အဘူဒါဘီလေကြောင်းလိုင်းနဲ့ တစ်နှစ် ပေါင် ၆၇.၅ သန်းတန် စပွန်ဆာစာချုပ်ကို လာမယ့်ရာသီအကုန်မှာ ဆက်ပြီး ချုပ်ဆိုတော့မယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ အဘူဒါဘီလေကြောင်းလိုင်း အီတီဟတ်နဲ့ ၂၀၀၉ ခုနှစ်ကတည်းက ဂျာစီစပွန်ဆာသဘောတူ စာချုပ် ချုပ် ဆိုထားသလို ၂၀၁၁ ခုနှစ်မှာ မန်စီးတီးကွင်းရဲ့ အမည်ကို လေကြောင်းလိုင်းအမည်ဖြစ်တဲ့ အီတီဟတ်အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲသတ်မှတ်ပြီး ၁၀ နှစ်အကြာမှာ နောက်ထပ်စပွန်ဆာစာချုပ်သစ် တစ်ရပ်ကို ထပ်မံချုပ်ဆိုသွားဖို့ ရှိနေတာဖြစ်ပါတယ်။


Sportsmail ရဲ့ဖော်ပြချက်အရတော့ မန်စီးတီးအသင်းအနေနဲ့ အီတီဟတ်လေကြောင်းလိုင်းနဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ ကုန်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ကာလရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ အလိုရှိနေတယ် သိရပါ တယ်။ ဂျာမန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Der Spigel ရဲ့ဖော်ပြချက်ကြောင့် မန်စီးတီးအနေနဲ့ ဘဏ္ဍရေးမျှခြေစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ယူအီးအက်ဖ်အေရဲ့ ဥရောပပြိုင်ပွဲ ၂နှစ်ပယ်ပွဲပယ်ပြစ်ဒဏ်ကို ခံခဲ့ရပါတယ်။


မန်စီးတီးဟာ အားကစားဆိုင်ရာခုံးတရားရုံးချုပ်ကို အယူခံဝင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဥရောပပြိုင်ပွဲ ပိတ်ပင်ခံရမှု တွေကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး ဒဏ်ငွေပဲပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ် တွေအနေနဲ့ ကိုဗစ်ကြောင့် ဘဏ္ဍရေးအခက်အခဲတွေ ရှုပ်ထွေးနေတယ်လို့လည်း သိရပါတယ်။ မန်စီးတီးရဲ့မြို့ခံပြိုင်ဘက် ဖြစ်တဲ့ ယူနိုက်တက်ဆိုရင် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Chevrolet နဲ့ တစ်နှစ်က ပေါင် ၅၉ သန်းတန် စပွန်ဆာစာချုပ်ကို ကာလရှည် ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

Pep Guardiola (manchester city) FOOTBALL : Lyon vs Manchester City – Phase de groupes – Ligue des Champions – 27/11/2018 FredericChambert/Panoramic PUBLICATIONxNOTxINxFRAxITAxBEL

မန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် ဗလင်စီယာက ဖာရန်တောရက်စ်နဲ့ ဘုန်းမောက်က နသန်အကီတို့ကိုလည်း ခေါ်ယူထားပါတယ်။ နာပိုလီနောက်ခံလူဖြစ်တဲ့ ကူလီဘာလီကိုလည်း ခေါ်ယူဖို့ နီးစပ်နေတယ်လို့လည်း သိရပြီး အင်တာ မီလန်က လော်တာရိုမာတီနက်ဇ် ကိုလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။မန်စီးတီးနည်းပြ ဂွါဒီယို လာအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား၊ချန်ပီယံလိဂ်ဖလားတို့ကို မရခဲ့တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရ တယ်လို့လည်း သိရပါတယ်။

zawgyi version

အဘူဒါဘီေလေၾကာင္းလိုင္းနဲ႔ တစ္ႏွစ္ ေပါင္ ၆၇.၅ သန္းတန္ စပြန္ဆာစာခ်ဳပ္ကို လာမယ့္ရာသီအကုန္မွာ ဆက္ၿပီး ခ်ဳပ္ဆိုေတာ့မယ့္ မန္စီးတီး
မန္စီးတီးအသင္းဟာ အဘူဒါဘီေလေၾကာင္းလိုင္း အီတီဟတ္နဲ႔ ၂၀၀၉ ခုႏွစ္ကတည္းက ဂ်ာစီစပြန္ဆာသေဘာတူ စာခ်ဳပ္ ခ်ဳပ္ ဆိုထားသလို ၂၀၁၁ ခုႏွစ္မွာ မန္စီးတီးကြင္းရဲ႕ အမည္ကို ေလေၾကာင္းလိုင္းအမည္ျဖစ္တဲ့ အီတီဟတ္အျဖစ္ေျပာင္းလဲ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ ဒီလိုေျပာင္းလဲသတ္မွတ္ၿပီး ၁၀ ႏွစ္အၾကာမွာ ေနာက္ထပ္စပြန္ဆာစာခ်ဳပ္သစ္ တစ္ရပ္ကို ထပ္မံခ်ဳပ္ဆိုသြားဖို႔ ရွိေနတာျဖစ္ပါတယ္။
Sportsmail ရဲ႕ေဖာ္ျပခ်က္အရေတာ့ မန္စီးတီးအသင္းအေနနဲ႔ အီတီဟတ္ေလေၾကာင္းလိုင္းနဲ႔ ၂၀၂၀-၂၁ ေဘာလံုးရာသီ ကုန္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္ေပမယ့္ ကာလရွည္စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုသြားဖို႔ အလိုရွိေနတယ္ သိရပါ တယ္။ ဂ်ာမန္မဂၢဇင္းတစ္ေစာင္ျဖစ္တဲ့ Der Spigel ရဲ႕ေဖာ္ျပခ်က္ေၾကာင့္ မန္စီးတီးအေနနဲ႔ ဘ႑ေရးမွ်ေျခစည္းမ်ဥ္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ယူအီးအက္ဖ္ေအရဲ႕ ဥေရာပၿပိဳင္ပြဲ ၂ႏွစ္ပယ္ပြဲပယ္ျပစ္ဒဏ္ကို ခံခဲ့ရပါတယ္။
မန္စီးတီးဟာ အားကစားဆိုင္ရာခံုးတရားရံုးခ်ဳပ္ကို အယူခံဝင္ခဲ့တာေၾကာင့္ ေနာက္ဆံုးမွာေတာ့ ဥေရာပၿပိဳင္ပြဲ ပိတ္ပင္ခံရမႈ ေတြကေန ကင္းလြတ္ခြင့္ရခဲ့ၿပီး ဒဏ္ေငြပဲေပးေဆာင္ခဲ့ရတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ ေတြအေနနဲ႔ ကိုဗစ္ေၾကာင့္ ဘ႑ေရးအခက္အခဲေတြ ရႈပ္ေထြးေနတယ္လို႔လည္း သိရပါတယ္။ မန္စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ ျဖစ္တဲ့ ယူႏိုက္တက္ဆိုရင္ ကားကုမၸဏီတစ္ခုျဖစ္တဲ့ Chevrolet နဲ႔ တစ္ႏွစ္က ေပါင္ ၅၉ သန္းတန္ စပြန္ဆာစာခ်ဳပ္ကို ကာလရွည္ ခ်ဳပ္ဆိုထားတယ္လို႔ သိရပါတယ္။
မန္စီးတီးအသင္းဟာ လာမယ့္ရာသီအတြက္ ဗလင္စီယာက ဖာရန္ေတာရက္စ္နဲ႔ ဘုန္းေမာက္က နသန္အကီတို႔ကိုလည္း ေခၚယူထားပါတယ္။ နာပိုလီေနာက္ခံလူျဖစ္တဲ့ ကူလီဘာလီကိုလည္း ေခၚယူဖို႔ နီးစပ္ေနတယ္လို႔လည္း သိရၿပီး အင္တာ မီလန္က ေလာ္တာ႐ိုမာတီနက္ဇ္ ကိုလည္း ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။မန္စီးတီးနည္းျပ ဂြါဒီယို လာအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ဖလား၊ခ်န္ပီယံလိဂ္ဖလားတို႔ကို မရခဲ့တာေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရ တယ္လို႔လည္း သိရပါတယ္။