ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီး သီယာဂိုဆေးလ်ဗားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ နိုင်တော့မယ် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေပြီး ခံစစ်ပိုင်းအတွက် လက် စတာ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ကာလရှည်စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဘင်ချီဝဲလ်ရဲ့ အစောပိုင်းတုန်းက ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်သန်း ၈၀ ကျော်ရှိနေတာကြောင့် သူကိုခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ အခက်ကြုံနေရ တာဖြစ်ပြီး မန်စီးတီးကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။


Sportsmail ရဲ့ ဖော်ပြချက်အရ ဘင်ချီဝဲလ်ကိုခေါ်ယူဖို့အတွက် ချဲလ်ဆီးအနေနဲ့ အခြားအသင်းတွေထက်ပိုပြီး အားသာနေ တယ်လို့ သိရပါတယ်။ အခြားသတင်းတစ်ခုကတော့ ချဲလ်ဆီးအနေနဲ့ ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့နီးစပ်နေပြီး ကစားသမားကိုယ်တိုင်က ဆေးစစ်ဖို့အတွက် လန်ဒန်မြို့ကိုရောက်ရှိနေပြီလို့လည်း ဖော်ပြခဲ့ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူတွေဖြစ်တဲ့ အလွန်ဆိုနဲ့ အီမာဆင်တို့က အသင်းပြောင်းဖို့ရှိနေတဲ့အနေအထားတွေကြောင့် ဘင်ချီဝဲလ် အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် သေချာသလောက်ရှိနေပါတယ်။


လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ဘင်ချီဝဲလ်ကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး ရောင်းချခဲ့မယ်ဆိုရင်လည်း ယူနိုက်တက်ကို ရောင်းချခဲ့တဲ့ မက်ဂွိုင်းယားရဲ့တန်ကြေးလိုမျိုး ပေါင်သန်း ၈၀ ရမှ ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ဘင် ချီဝဲလ်ဟာ ခြေဖနောင့်ဒဏ်ရာကြောင့် လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ပွဲကို လွဲချော်ခဲ့ရသလို လက် စတာအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။


ချဲလ်ဆီးနဲ့ ဆက်စပ်တဲ့အခြားသတင်းတစ်ပုဒ်မှာတော့ ပီအက်စ်ဂျီအသင်းကနေ ထွက်ဖို့ရှိနေတဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားကို ချဲလ်ဆီးအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ် ရှိနေပေမယ့် သီယာဂိုဆေးလ်ဗားကိုခေါ်ယူဖို့အတွက် ဖီအိုရင်တီးနားကလည်း စိတ်ဝင်စားနေပြီး ချဲလ်ဆီးကတော့ ကစားသမားရဲ့အေးဂျင့်နဲ့ အပြောင်းအရွှေ့ကိစ္စအတွက် စကားပြောနေပြီလို့လည်း သိရပါတယ်။

zawgyi version

ဘင္ခ်ီဝဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူဖို႔ နီးစပ္ေနၿပီး သီယာဂိုေဆးလ္ဗားကိုလည္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူ ႏိုင္ေတာ့မယ္ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြျပဳလုပ္ေနၿပီး ခံစစ္ပိုင္းအတြက္ လက္ စတာ ဘယ္ေနာက္ခံလူ ဘင္ခ်ီဝဲလ္ကို ကာလရွည္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ ဘင္ခ်ီဝဲလ္ရဲ႕ အေစာပိုင္းတုန္းက ေျပာင္းေရႊ႕ေၾကးတန္ဖိုးက ေပါင္သန္း ၈၀ ေက်ာ္ရွိေနတာေၾကာင့္ သူကိုေခၚယူခ်င္တဲ့အသင္းေတြအေနနဲ႔ အခက္ၾကံဳေနရ တာျဖစ္ၿပီး မန္စီးတီးကလည္း ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္လို႔ သိရပါတယ္။
Sportsmail ရဲ႕ ေဖာ္ျပခ်က္အရ ဘင္ခ်ီဝဲလ္ကိုေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအေနနဲ႔ အျခားအသင္းေတြထက္ပိုၿပီး အားသာေန တယ္လို႔ သိရပါတယ္။ အျခားသတင္းတစ္ခုကေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ဘင္ခ်ီဝဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူဖို႔နီးစပ္ေနၿပီး ကစားသမားကိုယ္တိုင္က ေဆးစစ္ဖို႔အတြက္ လန္ဒန္ၿမိဳ႕ကိုေရာက္ရွိေနၿပီလို႔လည္း ေဖာ္ျပခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းရဲ႕ ဘယ္ေနာက္ခံလူေတြျဖစ္တဲ့ အလြန္ဆိုနဲ႔ အီမာဆင္တို႔က အသင္းေျပာင္းဖို႔ရွိေနတဲ့အေနအထားေတြေၾကာင့္ ဘင္ခ်ီဝဲလ္ အေနနဲ႔ ပြဲထြက္ခြင့္ရဖို႔အတြက္ ေသခ်ာသေလာက္ရွိေနပါတယ္။
လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက ဘင္ခ်ီဝဲလ္ကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ေျပာခဲ့ၿပီး ေရာင္းခ်ခဲ့မယ္ဆိုရင္လည္း ယူႏိုက္တက္ကို ေရာင္းခ်ခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕တန္ေၾကးလိုမ်ိဳး ေပါင္သန္း ၈၀ ရမွ ေရာင္းခ်မယ္လို႔ ေျပာခဲ့ပါတယ္။ဘင္ ခ်ီဝဲလ္ဟာ ေျခဖေနာင့္ဒဏ္ရာေၾကာင့္ လက္စတာအသင္းရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ပြဲကို လြဲေခ်ာ္ခဲ့ရသလို လက္ စတာအေနနဲ႔လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။
ခ်ဲလ္ဆီးနဲ႔ ဆက္စပ္တဲ့အျခားသတင္းတစ္ပုဒ္မွာေတာ့ ပီအက္စ္ဂ်ီအသင္းကေန ထြက္ဖို႔ရွိေနတဲ့ အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားကို ခ်ဲလ္ဆီးအေနနဲ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၃၅ ႏွစ္ ရွိေနေပမယ့္ သီယာဂိုေဆးလ္ဗားကိုေခၚယူဖို႔အတြက္ ဖီအိုရင္တီးနားကလည္း စိတ္ဝင္စားေနၿပီး ခ်ဲလ္ဆီးကေတာ့ ကစားသမားရဲ႕ေအးဂ်င့္နဲ႔ အေျပာင္းအေရႊ႕ကိစၥအတြက္ စကားေျပာေနၿပီလို႔လည္း သိရပါတယ္။