့တဲ့ ႏွစ္မွာပင္ အက္ဖ္ေအဖလားကို ဆြတ္ခူးႏိုင္ခဲ့ျပီး အသင္းကို ထပ္မံအင္အားျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။ ဂါဘရီရယ္လ္ကို ေခၚယူခဲ့လို႔ အာဆင္နယ္အသင္းက ခ်မ္ဘားစ္ နဲ႔ ဟိုးလ္ဒင္းတို႔ကို အာဆင္နယ္အသင္းက ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။