လာကာဇက်တီနဲ့ ဘာနာဒက်ချီကို အလဲအထပ်ပြုလုပ်ဖို့ အာဆင်နယ်အသင်း စီစဉ်နေတယ်လို့ သိရ

နွေရာသီအပြောင်းအရွှေ့မှာ အသင်းကိုပြောင်းလဲမှုတွေပြုလုပ်မယ်ဆိုပြီး ပြောထားတဲ့ အာဆင်နယ်နည်းပြ အာတီတာ အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး လာကာဇက်တီကို ဂျူဗင်တပ်အသင်းတောင်ပံကစားသမား ဘာနာဒက်ချီနဲ့ အလဲအထပ် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နည်းပြ အပြောင်းအလဲပြုလုပ်ထားတာကြောင့် ဂျူဗင်တပ်အသင်းနည်းပြသစ် ပီယာလိုက အသင်းကို ပြောင်းလဲမှု ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။


ဂျူဗင်တပ်အနေနဲ့ ဝုလ်ဗာဟမ်တန်တိုက်စစ်မှူး ဂျီမီနက်ဇ်ကို ဦးစားပေးခေါ်ယူလိုနေပေမယ့် ကစားသမားရဲ့ပြောင်းရွှေ့ ကြေးကြောင့် ခေါ်ယူဖို့ ခက်ခဲနေတာလို့ လာကာဇက်တီကို အလိုရှိနေတယ်လို့လည်း သိရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း လာကာဇက်တီကို အသင်းရဲ့ကစားပုံနဲ့ အံမဝင်ဘူးဆိုပြီး အသင်းကနေထုတ်ဖို့ လုပ်ဆောင်နေတာ ကြောင့် ကစားသမားအလဲအထပ်ဟာ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။


ဂျူဗင်တပ်အသင်းအနေနဲ့ ကစားသမားတွေရဲ့ လစာငွေကို လျော့ချဖို့ ရှိနေတာကြောင့် လစာများတဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့ ရှိနေတယ်လို့ သိရပြီး အဲ့ဒီထဲမှာ ဘာနာဒက်ချီလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဘာနာဒက်ချီကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်ကလည်း စိတ်ဝင်စားမှုရှိနေတာကြောင့် ဂျူဗင်တပ်မှာ ဆက်ရှိဖို့ဆိုတာ မသေချာတော့တဲ့ အနေအ ထားတွေမှာ ဖြစ်နေပါတယ်။


ဂျူဗင်တပ်အသင်းနည်းပြသစ် ပီယာလိုအနေနဲ့ အသင်းရဲ့တိုက်စစ်အတွက် လက်ရှိတိုက်စစ်မှူးတွေထဲမှာ စီရော်နယ်ဒို တစ်ယောက်ကိုပဲ ဆက်ထိန်းထားဖို့ ရှိနေပြီး ဒိုင်ဘာလာနဲ့ ဟီဂူအင်တို့ကို အသင်းပြောင်းရွှေ့ခွင့်ပြုထားတယ်လို့ သိရပါ တယ်။ပီယာလိုအနေနဲ့ အသင်းရဲ့တိုက်စစ်နေရာအတွက် ကစားသမား ၇ ဦးလောက်ကိုစောင့်ကြည့်နေပြီး မိုရာတာ၊ ဘင် ဇီမာ၊ ဒီဇီကို၊ မီလစ်ခ်၊ ဇာပါတာ၊ လာကာဇက်တီနဲ့ ဂျီမီနက်ဇ်တို့ကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

လာကာဇက္တီနဲ႔ ဘာနာဒက္ခ်ီကို အလဲအထပ္ျပဳလုပ္ဖို႔ အာဆင္နယ္အသင္း စီစဥ္ေနတယ္လို႔ သိရ
ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကိုေျပာင္းလဲမႈေတြျပဳလုပ္မယ္ဆိုၿပီး ေျပာထားတဲ့ အာဆင္နယ္နည္းျပ အာတီတာ အေနနဲ႔ အသင္းရဲ႕တိုက္စစ္မွဴး လာကာဇက္တီကို ဂ်ဴဗင္တပ္အသင္းေတာင္ပံကစားသမား ဘာနာဒက္ခ်ီနဲ႔ အလဲအထပ္ ျပဳလုပ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ နည္းျပ အေျပာင္းအလဲျပဳလုပ္ထားတာေၾကာင့္ ဂ်ဴဗင္တပ္အသင္းနည္းျပသစ္ ပီယာလိုုက အသင္းကို ေျပာင္းလဲမႈ ျပဳလုပ္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
ဂ်ဴဗင္တပ္အေနနဲ႔ ဝုလ္ဗာဟမ္တန္တိုက္စစ္မွဴး ဂ်ီမီနက္ဇ္ကို ဦးစားေပးေခၚယူလိုေနေပမယ့္ ကစားသမားရဲ႕ေျပာင္းေရႊ႕ ေၾကးေၾကာင့္ ေခၚယူဖို႔ ခက္ခဲေနတာလို႔ လာကာဇက္တီကို အလိုရွိေနတယ္လို႔လည္း သိရပါတယ္။ အာဆင္နယ္နည္းျပ အာတီတာကလည္း လာကာဇက္တီကို အသင္းရဲ႕ကစားပံုနဲ႔ အံမဝင္ဘူးဆိုၿပီး အသင္းကေနထုတ္ဖို႔ လုပ္ေဆာင္ေနတာ ေၾကာင့္ ကစားသမားအလဲအထပ္ဟာ ျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။
ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ကစားသမားေတြရဲ႕ လစာေငြကို ေလ်ာ့ခ်ဖို႔ ရွိေနတာေၾကာင့္ လစာမ်ားတဲ့ကစားသမားေတြကို ေရာင္းထုတ္ဖို႔ ရွိေနတယ္လို႔ သိရၿပီး အဲ့ဒီထဲမွာ ဘာနာဒက္ခ်ီလည္း ပါဝင္တယ္လို႔ သိရပါတယ္။ ဘာနာဒက္ခ်ီကို ေခၚယူဖို႔ အတြက္ ယူႏိုက္တက္ကလည္း စိတ္ဝင္စားမႈရွိေနတာေၾကာင့္ ဂ်ဴဗင္တပ္မွာ ဆက္ရွိဖို႔ဆိုတာ မေသခ်ာေတာ့တဲ့ အေနအ ထားေတြမွာ ျဖစ္ေနပါတယ္။
ဂ်ဴဗင္တပ္အသင္းနည္းျပသစ္ ပီယာလိုအေနနဲ႔ အသင္းရဲ႕တိုက္စစ္အတြက္ လက္ရွိတိုက္စစ္မွဴးေတြထဲမွာ စီေရာ္နယ္ဒို တစ္ေယာက္ကိုပဲ ဆက္ထိန္းထားဖို႔ ရွိေနၿပီး ဒိုင္ဘာလာနဲ႔ ဟီဂူအင္တို႔ကို အသင္းေျပာင္းေရႊ႕ခြင့္ျပဳထားတယ္လို႔ သိရပါ တယ္။ပီယာလိုအေနနဲ႔ အသင္းရဲ႕တိုက္စစ္ေနရာအတြက္ ကစားသမား ၇ ဦးေလာက္ကိုေစာင့္ၾကည့္ေနၿပီး မိုရာတာ၊ ဘင္ ဇီမာ၊ ဒီဇီကို၊ မီလစ္ခ္၊ ဇာပါတာ၊ လာကာဇက္တီနဲ႔ ဂ်ီမီနက္ဇ္တို႔ကို ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။