ပေါင် ၂၆.၅ သန်းတန် မန်စီးတီးဘယ်နောက်ခံလူ အန်ဂျယ်လီနိုကို ခေါ်ယူရန် စိတ်ဝင်စားလာတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ အန်ဂျယ်လီနိုကို ခေါ်ယူရန်အတွက် စုံစမ်းမှုတွေ လုပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဘာစီလိုနာအသင်းဘက်ကတော့ မန်စီးတီးအသင်းထံ တရားဝင်မကမ်းလှမ်းရသေးပေမယ့် မန်စီးတီးအသင်းဘက်က အသက် ၂၃ နှစ်အရွယ် စပိန်ကစားသမားကို ပေါင် ၂၆.၅ သန်း သတ်မှတ်ထားတာဖြစ်ပါတယ်။ အန်ဂျယ်လီနိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဗွီအသင်းကနေ မန်စီးတီးကို ရောက်လာသူဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီဒုတိယရာသီဝက်မှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် လိုက်ပ်ဇစ်အသင်းနဲ့ ခြေစွမ်းပြကစားခဲ့ပါတယ်။

ဂျာမန်ကလပ်အသင်းဟာ သူ့ကို အပြီးသတ်ခေါ်ယူရန် မျှော်လင့်သော်လည်း မန်စီးတီးအသင်းက သတ်မှတ်ထားတဲ့ ကစားသမားရဲ့ တန်ကြေးကို ပေးချေလိုဖွယ်မရှိပါဘူး။ ဒီတစ်ပတ်မှာ နည်းပြသစ်အဖြစ် ရော်နယ်ကိုးမန်းကို ခန့်အပ်လိုက်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းက ကစားသမားအများစုကို ရောင်းချထွက်ခွာခွင့်ပေးသွားမှာဖြစ်ပါတယ်။

အန်ဂျယ်လီနိုဟာ မန်စီးတီးအသင်းကို အကယ်ဒမီကစားသမားအဖြစ်နဲ့ ပူးပေါင်းလာရောက်ခဲ့ပြီး နယူးယောက်စီးတီးအသင်း ၊ ဂီရိုနနာ ၊ မာယော့ကာ နဲ့ NAC Breda အသင်းတို့မှာ အငှားသွားရောက်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ပီအက်စ်ဗွီအသင်းထံ အပြီးသတ်ပြောင်းသွားခဲ့ပါတယ်။ပီအက်စ်ဗွီအသင်းမှာ အောင်မြင်မှု ရခဲ့ပြီးနောက် မန်စီးတီးအသင်းက ပေါင် ၅.၃ သန်းနဲ့ ပြန်လည်ဝယ်ယူခဲ့ပြီး ပထမအသင်းမှာ ယှဉ်ပြိုင်စေခဲ့ပါတယ်။ သူဟာ လိုက်ပ်ဇစ်အသင်းထံ အငှားနဲ့ သွားရောက်မကစားခင် (၁၂) ပွဲကစားခဲ့သူဖြစ်ပါတယ်။

ေပါင္ ၂၆.၅ သန္းတန္ မန္စီးတီးဘယ္ေနာက္ခံလူ အန္ဂ်ယ္လီႏိုကို ေခၚယူရန္ စိတ္၀င္စားလာတဲ့ ဘာစီလိုနာအသင္း

ဘာစီလုိနာအသင္းဟာ မန္စီးတီးအသင္းရဲ႕ ဘယ္ေနာက္ခံလူ အန္ဂ်ယ္လီႏိုကို ေခၚယူရန္အတြက္ စံုစမ္းမႈေတြ လုပ္ေနျပီလို႔ သတင္းေတြထြက္ေပၚလာပါတယ္။ ဘာစီလိုနာအသင္းဘက္ကေတာ့ မန္စီးတီးအသင္းထံ တရား၀င္မကမ္းလွမ္းရေသးေပမယ့္ မန္စီးတီးအသင္းဘက္က အသက္ ၂၃ ႏွစ္အရြယ္ စပိန္ကစားသမားကို ေပါင္ ၂၆.၅ သန္း သတ္မွတ္ထားတာျဖစ္ပါတယ္။ အန္ဂ်ယ္လီႏိုဟာ ျပီးခဲ့တဲ့ေႏြရာသီကမွ ပီအက္စ္ဗြီအသင္းကေန မန္စီးတီးကို ေရာက္လာသူျဖစ္ျပီး ၂၀၁၉-၂၀ ေဘာလံုးရာသီဒုတိယရာသီ၀က္မွာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ လိုက္ပ္ဇစ္အသင္းနဲ႔ ေျခစြမး္ျပကစားခဲ့ပါတယ္။

ဂ်ာမန္ကလပ္အသင္းဟာ သူ႔ကို အျပီးသတ္ေခၚယူရန္ ေမွ်ာ္လင့္ေသာ္လည္း မန္စီးတီးအသင္းက သတ္မွတ္ထားတဲ့ ကစားသမားရဲ႕ တန္ေၾကးကို ေပးေခ်လိုဖြယ္မရွိပါဘူး။ ဒီတစ္ပတ္မွာ နည္းျပသစ္အျဖစ္ ေရာ္နယ္ကိုးမန္းကို ခန္႔အပ္လိုက္တဲ့ ဘာစီလိုနာအသင္းဟာ အသင္းက ကစားသမားအမ်ားစုကို ေရာင္းခ်ထြက္ခြာခြင့္ေပးသြားမွာျဖစ္ပါတယ္။

အန္ဂ်ယ္လီႏိုဟာ မန္စီးတီးအသင္းကို အကယ္ဒမီကစားသမားအျဖစ္နဲ႔ ပူးေပါင္းလာေရာက္ခဲ့ျပီး နယူးေယာက္စီးတီးအသင္း ၊ ဂီရိုနနာ ၊ မာေယာ့ကာ နဲ႔ NAC Breda အသင္းတို႔မွာ အငွားသြားေရာက္ကစားခဲ့ျပီး ၂၀၁၈ ခုနွစ္မွာ ပီအက္စ္ဗြီအသင္းထံ အျပီးသတ္ေျပာင္းသြားခဲ့ပါတယ္။ပီအက္စ္ဗြီအသင္းမွာ ေအာင္ျမင္မႈ ရခဲ့ျပီးေနာက္ မန္စီးတီးအသင္းက ေပါင္ ၅.၃ သန္းနဲ႔ ျပန္လည္၀ယ္ယူခဲ့ျပီး ပထမအသင္းမွာ ယွဥ္ျပိဳင္ေစခဲ့ပါတယ္။ သူဟာ လုိက္ပ္ဇစ္အသင္းထံ အငွားနဲ႔ သြားေရာက္မကစားခင္ (၁၂) ပြဲကစားခဲ့သူျဖစ္ပါတယ္။