စပါးနောက်ခံလူ အော်ရီရာကို လေဗာကူဆင် နဲ့ အပြိုင်ခေါ်ယူရန် စိတ်ဝင်စားလာတဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ စပါးအသင်းရဲ့ ညာနောက်ခံလူ အော်ရီရာကို ခေါ်ယူရန် အပြင်းအထန်စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စီးရီးအေ ကလပ်အသင်းဟာ ညာနောက်ခံလူ ကစားသမားကို ပေါင် ၁၃.၅ သန်းနဲ့ ကမ်းလှမ်းရန် ရည်ရွယ်ထားပေမယ့် စပါးအသင်းက အနည်းဆုံး ပေါင် ၁၈ သန်းလောက် လိုချင်နေတာ ဖြစ်ပါတယ်။

စကိုင်းစပေါ့က အဆိုအရ လေဗာကူဆင်အသင်းကလည်း အော်ရီရာကို စိတ်ဝင်စားနေတာဖြစ်လို့ အေစီမီလန်အသင်းဟာ မြန်မြန်ဆန်ဆန် ဆွေးနွေးတော့မယ်လို့ သိရပါတယ်။စပါးအသင်းဟာ အော်ရီရာကို ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ဖြစ်ပါတယ်။

နောက်ခံလူဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ (၈) ပွဲပဲ ကစားခဲ့ရလို့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကတည်းက အသင်းက ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။သို့သော်လည်း အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ပွဲကစားခွင့်ရရှိလာပြီးအသင်းရဲ့ ပထမပွဲထွက်ကစားသမားဖြစ်လာပါတယ်။

အိုင်ဗရီကိုစ့်လက်ရွေးစင်ကစားသမားဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲကစားပြီး (၂) ဂိုးသွင်း (၈) ဂိုးဖန်တီးပေးထားပါတယ်။ မော်ရင်ဟိုဟာ အပြောင်းအရွှေ့မှာ ဟော့ဂျ်ဘက်ချ်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူထားတာဖြစ်ပြီး နောက်ထပ် ခေါ်ယူရန် အသုံးစရိတ် လိုအပ်နေတာဖြစ်ပါတယ်။ သို့သော်လည်း စပါးအသင်းဟာ ကိုင်လီဝေါ်ကာပီတာစ်ကို ဆောက်သမ်တန်အသင်းထံ ရောင်းချခဲ့လို့ ညာနောက်ခံလူနေရာအတွက် ရွေးချယ်စရာ နည်းနေပြီလို့ သိရပါတယ်။

စပါးေနာက္ခံလူ ေအာ္ရီရာကို ေလဗာကူဆင္ နဲ႔ အျပိဳင္ေခၚယူရန္ စိတ္၀င္စားလာတဲ့ ေအစီမီလန္အသင္း

ေအစီမီလန္အသင္းဟာ စပါးအသင္းရဲ႕ ညာေနာက္ခံလူ ေအာ္ရီရာကို ေခၚယူရန္ အျပင္းအထန္စိတ္၀င္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စီးရီးေအ ကလပ္အသင္းဟာ ညာေနာက္ခံလူ ကစားသမားကို ေပါင္ ၁၃.၅ သန္းနဲ႔ ကမ္းလွမ္းရန္ ရည္ရြယ္ထားေပမယ့္ စပါးအသင္းက အနည္းဆံုး ေပါင္ ၁၈ သန္းေလာက္ လိုခ်င္ေနတာ ျဖစ္ပါတယ္။

စကိုင္းစေပါ့က အဆုိအရ ေလဗာကူဆင္အသင္းကလည္း ေအာ္ရီရာကို စိတ္၀င္စားေနတာျဖစ္လို႔ ေအစီမီလန္အသင္းဟာ ျမန္ျမန္ဆန္ဆန္ ေဆြးေႏြးေတာ့မယ္လို႔ သိရပါတယ္။စပါးအသင္းဟာ ေအာ္ရီရာကို ၂၀၁၇ ခုႏွစ္က ပီအက္စ္ဂ်ီအသင္းကေန ေပါင္ ၂၃ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ျပီး သူ႔ရဲ႕ စာခ်ဳပ္သက္တမး္ဟာ ၂၀၂၂ ခုႏွစ္အထိ ျဖစ္ပါတယ္။

ေနာက္ခံလူဟာ ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ (၈) ပြဲပဲ ကစားခဲ့ရလို႔ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ကတည္းက အသင္းက ထြက္ခြာမယ္လို႔ သတင္းေတြ ထြက္ခဲ့ပါတယ္။သို႔ေသာ္လည္း အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ေမာ္ရင္ဟိုလက္ေအာက္မွာ ပံုမွန္ပြဲကစားခြင့္ရရွိလာျပီးအသင္းရဲ႕ ပထမပြဲထြက္ကစားသမားျဖစ္လာပါတယ္။

အိုင္ဗရီကိုစ့္လက္ေရြးစင္ကစားသမားဟာ စပါးအသင္းအတြက္ ျပိဳင္ပြဲစံု (၄၂) ပြဲကစားျပီး (၂) ဂိုးသြင္း (၈) ဂိုးဖန္တီးေပးထားပါတယ္။ ေမာ္ရင္ဟိုဟာ အေျပာင္းအေရႊ႕မွာ ေဟာ့ဂ်္ဘက္ခ်္ကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူထားတာျဖစ္ျပီး ေနာက္ထပ္ ေခၚယူရန္ အသံုးစရိတ္ လိုအပ္ေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း စပါးအသင္းဟာ ကိုင္လီေ၀ၚကာပီတာစ္ကို ေဆာက္သမ္တန္အသင္းထံ ေရာင္းခ်ခဲ့လို႔ ညာေနာက္ခံလူေနရာအတြက္ ေရြးခ်ယ္စရာ နည္းေနျပီလို႔ သိရပါတယ္။