အာဆင်နယ်နောက်ခံလူ မူစတာဖီကို ခေါ်ယူရန် ရည်ရွယ်ထားတဲ့ နာပိုလီအသင်း

နာပိုလီအသင်းဟာ အာဆင်နယ်နောက်ခံလူ မူစတာဖီ ကို အပြောင်းအရွှေ့ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။အသင်းက အဓိကနောက်ခံလူ ကူလီဘလီဟာ ဒီနွေရာသီမှာ နာပိုလီကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေလို့ နာပိုလီအသင်းဟာ အစားထိုးရန် ကစားသမားတစ်ယောက် ရှာဖွေနေတာဖြစ်ပါတယ်။

လီဂူး ၁ က ဂါဘရီရယ်ကို နာပိုလီအသင်းဟာ ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့သော်လည်း ဘရာဇီးကစားသမားဟာ အာဆင်နယ်ကို ပြောင်းရန် သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။သို့သော်လည်း သတင်းထောက် Ciro Venerato ရဲ့ အဆိုအရ ဂတ်တူဆိုဟာ လိုင်လီကစားသမားကို လက်လွှတ်ခဲ့ရပါက အာဆင်နယ်က မူစတာဖီကို ခေါ်ယူရန် သတ်မှတ်ထားတာဖြစ်ပါတယ်။

Ciro Venerato က “စက်တင်ဘာလ ၅ ရက်နေ့မရောက်ခင်အထိ ပြင်သစ်ကစားသမားက အီတလီကို စောင့်နေမှာပါ။ ပြောင်းရွှေ့ကြေးက ပေါင် ၂၂.၅ သန်းလောက်ဖြစ်ပါတယ်။ ကောင်လေးက အခြားအသင်းတစ်သင်းသင်းကိုလည်း ရွေးသွားနိုင်ပါတယ်။ တစ်ကယ်လို့ ဂါဘရီရယ်ကို မခေါ်နိုင်ခဲ့ရင် နာပိုလီက Plan B ကို ဆက်လုပ်သွားမှာပါ။ ဆိုကရေးတစ် နဲ့ မူစတာဖီ တို့ဖြစ်ပါတယ်” လို့ နာပိုလီရေဒီယိုအစီအစဉ်ကို ပြောသွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဆိုခရာ့တစ် နဲ့ တိုဒီဘို တို့အတွက် ကမ်းလှမ်းမှုများကို နားစွင့်နေပြီး မူစတာဖီကိုလည်း ပြောင်းရွှေ့ကြေးနဲနဲ နဲ့ လက်လွှတ်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

အာဆင္နယ္ေနာက္ခံလူ မူစတာဖီကို ေခၚယူရန္ ရည္႐ြယ္ထားတဲ့ နာပိုလီအသင္း

နာပိုလီအသင္းဟာ အာဆင္နယ္ေနာက္ခံလူ မူစတာဖီ ကို အေျပာင္းအေရႊ႕ပစ္မွတ္တစ္ခုအျဖစ္ သတ္မွတ္ထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။အသင္းက အဓိကေနာက္ခံလူ ကူလီဘလီဟာ ဒီေႏြရာသီမွာ နာပိုလီကေန ထြက္ခြာမယ္လို႔ သတင္းေတြ ထြက္ေပၚေနလို႔ နာပိုလီအသင္းဟာ အစားထိုးရန္ ကစားသမားတစ္ေယာက္ ရွာေဖြေနတာျဖစ္ပါတယ္။

လီဂူး ၁ က ဂါဘရီရယ္ကို နာပိုလီအသင္းဟာ ၾကိမ္ဖန္မ်ားစြာ ဆက္သြယ္ခဲ့ေသာ္လည္း ဘရာဇီးကစားသမားဟာ အာဆင္နယ္ကို ေျပာင္းရန္ သေဘာတူညီမႈ ရသြားျပီလို႔ သိရပါတယ္။သို႔ေသာ္လည္း သတင္းေထာက္ Ciro Venerato ရဲ႕ အဆိုအရ ဂတ္တူဆိုဟာ လိုင္လီကစားသမားကို လက္လႊတ္ခဲ့ရပါက အာဆင္နယ္က မူစတာဖီကို ေခၚယူရန္ သတ္မွတ္ထားတာျဖစ္ပါတယ္။

Ciro Venerato က “စက္တင္ဘာလ ၅ ရက္ေန႔မေရာက္ခင္အထိ ျပင္သစ္ကစားသမားက အီတလီကို ေစာင့္ေနမွာပါ။ ေျပာင္းေရႊ႕ေၾကးက ေပါင္ ၂၂.၅ သန္းေလာက္ျဖစ္ပါတယ္။ ေကာင္ေလးက အျခားအသင္းတစ္သင္းသင္းကိုလည္း ေရြးသြားႏိုင္ပါတယ္။ တစ္ကယ္လို႔ ဂါဘရီရယ္ကို မေခၚႏိုင္ခဲ့ရင္ နာပိုလီက Plan B ကို ဆက္လုပ္သြားမွာပါ။ ဆိုကေရးတစ္ နဲ႔ မူစတာဖီ တို႔ျဖစ္ပါတယ္” လို႔ နာပိုလီေရဒီယိုအစီအစဥ္ကို ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္ နဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ဆိုခရာ့တစ္ နဲ႔ တိုဒီဘို တို႔အတြက္ ကမ္းလွမ္းမႈမ်ားကို နားစြင့္ေနျပီး မူစတာဖီကိုလည္း ေျပာင္းေရႊ႕ေၾကးနဲဲနဲ နဲ႕ လက္လႊတ္ရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။